ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို တားမြစ်တဲ့ တခုထည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက သူတို့ရဲ့ တားမြစ်ချက်ကို ဒီလကုန်လောက်မှာ ဖယ်ရှားပစ်တော့မှာမို့ အခု အမျိုးသမီးတွေကို ကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော် မှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ သူ့ကိုထောက်ခံအားပေး နေကြတဲ့ ထောင်နဲ့ချီတဲ့ဖိလစ်ပိုင်အလုပ်သမားတွေရဲ့ရှေ့မှာ အိမ်ထောင်သည်အမျိုးသမီးတဦးရဲ့နှုတ်ခမ်းကို တနင်္ဂနွေ နေ့တုန်းက နမ်းခဲ့လို့ ဒေါသထွက်တဲ့သူကထွက် စစရာနောက်စရာအဖြစ်ပြောတဲ့သူကပြောနဲ့ ပွဲဆူသွားခဲ့ရပါတယ်။
ဂွာတီမာလာနိုင်ငံမြို့တော် ဂွာတီမာလာမြို့အနီးက မီးတောင်ပေါက်ကွဲပြီး အနီးနားမှာရှိတဲ့ ကျေးရွာတွေထဲ ချော်ရည်တွေ၊ ထူထပ်တဲ့ မီးခိုးတွေ၊ ပြာတွေ ဖုန်းလွှမ်းသွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ ဘေးအန္တရာယ် ကူညီ ကာကွယ်ရေးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ထိပ်တန်း စစ်ဘက်ခေါင်းဆောင် ၃ ဦးကို ရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း တောင်ကိုရီးယားအခြေစိုက် Yonhap သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ Tiananmen ရင်ပြင်မှာ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအတွင်း သေဆုံးသွားသူတွေနဲ့ ပျောက်ဆုံး၊ ဖမ်းဆီးခံထားရသူတွေရဲ့ စာရင်း အတိအကျကို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ Tiananmen အရေးအခင်းမှာ ကျဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက သူတို့ခံစားခဲ့ရတာတွေကို အသိမှတ်ပြုပေးဖို့နဲ့ ဇွန် ၄ ရက် အရေးအခင်းရဲ့ အရေးပါမှုကို ပြန်တိုင်းတာပေးဖို့ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့နီးလာချိန်မှာ သမ္မတ Xi Jinping ကို တိုက်တွန်းခဲ့ကြ ပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်အသင်းတွေရဲ့ တနင်္ဂနွေနေ့ ခြေစမ်းပွဲတွေမှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေ ထဲမှာပါတဲ့ အုပ်စု E က ဘရာဇီးလ်အသင်းက အုပ်စု D က ခရိုအေးရှားအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အီရန် နျူကလီယားအရေး နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်သွားတာဟာ တရားမဝင်ကြောင်းနဲ့ သဘောတူ ညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တခြားနိုင်ငံတွေလည်း အမေရိကန်လို မလုပ်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပန်ကြားလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်မှု တိုးချဲ့လာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ပြင်သစ်နဲ့ ဗြိတိန်က စစ်သင်္ဘောတွေ အဲဒီရေပြင်မှာ ခုတ်မောင်းသွားလာမယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေက တနင်္ဂနွေနေ့မှာ ပြောလိုက် ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့န ျူကလီယားအစီအစဉ်ကို ဖျက်သိမ်းရေး ခိုင်မာတဲ့လုပ်ရပ်တွေ လုပ်လာမှသာ၊ မြောက်ကိုရီယားအပေါ် နိုင်ငံတကာဒဏ်ခတ်အရေးယူမှုတွေကို ပြန်ရုပ်သိမ်းမှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက ပြည်နယ်နဲ့ တိုင်း ၃ ခုတို့က ပဋိပက္ခဒဏ်ခံရသူတွေ၊ ချို့တဲ့သူတွေနဲ့ အလုပ်အကိုင် မရှိတဲ့ မိသားစုတွေ အတွက် ကာတာလခြမ်းနီ အသင်းက ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း ကာတာအခြေစိုက် The Peninsula သတင်းက ဖော်ပြပါတယ်။
အမေရိကန် အဆင့်မြင့်နည်းပညာတွေ သင်ယူမယ့် တရုတ်ကျောင်းသားတွေ အတွက် ဇွန်လ ၁၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းကို တနှစ်ပဲ ပေးဖို့ အမေရိကန်က ကန့်သတ်တော့မှာ ဖြစ်ကြောင်း Trump အစိုးရအဖွဲ့ကပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ ထိပ်သီးအစည်းအဝေး လုပ်ဖို့အတွက် Kim Jong Un ရဲ့ ထိပ်တန်းလက်ထောက်နဲ့ ကြာသပတေးနေ့က နယူးယောက်မှာ ဆွေးနွေးတာတွေကနေ တကယ့်တိုးတက်မှုတွေ ရထားပြီလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်ပြီး ဆန်းစစ်နေတယ်လို့ ပါကစ္စတန်နိုင်ငံက ပြောလိုက်တာ ကြောင့် ဒါဟာ အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးလိုင်းတွေ ရပ်သွားတဲ့အခြေအနေကို ဦးတည် သွားစေနိုင်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်တွေရဲ့ အကူအညီနဲ့ အာဖဂန် နစ္စတန်မှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတာပါ။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) နဲ့ မြန်မာအစိုးရ တို့ကြား လက်မှတ်ရေးထိုးဖို့ရှိတဲ့ သဘောတူညီချက်ထဲမှာ ရခိုင်ပြည်နယ်ကို ဒီကုလသမဂ္ဂအဖွဲ့တွေ သွားရောက်ခွင့်ဆိုင်ရာ မူဘောင်တခုလည်း ပါမယ်လို့ UNDP ရဲ့ မေလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ တကျော့ပြန် ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို သီးခြားလွတ်လပ်တဲ့ ကော်မရှင်တခုဖွဲ့စည်း စုံစမ်းမယ့်အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးဖြစ်သူ Kim Yong Chol နဲ့ နယူးယောက်မြို့မှာ ဒီနေ့ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
အစ္စရေးနဲ့မြန်မာတို့ ပညာရေးပူးပေါင်းဆောင်ရွက်မှှုသဘောတူညီချက်တရပ်ကို တနင်္လာနေ့ကလက်မှတ်ရေးထိုးခဲ့ကြပါတယ်၊၊ ဒီသဘောတူညီချက်အရ holocaust လို့ခေါ်တဲ့ဂျူးလူမျိုးတွေကို နာဇီတွေ အဆိပ်ဓါတ်ငွေ့ပေးသတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ မတူကွဲပြားမှှုကိုလက်မခံတဲ့ကိစ္စ၊ လုမျိုးရေးခွဲခြားတဲ့ကိစ္စ၊ ဂျူးဆန့်ကျင်ရေးနဲ့ နိုင်ငံခြားသားကြောက်ရွံ့စိတ်၊ တို့ဟာမလိုလားအပ်တဲ့ဆိုးကျိူးတွေကိုဖြစ်ေစေတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ကျောင်းသင်ခန်းစာမှာ ထည့်သွင်းသွားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံ Haaretz သတင်းဌာနကဖော်ပြပါတယ်၊၊
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ဇွန်လ ၁၂ ကျင်းပဖို့ စီစဉ်နေတဲ့ ထိပ်သီး ဆွေးနွေးပွဲမတိုင်ခင် မြောက်ကိုရီးယားနိုင်ငံ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် အဓိကထားပြီး ကိုရီးယား ၂ နိုင်ငံကြားက ပန်မွန်ဂျုံစစ်မဲ့ဇုံ၊ စင်္ကာပူနဲ့ နယူးရောက်မြို့ တွေမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သမ္မတအိမ်ဖြူ အရာရှိတွေက ပြောပါတယ်။
ရုရှား အစိုးရကို ဝေဖန်သူ ရုရှား သတင်းစာ ဆရာ Arkady Babchenko မသေဘူးလို့ ယူကရိန်း လုံခြုံရေး ဌာန အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်