အမေရိကန် Starbucks ကုမ္ပဏီဟာ နိုင်ငံတဝှမ်းမှာရှိတဲ့ သူ့ရဲ့ဆိုင်ခွဲပေါင်း ၈၀၀၀ ကို အင်္ဂါနေ့က တရက်တာ ပိတ်ပစ်ခဲ့ပြီး Starbucks ကော်ဖီဆိုင်တွေမှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့အတွက် ဝန်ထမ်းပေါင်း တသိန်းခုနှစ်သောင်းငါးထောင်ကို လေးနာရီကြာ သင်တန်း ပေးခဲ့ပါတယ်။
တရုတ်ဘက်က ကန့်ကွက်မှုတွေ များလာပေမယ့်လည်း တောင်တရုတ် ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာ အမေရိကန် စစ်သဘောၤတွေ ဆက်ပြီး ခုတ်မောင်း သွားလာမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့တဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Ms. Virginia Gamba က မြန်မာနိုင်ငံတွင်းဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးသူငယ်တွေကို ထိရောက်စွာ အကာကွယ်ပေးဖို့ သူ့ခရီးစဉ်အပြီးမှာ တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကနေ မြန်မာနိုင်ငံအနောက်ဖက် အမ်းမြို့ကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပြီး နောက် ၁၂ နာရီအတွင်းမှာတော့ အားလျော့သွားမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က မလေးရှားနိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို အသွားလမ်းမှာပျောက်သွားတဲ့ မလေးရှားလေကြောင်းလိုင်း အမှတ်စဉ် MH370 ကိုရှာဖွေမှုရပ်ဆိုင်းလိုက်ပါပြီ။
အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တို့ ထိပ်သီးတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မြောက်ကိုရီးယားရဲ့ ထိပ်တန်း အရာရှိတဦး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်မယ်လို့ အမေရိကန် သမ္မတ Donald Trump က အတည်ပြုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုတိယ ဥက္ကဌ Kim Young Chol နယူးယောက်ကို လာနေပြီလို့ ဒီကနေ့ အင်္ဂါနေ့ မနက်မှာဘဲ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။
သတင်းအကျဉ်းချုပ် (၀၅-၂၉-၂၀၁၈)
Bangladesh နိုင်ငံမှာမူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှိမ်နင်းတဲ့ စီမံချက်ကို မေလမှာစတင်ခဲ့ထဲက ရဲတွေရဲ့ လက်ချက်နဲ့သေဆုံးခဲ့သူ ၈၆ ယောက်ထက်မနည်းရှိပြီး ၇ ထောင်ကျော် ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့က လူနေတိုက်ခန်းတခုရဲ့ ၄ ထပ် လသာဆောင်ကနေ ပြုတ်ကျလုနီးဖြစ်နေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ မာလီက တရားမဝင် ရွှေ့ပြောင်းအခြေချလာသူ အမျိုးသားတဦးကို "Spider-man" ပင့်ကူလူသား လို့ နာမည်ပေးပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာပဲ သမ္မတ Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြပါတယ်။
မလေးရှားနိုင်ငံမှာ Methamphetamine စိတ်ကြွဆေးပြားနဲ့ဘိန်း ၁.၂ တန် နီးပါးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးရမိတယ်လို့ မလေးရှား အကောက်ခွန် အရာရှိတွေက ဒီကနေ့ ပြောပါတယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကျဆုံး စစ်သည်တွေကို အောက်မေ့ဖွယ်နေ့ Memorial Day ဖြစ်တဲ့အတွက် ကျောင်းတွေ၊ရုံးတွေလည်းပိတ်ကြ၊ နွေရာသီအားလပ်ရက် အစပြုတဲ့ စနေ၊တနင်္ဂနွေ၊တနင်္လာ ၃ရက်ပိတ်တဲ့ ပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ကမ်းခြေတွေ ပန်းခြံတွေမှာ မိသားစုတွေနဲ့ ပြည့်နေကြပါတယ်။
သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့အကြား ဖြစ်လာနိုင်ခြေရှိတဲ့ ထိပ်သီး အစည်းအဝေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ တနင်္ဂနွေနေ့က ကိုရီးယားနှစ်နိုင်ငံ ကြား စစ်မဲ့ဇုံမှာ တွေ့ကြပါတယ်။
စနေနေ့က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ် မက်ဒရစ် နောက်တန်းလူ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်နဲ့ ဘောလုံး ယှဉ်လုရင်း ထိခိုက်ဒဏ်ရာရသွားတဲ့ လီဗာပူးလ်အသင်းက အီဂျစ် တိုက်စစ်မှူး မိုဟာမက်ဒ် ဆာလားက ကမ္ဘာ့ဖလားမှာ ကစား နိုင်ဖို့ ယုံကြည် စိတ်ချထားတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ အမေရိကန် သမ္မတ Donald Trump ကလုပ်ဆောင် နေချိန်မှာပဲ အမေရိကန် ရေတပ်သဘောၤကြီး ၂ စင်း တရုတ်အစိုးရပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်းတွေအနားမှာ ခုတ်မောင်း ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာရောက်နေတဲ့ Religions for Peace (RfP) အဖွဲ့က နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟာ မေလ ၂၇ ရက်နေ့က မောင်တောမြို့နယ်ကို သွားရောက်ပြီး နေရာအသီးသီးကို လှည့်လည်ကြည့်ရှုကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၆ ခုနှစ် နွေရာသီ ကတည်းက ထောင်ကျခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် Joshua Holt ပြန်လည် လွတ်မြောက်လာခဲ့ပြီး သူလွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးခဲ့ကြသူတွေကို အထူးဘဲ ကျေးဇူးတင်ပါကြောင်း မနေ့ စနေနေ့က အိမ်ဖြူတော်မှာ သမ္မတ Donald Trump ကို ပြောဆိုခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်လုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန်- မြောက်ကိုရီယားခေါင်းဆောင်နှစ်ဦး ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အမေရိကန်နဲ့တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ဖို့ မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un ကို တိုက်တွန်းခဲ့တယ်လို့ တောင်ကိုရီယားသမ္မတ Moon Jae-In က ပြောပါတယ်။
ဆီးရီးယားအတွက် နိုင်ငံရေးပြဿနာ အဖြေရှာရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခုကို ပြင်သစ်နဲ့ ရုရှားတို့က ဖန်တီးလိုတဲ့ ဆန္ဒရှိနေတယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး ကို သမ္မတ Donald Trump က ဖျက်လိုက်တဲ့အပေါ် စိတ်မကောင်းတဲ့အကြောင်း ကုလသမဂ္ဂနဲ့ ရုရှားတို့ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်