ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး ကို သမ္မတ Donald Trump က ဖျက်လိုက်တဲ့အပေါ် စိတ်မကောင်းတဲ့အကြောင်း ကုလသမဂ္ဂနဲ့ ရုရှားတို့ကပြောပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် နိုင်ငံတကာက အကူအညီတွေ ပိုပြီးပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်လည်းဖြစ်၊ အိန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကျော် မင်းသမီးတဦးလည်းဖြစ်တဲ့ Priyanka Chopra က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာစစ်သွေးကြွ အုပ်စုက ဟိန္ဒူဘာသာဝင် ၁၀၀ လောက် သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ အစီရင်ခံစာကို မြန်မာစစ်တပ်က ကြိုဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဇွန်လ ၁၂ ရက်နေ့ တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်သိမ်းလိုက်ကြောင်း ဒီကနေ့ပဲ သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံဖို့ စီစဉ်ထားနေချိန်မှာပဲ၊ နျူကလီးယား ကင်းစင်ရေး ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်တဲ့ အနေနဲ့ မြောက်ကိုရီးယားက Punggye-ri နျူကလီးယားစမ်းသပ်စခန်းကို ဒီနေ့ပဲ ပိတ်လိုက်ပါတယ်။
ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ မုဒိမ်းကျင့်ခံရမှုမှာ စစ်တပ်ရဲ့ တာဝန်ရှိမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကော်မတီက သတင်းအချက်အလက် တောင်းခံထားတဲ့ အပေါ် မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ Frotify Rights တို့က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ စင်္ကာပူမှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပဖြစ်မယ်၊ မကျင်းပဖြစ်ဖူး ဆိုတာကို နောက်သီတင်ပတ်ထဲမှာ သိရလိမ့်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို မြန်မာနိုင်ငံ ဗဟိုဘဏ်က တိုးမြှင့်လိုက်ပါတယ်။ အမေရိကန် ဒေါ်လာ တဒေါ်လာကို မြန်မာ ကျပ်ငွေ ၁၃၅၁ ကျပ် အဖြစ် အင်္ဂါနေ့က သတ်မှတ်လိုက်တယ်လို့ မြန်မာအစိုးရ သတင်းစာ Global New Light of Myanmar မှာ ဖေါ်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေဟာ မုတ်သုန်ရာသီအတွင်း မြေပြိုတဲ့ ဒဏ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာမို့ ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာမှုအဖွဲ့တွေရဲ့ အကူအညီကိုယူပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်တွေကို ဘေးကင်းရာ အမြန်ရွှေ့ပြောင်းပေးဖို့ Human Rights Watch လူ့အခွင့်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်စခန်း ဖျက်သိမ်းမှုကို လေ့လာဖို့ အတွက် တောင်ကိုရီးယား သတင်းထောက် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက နောက်ဆုံး အချိန်မှာ ကပ်ပြီး အတည်ပြုပေးလိုက်တာကြောင့် တောင်ကိုရီးယား သတင်းသမား ၈ ဦးတို့ မြောက်ကိုရီးယားကို ထွက်ခွာသွားပါပြီ။
တရုတ်နိုင်ငံ Guangzhou မြို့က အမေရိကန်အစိုးရ ဝန်ထမ်းတွေဟာ ညင်ညင်သာသာနဲ့ ခပ်တိုးတိုးကြားရတဲ့ ပုံမှန်မဟုတ်တဲ့ အသံကြောင့် ဝေဒနာတွေ ခံစားခဲ့ရကြောင်း မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံသားတွေ ကျန်းမာရေးအတွက် သတိထားကြဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ပဲ နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် သမ္မတအိမ်ဖြူရဲ့ အထိမ်းအမှတ် အထူးဒင်္ဂါးပြား ထုတ်မယ့်ကိစ္စဟာ မရေမရာဖြစ်နေပေမယ့် အမှတ်တရပစ္စည်း စုဆောင်းသူတွေ အတွက်ကတော့ စိတ်ကြိုက်ပစ္စည်း တခုဖြစ်နေတာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အသစ် Christine Schraner Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့က သတင်းထုတ်ပြန် ပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား ခေါင်းဆောင် Moon Jae-in တို့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲက စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာပါ့မလားဆိုတာနဲ့ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖို့ အခွင့်အလမ်းတွေ အပေါ် သံသယတွေ ထွက်ပေါ်နေချိန်မှာဘဲ ဒီကနေ့ ဆွေးနွေးပွဲ ဖြစ်လာတာပါ။
သတင်းအကျဉ်းချုပ် ၀၅.၂၂.၂၀၁၈
အီရန်နဲ့ နျူကလီးယား သဘောတူညီမှု တစုံရနိုင်ဖို့အတွက် ရနိုင်ဖို့ ခက်ခဲတဲ့ တောင်းဆိုချက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က တောင်းဆိုလိုက်ပြီးတော့ အီရန်အစိုးရဘက်က သူတို့အပြုအမူမပြောင်းဘူးဆိုရင် စီးပွားရေးကိုထိခိုက်မယ့် ဒဏ်ခတ်မှုတွေချမှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက်တွေရဲ့ အမှုမှာ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေ တနင်္လာနေ့က တင်ပြတဲ့ အထောက်အထားတွေကို တရားရုံးက လက်ခံမခံဆိုတာ ဒီကနေ့တရားသူကြီးက ဆုံးဖြတ်ဖို့ရှိနေပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ ဒီကနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro က နောက်ထပ်သမ္မတသက်တမ်း ၆ နှစ်အတွက် မမှန်ကန်တဲ့နည်းနဲ့ အနိုင်ရခဲ့တယ်လို့ပြောပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ ဒဏ်ခတ်မှုတွေတနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်အကြားက ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခတွေမှာ သဘောတူညီချက်တွေ ရလိုက်နိုင်ပြီဖြစ်ကြောင်း သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်