ဟာဝိုင်ယီပြည်နယ်၊ Big Island က အမျိုးသားတဦးဟာ သူ့အိမ်ရှေ့ လသာဆောင်မှာရပ်နေရင်း Kilauea မီးတောင် ပေါက်ကွဲပြီး ထွက်လာတဲ့ ချော်ရည်ပူအစက် ထိမှန်ပြီးတော့ အပြင်းအထန် ဒဏ်ရာရသွားပါတယ်။ ဒါဟာဖြင့် မေလ ၃ ရက်နေ့ကတည်းကစပြီး မီးတောင်ပေါက်ကွဲနေတာကနေ ပထမဆုံးသိရတဲ့ ထိခိုက်ဒဏ်ရာရမှုပါ။
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ စီစဉ်ထားတဲ့အတိုင်းဖြစ်အောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ဆွေးနွေးကြပါတယ်။
ဥရောပကုမ္ပဏီအများအပြားက သူတို့ရဲ့ အီရန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နျူကလီးယားအရေး ၂၀၁၅ ခုနှစ်၊ နိုင်ငံတကာသဘောတူညီချက် ဆက်တည်တံ့နေဖို့ ဥရောပရဲ့ နိုင်ငံရေးအရ ထောက်ခံမှုဟာ လုံလောက်မှာမဟုတ် ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ ဒီသဘောတူညီချက်ကနေ အမေရိကန် ပြည်ထောင်စုက နုတ်ထွက်ထားတာပါ။
ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခွင့်အရေးကို အာမခံချက်ပေးဖို့နဲ့ နိုင်ငံကနေထွက်ပြေးသွားသူ ထောင်ပေါင်းများစွာ ပြန်လာရေး အားတက်စေဖို့ရာ စစ်မှန်တဲ့ စိတ်ရင်းစေတနာကို ပြသဖို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ အကြီးအကဲက မြန်မာအစိုးရကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ်က ကီလာဝေးမီးတောင်ကနေ စီးထွက်လာတဲ့ ချော်ရည်တွေကြောင့် အရေးပါတဲ့ အဝေးပြေး လမ်းမကြီး ပိတ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Sante Fe အထက်တန်းကျောင်းမှာ လူစုလူဝေးတွင်း ပစ်ခတ်မှုကြောင့် အများစု ကျောင်းသားတွေ အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၃ ဦးထိ ရှိလာကြောင်း အာဏာပိုင်တို့ ပြောဆိုထားတာနဲ့ အတူ Santa Fe လူမှုအသိုင်းအဝိုင်းကြားမှာ ဝမ်းနည်းကြေကွဲ နေကြပါတယ်။
မြောက်ကိုရီးယား နျှူကလီးယား ကန်နဲ့ဆွေးနွေးပွဲ ဖြစ်ပါ့မလား၊ ကချင်ရှမ်းစစ်ပွဲ စစ်ရှောင်တွေအတွက် အကူအညီရောက်ပို့လို၊ ဒီလိုထိပ်တန်းကမ္ဘာ့သတင်းတွေ၊ HIV/AIDS ကာကွယ်ရေးအဖွဲ့တွေ ရံပုံငွေဘယ်လိုရှာ၊ မကြေးမုံရဲ့အင်္ဂလိပ်စာသင်ခန်းစာနဲ့ သက်တံရောင်သတင်းလွှာကို မေ ၁၉ စနေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗြိတိန်နိုင်ငံ Windsor မြို့မှာ ဒီကနေ့ စနေနေ့ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲအတွက် ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ မိသားစုတွေ တဖွဲဖွဲရောက်ရှိနေကြပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကလေးမွေးဖွားနှုန်းဟာ နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံး အခြေနေရောက်နေပြီလို့ အမေရိကန် ဆေးဘက် ဆိုင်ရာ သုတေသနတရပ်မှာ တွေ့ရပါတယ်။
ဟာဝိုင်ယီကျွန်း၊ Kilauea မီးတောင်ဝကနေ ပေါက်ကွဲမှုတခုဖြစ်ထားပြီး ကောင်းကင်ပေါ် မီတာ ထောင်ပေါင်းများစွာအမြင့်ထိ ပြာမှုန်ထုကြီး တက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားက နျူကလီယားလက်နက်စွန့်လွှတ်ဖို့ သဘောတူခဲ့ရင် Kim မိသားစုအုပ်ချုပ်ရေး ဆက်ပြီးမြဲစေရမယ်လို့ သူကတိပေးတဲ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာလည်း သိပ်ကို ကြွယ်ဝ ချမ်းသာလာမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် ဒုဝန်ကြီးချုပ် Liu He တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတ အိမ်ဖြူက အတည်ပြုချက်ထွက် လာခဲ့တဲ့ နောက်ပိုင်းမှာ ကြာသပတေးနေ့ကတော့ သမ္မတ Trump က တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ခက်ခဲတဲ့ညှိနှိုင်းမှုတွေမှာ ပါဝင်လာ ခဲ့ပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ရဲ့ ပထမဆုံး အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် Gina Haspel ကိုခန့်ထားဖို့ အမေရိကန် အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ အတည်ပြုပေးလိုက်ပါပြီ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် အခြေခံလူ့အခွင့်အရေးကိုတောင်မှ မပေးဘဲ ငြင်းပယ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ကြာနေပြီ လို့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Ed Royce ကပြောပါတယ် ။ Burma Act 2018 ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ကြာသပတေးနေ့မှာ အတည်ပြု ကြောင်း ကြေညာတဲ့အချိန်အတွင်း Ed Royce က အဲဒီလိုပြောသွားတာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ ဖျက်သိမ်းဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ တွေ့ဆုံမယ့် အစီအစဉ်ကိုဖျက်ဖို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပြီး နောက်မှာပဲ ထိပ်သီးတွေ့ဆုံပွဲ ဖြစ်မြောက်ရေး တောင်ကိုရီးယားက ကြိုးပမ်းနေပါတယ်။
ဂါဇာဒေသမှာ ဒီကနေ့ အနည်းဆုံး ဗုံး ၅ လုံးပေါက်ကွဲခဲ့ပါတယ်။
ကချင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ချက်ချင်းရပ်တန့်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ပဋိပက္ခဒေသတွေက အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့ အတွက် တိုက်ပွဲတွေနဲ့ ထိုးစစ်တွေကို ချက်ချင်းရပ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက မေလ (၁၆) နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ နျူကလီယားလက်နက် အစီစဉ်တွေ ဖျက်သိမ်းဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ဘက်က ပြင်းထန်တဲ့ပြောကြားချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ ရှေ့လထဲတွေ့ဆုံဖို့ စီစဉ်ထားတာ အတွက် ဖြစ်လာမလာ စောင့်ကြည့်ရမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ အိမ်ကို မလေးရှားရဲတွေက ဝင်ရောက်စီးနင်းပြီး နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု အရှုပ်တော်ပုံကို အသစ်ပြန်လည် စုံစမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် စာရွက်စာတမ်းတွေ ရှာဖွေခဲ့တယ်လို့ ယူဆရပါတယ်။
မလေးရှား အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် Anwar Ibrahim ဟာ ၃ နှစ်ကြာ ထောင်ဒဏ် ကျခံခဲ့ရပြီးနောက် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Anwar ဟာ ပုခုံးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေတဲ့ Kuala Lumpur ဆေးရုံကနေ ဒီကနေ့ပဲ ထွက်ခွာလာခဲ့ပြီးနောက် မလေးရှားဘုရင် ပဉ္စမမြောက် Sultan Muhammad နဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်