အစ္စရေးနဲ့ ဂါဇာ နယ်စပ်က ဆန္ဒပြသူတွေနဲ့ အစ္စရေးလ် တပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ်ဖြစ်မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေထဲက ပထမ အသုတ် အသုဘ အခမ်းအနားကို မနေ့ အင်္ဂါနေ့က ဂါဇာမှာ ပြုလုပ်တာမှာတော့ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်း ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
AirAsia လေကြောင်းလိုင်းက မြန်မာနိုင်ငံက လေကြောင်းကုမ္ပဏီတခုနဲ့ပေါင်းပြီး ပြည်တွင်းမှာ လေကြောင်းလိုင်းတခုတည်ထောင်ဖို့ ဆွေးနွေးမှုတွေ ရပ်သွားပြီလို့ AirAsia ကုမ္ပဏီအကြီးအကဲ Tony Fernandes ကပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ Chongqing မြို့ကနေ တိဘက်နိုင်ငံ Lhasa မြို့ကိုသွားတဲ့ Sichuan လေကြောင်းလိုင်း လေယာဉ်တစင်းရဲ့ လေယာဉ်မှူးအခန်းက ရှေ့ပြူတင်းမှန်တခုလုံး ကွဲထွက်သွားတဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ Kim Jong Un တို့ရဲ့ လာမယ့် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ကံကြမ္မာအတွက် အမေရိကန်ဘက်က သတိနဲ့လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားရင်း ဗုဒ္ဓဟူးနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေကို မြောက်ကိုရီးယားက ပယ်ဖျက်လိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ၅ နှစ်ကြာအတွင်း ပြန်ဖြစ်လာတဲ့ တင်းမာမှု တွေကို ဆွေးနွေးဖို့ ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ အရေးပေါ်အစည်းအဝေး ခေါ်ယူ ကျင်းပနေပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ် Big Island မှာ ကီလာဝေး မီးတောင် ဆက်လက် ပေါက်ကွဲနေပြီး အက်ကွဲကြောင်း အသစ် ထပ်ထွက်လာပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး ဖြစ်တဲ့ Lanipuna Gardens အရပ်မှာ မနေ့ တနလာၤနေ့က ၁၉ ခုမြောက် အက်ကွဲကြောင်းကြီး ပေါ်လာတာပါ။
သတင်းအကျဉ်းချုပ် (၀၅-၁၅-၂၀၁၈)
ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်တွေဟာ မေလ ၁၇ ရက်နေ့မှာ ဒါကာမြို့တော်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
Jerusalem မှာ အမေရိကန်သံရုံးအသစ်ဖွင့်လှစ်တာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ဂါဇာဒေသမှာ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး သူတို့တတွေနဲ့ အစ္စရေးရဲတွေကြား ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူပေါင်း ၅၀ ကျော်သေဆုံးပြီး လူ ၂၀၀၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော် Surabaya မှာ လူငါးဦးပါတဲ့မိသားစုတခုက ရဲဌာနချုပ်တခုကို တနင်္လာနေ့ တုန်းက အသေခံဗုံးခွဲတိုက်ခိုက်မှုတခုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာပြသတဲ့ရုပ်ပုံတွေထဲမှာတော့ ပေါက်ကွဲမှုမဖြစ်ခင် စစ်ဆေးရေးဂိတ်တခု အပေါ်ကို မော်တော်ဆိုင်ကယ်၂ဆီးတက်လာတာကိုမြင်ရပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ TNLA တအောင်းပလောင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား အခုတလော ဖြစ်ပွါး နေတဲ့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ သေနတ်ကျည်ဆံတွေကြောင့် သေဆုံးခဲ့ရတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား၂ဦးပါဝင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောလိုက်ပါတယ်။
တရုတ်နိုင်ငံတွင်းမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ လေယာဉ်တင်း သဘောၤကို ပင်လယ်ပြင် လုပ်ငန်းတွေ စတင် စမ်းသပ်နေပါတယ်။ Dalian မြောက်ပိုင်း ဆိပ်ကမ်းကနေ မနေ့ တနင်္ဂနွေနေ့ အစောပိုင်းက နာမည်မပေးရသေးတဲ့ လေယာဉ်တင် သဘောၤ ခုတ်မောင်းသွားတာကို တရုတ်နိုင်ငံပိုင် ရုပ်သံမှာ တွေ့မြင်ရပါတယ်။
အစ္စရေးနိုင်ငံမှာရှိတဲ့ သံရုံးကို Tel Aviv ကနေ Jerusalem မြို့ကို အမေရိကန်ပြည်ထောင်စုက တရားဝင် ပြောင်းရွေ့ ဖွင့်လှစ်လိုက်ပါပြီ။ ဒီလို ဒီကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြကြသူတွေကို အစ္စရေးက အကြမ်းဖက် နှိပ်နင်းခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး လူ ၃၇ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ရာနဲ့ချီရှိနေတဲ့ကြားဘဲ သံရုံးကို ပြောင်းရွေ့လိုက်တာပါ။
တရုတ် မြန်မာနယ်စပ်မှာ ပြန်လည်ငြိမ်းချမ်းလာစေဖို့ ၂ နိုင်ငံလုံးက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်စေဖို့နဲ့ နောက်ထပ် ထိခိုက်သေဆုံးမှုတွေ မရှိစေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဖက်က ကျည်တချို့လည်း တရုတ်နိုင်ငံဖက်ကို ကျရောက်လာတယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နေ့စဉ်ထုတ်ဝေတဲ့ Dhaka Tribune သတင်းစာရဲ့ မေလ ၁၁ ရက်နေ့က အယ်ဒီတာ့အာဘော်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရေးသားဖော်ပြချက်တွေဟာ မမှန်ကန်ကြောင်း Bangladesh ဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်ခဲ့ပါတယ်။
USAID အုပ်ချုပ်ရေးမှူး Mark Green ဟာ မြန်မာနိုင်ငံကို မေလ ၁၇ ရက် ကြာသပတေးနေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက Nuclear လက်နက်ဖျက်သိမ်းရေးကို အပြည့်အဝသဘောတူမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား အစိုးရအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ပြင်ဆင်ထားသလို အမေရိကန်ပုဂ္ဂလိကကုမ္ပဏီကို မဟာဓါတ်အားပေးလိုင်းဆောက်ဖို့ ခွင့်ပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားခဲ့ပါတယ်။
ဂျေရုဆလင်မြို့မှာ အမေရိကန်သံရုံး ဖွင့်ပွဲမတိုင်ခင်မှာပဲ အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka နဲ့ သူ့ခင်ပွန်း Jared Kushner တို့ဟာ အစ္စရေးကို ရောက်နေပြီဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့မှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့တဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို ဆယ်ကျော်သက်တွေ၊ ကလေးငယ်တွေ ပါတဲ့ မိသားစု တခုက လုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးတဦးကို အဂတိလိုက်စားမှုစွဲချက်နဲ့ စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စစ်ဆေးရေးအဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှု ၁၈ မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက်ထွက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်