ဆိုမာလီယာ လုံခြုံရေးတပ်ဖွဲ့တွေ ကျောထောက်နောက်ခံပေးထားတဲ့ ရွာသားတွေနဲ့ al-Shabab စစ်သွေးကြတွေရဲ့တိုက်ပွဲအတွင်း စစ်သွေးကြွ ၁၃ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေနဲ့ အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့လယ်မှာ ဓါးနဲ့ တိုက်ခိုက်သူဟာ အစွန်းရောက် လှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့ သတင်းဌာနက ပြောဆိုလိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ အစွန်းရောက်အဖွဲ့တွေကို ချေမှုန်းနေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ IS အဖွဲ့ရဲ့ လှုံ့ဆော်စည်းရုံးမှုကြောင့် အခုလို တိုက်ခိုက်တာလို့ အကြမ်းဖက်တွေရဲ့ Aamaq သတင်းဌာနက ဒီကနေ့ မနက်အစောပိုင်းမှာပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း အပြစ်မဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ပြစ်တင်ရှုတ်ချကြောင်းနဲ့ အထူး ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နူးကလီးယားစမ်းသပ်ရေး စခန်းတွေ ဖျက်သိမ်းသွားမယ်လို့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း ရာသီဥတုအပေါ်မူတည်ပြီးလာမယ့် မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ နူးကလီယားစမ်းသပ်ရေးစခန်းတွေကို ဖျက်သိမ်းမယ်လို့ ကြေငြာပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇာတ် နဲ့ သူဇနီးကို တိုင်းပြည်အတွင်းက ထွက်ခွာခွင့် သူကပိတ်ပင်လိုက်တာလို့ မလေးရှားဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက် က ပြောပါတယ်။ သူတို့ ၂ ယောက်ကို အမည်မည်း စာရင်းထဲ ထည့်သွင်းလိုက်ပြီး ခရီးသွားခွင့် ကို ပိတ်ပင်လိုက်တာလို့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးက အတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ Reuters သတင်းထောက် ၂ ယောက် ဖမ်းဆီးတရားစွဲခံထားရတာနဲ့ပါတ်သက်လို့ သူတို့ဟာ ပြစ်မှု မမြောက်ဘဲ ဖမ်းဆီးခံရတာဖြစ်တယ်လို့ NLD ပါတီဗလိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ကျရင် ဂျေရုဆလင်မြို့မှာ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဖွင့်လှစ်ဖို့ရှိတာနဲ့ တပြိုင်နက်ထဲမှာပဲ ဒေသတွင်းမှာ သံရုံးဖွင့်ပွဲနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊၊
မလေးရှားနိုင်ငံမှာ Mahathir Mohamad ဦးဆောင်တဲ့ ၄ ပါတီညွန့်ပေါင်းမဟာမိတ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အပေါ် ထောင်ချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကအင်မတန် ဝမ်းသာနေတယ်လို့ သူ့ရဲ့ People's Justice Party ကပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက Pakistan သံတမန်တွေအပေါ် ခရီးသွားကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် Pakistan ကလည်း အမေရိကန် သံတမန်တွေအပေါ် ခရီးသွားကန့်သတ်ချက် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်သစ် Mahathir Mohamad က ရွေးကောက်ပွဲကာလတွေအတွင်း သူပေးထားခဲ့တဲ့ ကတိအတိုင်း အတိုက်အခံခေါင်းဆောင် Anwar Ibrahim လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာရောက်နေတဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံလုပ် “ယာဘ” စိတ်ကြွဆေးပြား ဆယ်သန်းနဲ့ တရုတ်တံဆိပ်တပ် လက်ဘက်ခြောက်ထုပ်တွေထဲမှာ ဖွက်ပြီးထည့်လာတဲ့ Crystal Meth စိတ်ကြွဆေး အလေးချိန်တန် တဝက်နီးပါးကို ဘန်ကောက်မြို့က ကားတန်း တခုထဲမှာ ဖမ်းဆီးမိလိုက်တယ်လို့ ထိုင်းရဲတို့က ဒီကနေ့ပြောပါတယ်။
ကြာသပတေးနေ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဝက်စ်ဟမ်းမ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ပွဲမှာ ဂိုးမရှိ သရေကျသွားပါတယ်။ မန်ယူ အသင်းဟာ ဒီပွဲမှာ သရေကျပြီးတဲ့နောက် အဆင့် ၁ မန်စီးတီးအသင်းနဲ့ ပွဲအရေအတွက်တူ ၁၉ မှတ် ကွာသွားပါပြီ။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနဲ့ ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ထိပ်သီးတွေ့ဆုံမယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ကင်ညာနိုင်ငံ Rift မြစ်ဝှမ်းမှာ မနေ့ညပိုင်းက ရေကာတာတခု ကျိုးပေါက်ရာက လူ ၂၇ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
မြောက်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် ဒီနေ့ကြာသပတေးနေ့ မနက်ပိုင်းက အမေရိကန်ကို ပြန်ရောက်လာချိန်မှာ သမ္မတ Donald Trump သွားရောက်ကြိုဆိုခဲ့ပြီး၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ခြေလှမ်းသစ်တွေ စတင်ပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေရွေးကောက်ပွဲမှာ အသက် (၉၂)နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad ပြန်ပြီး အနိုင်ရရှိသွားတဲ့အတွက် ကမ္ဘာက အံသြသင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၃ ဦး ပြန်လည်လွတ်မြောက်လာပြီး၊ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့အတူ အမေရိကန်ကို ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump ကပြောဆိုလိုက်ပါတယ်။
လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ Nuclear နဲ့ ဒုံးလက်နက်အစီအစဉ်တွေကို ထာဝရ မဖျက်သိမ်းသရွေ့ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ဆက်ထားရှိဖို့ သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ အင်္ဂါနေ့က သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်