ရိုဟင်ဂျာမူဆလင်တွေအပေါ် လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မြန်မာကို နိုင်ငံတကာ ပြစ်မှုတရားရုံး ICC ကို အမြန်ဆုံး တင်ပြဖို့ လူ့အခွင့်အရေးအဖွဲ့ ၄ ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် (University of South Florida) တောင်ဖလော်ရီဒါတက္ကသိုလ်မှာ ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသားတဦး သေနတ်နဲ့အပစ်ခံရလို့သေဆုံးခဲ့ပါတယ်။
English League Championship အသင်း Leeds United F.C. ဘောလုံးအသင်း မြန်မာနိုင်ငံကို ခြေစမ်းပွဲခရီးစဉ် ရောက်ရှိလာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ချစ်ကြည်ရေးပွဲတွေ ကစားဖို့ စီစဉ်ထားတဲ့အကြောင်း Leeds United နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ပြောဆိုထားပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ တနလာၤနဲ့ အင်္ဂါ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး South China Mornign Post မှာ ဖော်ပြပြီး နာရီပိုင်း အတွင်းမှာဘဲ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင် နှစ်ဦးကြား တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးဖို့ ဖြစ်လာတာပါ။
သတင်းအကျဉ်းချုပ် ၀၅.၀၈.၂၀၁၈
အီရန်နျူးကလီးယားအရေးနိုင်ငံတကာသဘောတူညီချက်မှာအမေရိကန်ဆက်ပါမပါသမ္မတ Donald Trump ဒီကနေ့ ကြေညာဖို့ရှိ၊ CIA ညွှန်ကြားရေးမှူးအဖြစ် Gina Haspel ဟာ အသင့်တော်ဆုံးလို့သမ္မတအိမ်ဖြူတော်က ကာကွယ်ပြောဆို၊ ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်းကတောထဲတိမ်းရှောင်သွားတဲ့ဒုက္ခသည် ၂ ထောင်လောက်နဲ့ အဆက်အသွယ်ပြတ်တောက်နေ၊ စသည်
အီရန်နဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက် ကနေ အမေရိကန်က ခွဲထွက်မလား အီရန်ကိုအရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်မလားဆိုတဲ့ကိစ္စတွေကို အမေရိကန်သမ္မတ Donald Trump က ဒီကနေ့ကြေညာမယ်လို့ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးကိစ္စက အမေရိကန်နိုင်ငံရေးမှာ လူစိတ်ဝင်စားမှုများတဲ့ကိစ္စတခုအဖြစ်ဆက်ပြီးရှိနေတုန်းပါပဲ။ နိုဝင်ဘာလကျရင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားဝင်နေထိုင်ခွင့်တွေကို ကန့်သတ်မှုတွေလုပ်ဖို့ အမေရိကန်ပြည်သူအများစုက ထောက်ခံမဲပေးကြမယ့်သဘောတွေ လူထုစစ်တမ်းတွေမှာ မြင်နေရပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ်မှာ သောကြာနေ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကလေး တဦးကို အဓမ္မပြုကျင့်ပြီး မီးနဲ့ပါတင်ရှို့ခဲ့တဲ့အတွက် သူ့ခန္ဓာ ကိုယ် ထက်ဝက်ကျော်မှာ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပြီး အသက်မသေအောင် အပြင်းအထန် လုံးပန်းနေရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်
လက်ဘနွန်နိုင်ငံမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ တနင်္လာနေ့က ထွက်လာတဲ့ တရားဝင်မဟုတ်တဲ့ ရလဒ်တွေအရ အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့ဟာ လွှတ်တော်အမတ်နေရာတွေ အရင်ကထက်ပိုပြီး အနိုင်ရနေပြီး လက်ရှိ ဝန်ကြီးချုပ် Saad Hariri ရဲ့ ပါတီကတော့ လက်ရှိထက် အမတ်နေရာ အနိုင်ရမှု နည်းနေတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံမှာ သမ္မတ၊ သို့မဟုတ် ဝန်ကြီးချုပ် ရာထူးတွေကို ၁၉၉၉ ခုနှစ်ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ Vladimir Putin ဟာ ကရင်မလင် နန်းတော်အတွင်းက လှပစွာ ပြင်ဆင်ထားတဲ့ Andreyevsky ခမ်းမဆောင်မှာ ရွှေနဲ့ကွပ်ထားတဲ့ ဖွဲ့စည်းပုံစာအုပ်ကို ကိုင်ပြီး ၄ ကြိမ်မြောက် သမ္မတအဖြစ် ဒီကနေ့ တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။
မလေးရှားနိုင်ငံမှာ မေလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့လုပ်မယ့် အထွေထွေရွေးကောက်ပွဲတွေမှာ တချိန်က ရန်ဘက်တွေဖြစ်ကြတဲ့ ဝန်ကြီး ချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်နဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim တို့ ဦးဆောင်တဲ့ပါတီတွေအပါအဝင် အတိုက်အခံပါတီတွေပေါင်းပြီး ညွန့်ပေါင်းပါတီတရပ်အဖြစ် ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ဖို့ ကမ်းလှမ်းတာကို အားနည်းတဲ့လက္ခဏာတခုအဖြစ် မှားယွင်း သတ်မှတ်တာမျိုး မလုပ်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။ သမ္မတ Donald Trump နဲ့ Kim Jong Un တို့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ ရှိနေချိန် မှာပဲ အခုလို သတိပေးလိုက်တာပါ။
အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်း ဒေသက မဲဆန္ဒရှင် စာရင်းပေးသွင်းရာ စင်တာ အဖြစ် အသုံးပြုနေတဲ့ လူစည်ကားရာ ဗလီဝတ်ကျောင်းမှာ အင်းအားပြင်းဗုံး ပေါက်ကွဲခဲ့တာကြောင့် ဘုရားဝတ်ပြုသူ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံ မြောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံသား အများစု ပါတဲ့ အင်ဂျင်နီယာ ၇ ဦးကို ဘယ်သူတွေမှန်း မသိရတဲ့ သေနတ်သမားတွေ ပြန်ပေးဆွဲပြီး နာရီပိုင်း အကြာမှာဘဲ နိုင်ငံတောင်ပိုင်းမှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်နဲ့ နိုင်ငံတကာသဘောတူညီချက်ကနေ နုတ်ထွက်သွားမယ်ဆိုရင်၊ နောက်မှာ ဒီ ဆုံးဖြတ်ချက်အပေါ် နောင်တရစရာဖြစ်လာလိမ့်မယ်လို့ အီရန်သမ္မတက တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။
ဒေသတွင်း တည်ငြိမ်ရေး အပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို အရေးယူ ဆောင်ရွက်ဖု့ိ လိုအပ်ချက်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် Yang Jiechi တို့ သဘောတူခဲ့ကြပါတယ်။
ကုန်သွယ်ရေးပိုင်းကို တရုတ်နိုင်ငံနဲ့ ပြန်လည် ညှိနှိုင်းဖို့လိုတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ တရုတ်နိုင်ငံအပေါ် သူလေးစားတယ်ဆိုတာကို ပြောဆိုရင်းနဲ့ တရုတ်နဲ့ လက်ရှိ စေ့စပ်ညှိနှိုင်းနေတာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က ပြောသွားတာပါ။
ကျမတို့ အဓိက ဆန္ဒထုတ်ဖေါ်ရတဲ့ အဓိက အကြောင်းအရာကလည်း ကချင်ပြည်နယ်မှာ အခုဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ တသားတည်းရှိတယ်ဆိုတာ ဖေါ်ပြချင်တာလည်း ပါပါတယ်။
ရုရှား သမ္မတ Vladimir Putin ဟာ မကြာခင်မှာပဲ စတုထ္ထသက်တမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့်အပေါ် ရုရှားနိုင်ငံတဝှမ်း ဒီကနေ့ စနေနေ့မှာ ဆန့်ကျင်ဆန္ဒပြကြပါတယ်။ “ He is not our czar'' သူဟာ ငါတို့ရဲ့ စီဇာဘုရင် မဟုတ်ဘူးဆိုပြီး ဆန္ဒပြသူတွေကကြွေးကျော်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းက Kilaueu မီးတောင် ချော်ရည်တွေဟာ ကျွန်းအရှေ့ပိုင်းဘက်ကို သောကြာနေ့က ပိုပြီး စီးထွက်လာတဲ့အတွက် လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းလိုက်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်