တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကြာသပတေးနဲ့ သောကြာ ၂ ရက်တာ ကျင်းပခဲ့တဲ့ အမေရိကန်- တရုတ် အပြန်အလှန် ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှုအချို့ရခဲ့ပေမယ့် နှစ်နိုင်ငံကြားကြီးမားတဲ့ ကွားခြားချက်တွေတော့ ရှိနေပါသေးတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က လက်နက်အသစ်တွေ ချထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ တောင်တရုတ် ပင်လယ်တွင်း စစ်ရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီး အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့ အမေရိကန်က တရုတ်ကို သတိပေး လိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ Air Force One လေယာဉ် ပေါ်မှာ သတင်းထောက်တွေက သမ္မတကို ဖိပြီး မေးကြပေမဲ့လည်း သမ္မတDonald Trump က အသေးစိတ်တွေကို ပြောမသွားပါဘူး။
ဥရောပနိုင်ငံတွေက သေနတ်ကိုင်ဆောင်မှုဆိုင်ရာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေအပေါ် အမေရိကန်သမ္မတ Donald Trump ကဝေဖန်ခဲ့ပါတယ်။
အာဖရိကတိုက်ထဲက Burundi နိုင်ငံက VOA နဲ့ BBC ထုတ်လွှင့်ချက်တွေကို ၆ လ ပိတ်ပင်တယ်လို့ ကြေညာခဲ့ပါတယ်။ သမ္မတသက်တမ်းပြောင်းလဲချက် အပါအဝင် အဆိုပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒခံယူပွဲလုပ်ဖို့ သီတင်း ၂ ပါတ်ပဲလိုတော့ချိန်မှာ ခုလို နိုင်ငံတကာသတင်းဌာန ၂ ခုရဲ့ ထုတ်လွှင့်ချက်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးဖို့ ကြိုးစားသွားမယ်လို့ အစ္စလာမ် မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Hashmi Yousuf က ပြောပါတယ်။
၂၀၀၈ ခုနှစ်တုန်းက အမေရိကန်သမ္မတ George W. Bush ကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ ကမ္ဘာကျော်ခဲ့တဲ့ အီရတ်သတင်းထောက်က လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ရခိုင်နဲ့ ကချင်ပြည်နယ်တို့ အပါအဝင် ပဋိပက္ခတွေကြောင့် စာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသူတွေကို ထပ်မံ အကူအညီပေးသွားမှာဖြစ်ကြောင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိသဘောနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးရေး မြန်မာအစိုးရကို ဆက်လက် ဖိအားပေးသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်သမ္မတ Donald Trump ထပ်လောင်း ကတိပြုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌအဖြစ် မေလမှာ စတင်တာဝန်ယူမယ့် ပိုလန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာ အခြေအနေတွေနဲ့ ကိုးရီးယားကျွန်းဆွယ် သံတမန်ဆက်ဆံရေး ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
၂၀၁၅ မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ရရှိခဲ့တဲ့ အီရန်နျူကလီယားဆိုင်ရာ သဘောတူစာချုပ်အတွက် ပြန်လည်ညှိုနှိုင်းမှုတွေ လုပ်မှာမဟုတ်ဖူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ကြာသပတေးနေ့မှာ ပြောပါတယ်။
၂၀၁၆ သမ္မတ ရွေးကောက်ပွဲမတိုင်ခင်လေးက သူနဲ့လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက ရှုပ်ခဲ့ဖူးတယ်လို့ပြောနေတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခ ၁ သိန်း ၃ သောင်းပေးခဲ့တယ်ဆိုတာကို သမ္မတ Donald Trump ကကြာသပတေးနေ့က ဝန်ခံလိုက်ပါတယ်။
ကချင်ပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရက ကြီးကြပ် ကူညီပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နဲ့ ကချင်ပြည်နယ်အစိုးရက ညှိနှိုင်းပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် ဆန်။ ဆီ။ ဆေးဝါးရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar) က မြန်မာနိုင်ငံတဝန်းက သတင်းထောက်တွေရဲ့ သဘောထားအမြင်တွေကို ကောက်ခံပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ စိတ်ပျက် အားလျော့စရာဖြစ်တယ်လို့ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေက ပြောကြားခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ၂၀၀၆ ခုနှစ်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးတယ်လို့ စွပ်စွဲထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးကို နှုတ်ပိတ်တဲ့အနေနဲ့ ပေးခဲ့တဲ့ ဒေါ်လာ တသိန်းသုံးသောင်းကို သမ္မတက သူ့ရဲ့ရှေ့နေကို ပြန်ထုတ်ပေးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ကပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ မနေ့ညတုန်းက ပြင်းထန်တဲ့ မုန်တိုင်းနဲ့ မိုးရွာသွန်းမှုတွေကြောင့် အိမ်တွေ၊ သစ်ပင်တွေ ပြိုလဲရာက လူ ၉၀ ကျော်ထက်မနည်း သေဆုံးပြီး၊ ၁၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒီကနေ့မှာပဲ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် ဖော်ဆောင်မှု၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ကတိပြုထားပြီးဖြစ်သလို ဒေသတွင်း ဆက်ဆံရေး ပိုမိုအားကောင်းလာရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ထောက်ခံထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောဆိုလိုက်ပါတယ်။
ကျူးဘားနိုင်ငံ Guantanamo ကျွန်းမှာရှိတဲ့ အမေရိကန် စစ်အကျဉ်းစခန်းကို ဆက်လက်ထားရှိမှာဖြစ်ပြီး စစ်ပွဲတွေအတွင်း ဖမ်းမိခဲ့တဲ့ သံသယဖြစ်ဖွယ် အကြမ်းဖက်သမားတွေ အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ဆက်ပြီး သိသိသာသာခြိမ်းခြောက်နေသမျှကာလပတ်လုံး အဲဒီမှာ ချုပ်နှောင်ထားမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူ ၁၀ ဦးအနက် ၉ ဦးဟာ ညစ်ညမ်းတဲ့လေတွေကို ရှုရှိုက်နေကြရပြီး၊ အဆောက်အဦးတွေအတွင်းက လေထုညစ်ညမ်းမှုဟာ အဓိကပြဿနာတရပ် ဖြစ်လာနေသလို၊ လူအများစု သတိမပြုမိတဲ့ ပြဿနာတခု ဖြစ်နေတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
Punggye-ri နျူကလီယားစမ်းသပ်ဌာနကို မြောက်ကိုရီးယားအစိုးရ ပိတ်ပစ်တာကို စောင့်ကြည့်ရေးအတွက် တောင်ကိုရီးယား သမ္မတ Moon Jae-in က ကုလသမဂ္ဂဆီက အကူအညီ တောင်းခံဖို့လုပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်