မေလ ၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေး တိုးတက်စေဖို့ ကမ္ဘာတဝန်းက အလုပ်သမားအရေး လှုပ်ရှားသူတွေ တောင်းဆိုနေကြပါတယ်။
အီရန်နိုင်ငံက သူ့ရဲ့ Nuclear အစီအစဉ်နဲ့ပတ်သက်လို့ ဗြောင်ညာနေတယ်လို့ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့က အထောက်အထားတွေ ပြခဲ့တဲ့အပေါ် ဥရောပသံတမန်တွေက တော်တော်လေး သံသယရှိနေကြပါတယ်။
ရခိုင်မြောက်ပိုင်းကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ဂုဏ်သိက္ခာရှိရှိပြန်လာပြီး ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် မြန်မြန်သွက်သွက်ဆောင်ရွက်ဖို့နဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျကျ နန စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာနိုင်ငံရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကာဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု၂ခုမနေ့ကဖြစ်ပွါးခဲ့လို့ သတင်းသမား ၉ဦး အပါ အဝင် အနည်းဆုံးလူ၂၆ဦးသေဆုံးခဲ့ရပါတယ်။ သတင်းသမား၅ဦးအပါအဝင် အနည်းဆုံးလူ၅၀ဆယ်လောက်လည်း ဒဏ် ရာတွေ ရခဲ့တာပါ။
အီရန်ဟာ သူ့ကို နျူကလီယားလက်နက် မထုတ်ဖို့ ကြိုးပမ်းတဲ့ ၂၀၁၅ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖေါက်ပြီး နျူကလီယား လက်နက်တွေ ထုတ်ဖို့လုပ်ရင်း ဗြောင်လိမ်ညာနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့မှာ စွပ်စွဲ လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မှာတင်မကပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်ပွါးနေတာဟာ ဒေသခံတွေအတွက် အန္တရာယ်သိပ်ကြီးတယ်လို့IRC နိုင်ငံတကာ ကယ်ဆယ်ကူညီရေးအဖွဲ့ က ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephen Dujarric က တနင်္လာနေ့ မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီး စည်းဝေးပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်တာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ Kabul မြို့မှာ အသေခံဗုံး ၂ လုံး ဖောက်ခွဲခဲ့တာကြောင့် သတင်းထောက် ၉ ဦး အပါအဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက် ၅ ဦး အပါအဝင် နောက်ထပ် လူ ၅၀ လောက်လည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
BBC နဲ့ RFA သတင်းထောက်ဟောင်းဖြစ်သူ ဦးစိန်ကျော်လှိုင်ဟာ (၂၉.၄.၂၀၁၈.) တနင်္ဂနွေ မှာ သူ့ဇာတိရွာ တောင်သာမြိုနယ်၊ ဝဲလောင်ရွာသစ်မှာ ကွယ်လွန်သွားတယ်လို့ သူငယ်ချင်းဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးသိန်းညွှန့်ဝင်း က ဗွီအိုအေကို ပြောပါတယ်။
IS စစ်သွေးကြွအဖွဲ့နဲ့ ပူးပေါင်တယ်လို့ စွပ်စွဲပြီး ရုရှားအမျိုးသမီး ၁၉ ဦးကို အီရတ်တရားရုံးတခုကနေ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ သူ ဒုရဲမှူးမိုးရန်နိုင်ကို ရဲတပ်ဖွဲ့စည်းကမ်းချိုးဖောက်မှုဆိုင်ရာဥပဒေနဲ့ ထောင်ဒဏ် ချမှတ်လိုက်ပြီလို့ ရဲတပ်ဖွဲ့ပြောခွင့်ရတဦးက တနင်္ဂနွေနေ့မှာ ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဒီကနေ့ တနင်္ဂနွေနေ့မှာ အစ္စရေးလ်နိုင်ငံကို ရောက်ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြုခံရပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ် အတွင်း ဆော်ဒီအာရေးဗျကနေ အစ္စရေးကို သွားရောက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်စခန်းတွေကို မေလမှာ ပိတ်ပစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားက ကျွမ်းကျင်သူတွေ၊ သတင်းထောက်တွေကို ဝင်ခွင့်ပေးရေး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ကတိပြု ပြောဆိုထားကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ကနေ ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အရေး ကြိုးပမ်းဖြေရှင်းမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သံတမန် ကိုယ်စားလှယ် အဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို စနေနေ့က ရောက်သွားကြပါပြီ။
တောင်နဲ့မြောက်ကိုရီးယား ခေါင်းဆောင် ၂ ယောက်ကြား သောကြာနေ့က သမိုင်းဝင်တေ့ွဆုံပွဲမှာ Nuclear ကင်းစင်ပပျောက်ရေးအတွက် Kim Jong Un ပေးခဲ့တဲ့ကတိတွေအတွက် အကောင်းမြင်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
ဗြိတိန်က Leeds United ဘောလုံးကလပ်အသင်း မြန်မာနိုင်ငံကို မေလထဲ သွားရောက်ဖို့ ရှိနေစဉ်မှာ ဒီခရီးစဉ်ကို ပြန်စဉ်းစားဖို့ Leeds မြို့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်က Leeds United ကလပ်ပိုင်ရှင်ဆီကို စာရေးသား တိုက်တွန်းခဲ့ပါတယ်။
ကချင်ပြည်နယ်ထဲမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရလောက်အောင် ပြင်းထန်နေတဲ့ တိုက်ပွဲတွေအတွက် အင်မတန်စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်သံရုံးက ဧပြီ လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ထဲမှာ လတ်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးနေရတဲ့ အပေါ်လည်း အလွန်စိုးရိမ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲတွေ အဆုံးသပ်ဖို့လည်း သက်ဆိုင်သူတွေကို တိုက်တွန်းထားပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူသားချင်းဆိုင်ရာဘေးဒုက္ခကို ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုဖို့ ဧပြီလ ၂၆ ရက်နေ့က စတင်ထွက်ခွာလာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ကူဝိတ်နိုင်ငံကို ရောက်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်