အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲ မကျင်းပခင် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကို အဓိကထားပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ကိုရီးယား ၂ နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကြာ ပိုင်းခြားထားတဲ့ နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို လမ်းလျှောက် ဝင်ရောက်ခြင်းနဲ့အတူ သမိုင်းဝင် တောင်နဲ့ မြောက်ကိုရီးယား ထိပ်သီးစည်းဝေးပွဲကို သောကြာနေ့က စတင်လိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae In တို့ဟာ Panmunjom မှာ တွေ့ဆုံနေကြပြီဖြစ်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားကြားဝင် စွက်ဖက်မှုရှိမရှိ လက်ရှိစစ်ဆေးနေတဲ့ အထူးဥပဒေအကြံပေး Robert Mueller ကို တရားမဲ့ အလုပ်ဖြုတ် မပစ်နိုင်အောင် အကာကွယ်ပေးဖို့ ပါတီကြီး ၂ ရပ်က ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော် တရားရေးကော်မတီက ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။
Facebook လူမှုဆက်သွယ်ရေးကွန်ယက်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို ပြန်လည် ဆန်းစစ်သွား မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ မူဝါဒရေးရာပိုင်း ကိုင်တွယ်လုပ်ဆောင်မယ့်သူတွေ နောက်ထပ် လိုအပ်တယ်လို့ Facebook ရဲ့ နည်းပညာဆိုင်ရာ အရာရှိချုပ် CTO က ကြာသပတေးနေ့မှာ ပြောပါတယ်။
အင်္ဂလန်၊ Leeds United အသင်းကို မြန်မာနိုင်ငံကိုဖိတ်ခေါ်ပြီး မြန်မာအသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်တာမှာ အဓိက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
အမေရိကန် CIA ညွှန်ကြားရေးမှူးဟောင်း Mike Pompeo ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါပြီ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ အသုံးအဆောင် တင်ပို့မှုတွေအပေါ် တားမြစ်ချက်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ် စစ်လက်နက်တွေ၊ ပြည်တွင်းက ဖိနှိပ်မှုတွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ၊ စစ်တပ်ကို သင်တန်းပို့ချမှုတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်နိုင်တဲ့ ကရိယာတွေကို တင်ပို့မှု တားမြစ်ဖို့ EU က ဒီနေ့ပဲ ဆုံးဖြတ်ခဲ့တာပါ။
ကရင်ပြည်နယ် မာနယ်ပလော ဒေသ ဟတ်ကြီး ရေကာတာအနီးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ မြန်မာတပ်မတော်တို့ဧပြီ ၂၆ ရက် နေ့ နေ့လည် အချိန်လောက်မှာ တိုက်ပွဲတွေ တနာရီကြာလောက်ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ပဋိပက္ခတွေအရှိန်မြင့်လာတဲ့အတွက် OCHA ခေါ် ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက လွန်စွာစိုးရိမ်မကင်းဖြစ်ရတယ်လို့ဆိုပါတယ်။
အီရန်နိုင်ငံ နျူကလီးယားလက်နက် ထုတ်တာမျိုးမလုပ်နိုင်အောင် ကန့်သတ်ထားတဲ့ နိုင်ငံတကာသဘောတူစာချုပ်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်လိုက်တာမျိုးမလုပ်ဖို့ ပြင်သစ်သမ္မတ Emmanuel Macron က အမေရိကန် လွှတ်တော် အမတ်တွေကို ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဂျာမဏီဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီး Christine Schraner Burgener ကိုခန့်အပ်ရေး အမည်စာရင်းတင်သွင်းဖို့ လုပ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် ၂၀၀၀ ကျော်ခုနှစ်ကာလတွေမှာ တာဝန်ယူခဲ့တဲ့ ရှေနေဦးကြည်ဝင်းဟာ ဒီကနေ့ မနက်အစောပိုင်းက ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၈၆ နှစ်အရွယ်ရှိပြီး၊ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
NLD အစိုးရ လက်ထက်မှာ အစိုးရနဲ့ စစ်တပ်ကို ဝေဖန် ရေးသားတဲ့အတွက် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတာမျိုး ရှိတော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေဘက်က မျှော်လင့်ခဲ့ကြကြောင်း၊ ဒါပမေယ့်လည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအတွက် ဦးစားပေး လုပ်ငန်းရပ်ထဲမှာ မပါဝင်ကြောင်း RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမြန်ဆုံးတွေ့ဆုံဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပြီး Kim Jong Un ဟာ သိပ်ကို ပွင့်လင်း သိက္ခာရှိသူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်
အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ် သမ္မတ ၂ ဦးစလုံးက အီရန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့ ပြောပေမယ့် သတင်းထောက် တွေကို အင်္ဂါနေ့ ပြောကြားရာမှာတော့ လက်ရှိရထားတဲ့ အီရန်နဲ့ နျူကလီယားသဘောတူညီချက်ကနေ အမေရိကန်သမ္မတ Donald Trump နှုတ်ထွက်ဖို့ ရှိမရှိ ခေါင်းဆောင် ၂ ဦးစလုံးက ဘာအရိပ်လက္ခဏာမှ မပြခဲ့ကြပါဘူး။
တရုတ်နိုင်ငံမှာ ဆင်သားရေနဲ့လုပ်တဲ့ ပစ္စည်းတွေ အရောင်းသွက်နေတာကြောင့် အာရှကဆင်တွေကို ဖမ်းဆီးသတ်ဖြတ်မှု စိုးရိမ်စရာ ကောင်းလောက်အောင် များလာတယ်လို့ ဗြိတိန်အခြေစိုက် ဆင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။
ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရခိုင်မြောက်ပိုင်း အရေးအပြင် ကုန်သွယ်ရေးစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွါးမှုတွေလို ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ ရှိပေမယ့် တိုးတက်မှုကတော့ အနည်းအကျဉ်းပဲ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
သတင်းအကျဉ်းချုပ် ၀၄.၂၄.၂၀၁၈
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့အမေရိကန်သမ္မတ Donald Trump တို့ကြား ဘယ်လိုညှိနှိုင်းဆွေးနွေးမှုမျိုးမဆို နျူကလီယားဖျက်သိမ်းရေး အတွက်အဓိက ဖြစ်တယ်လို့ သမ္မအိမ်ဖြူက ကြေညာ၊ ရခိုင်မြောက်ပိုင်းအရေးအခင်းကြောင့် ဒုက္ခရောက်နေကြသူတွေအတွက်လူသားချင်း စာနာမှု အထောက်အကူဒေါ်လာသန်း (၅၀) အမေရိကန်ကူမည်
နောက်ထပ်ကြည့်ရှုရန်