ကနေဒါနိုင်ငံ Toronto မြို့က ပလက်ဖောင်းပေါ်က လူအုပ်ထဲကို တနင်္လာနေ့တုန်းက van ကားမောင်းဝင်ခဲ့မှုကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို သိရှိဖို့ ကနေဒါရဲတွေ စုံစမ်းနေကြပါတယ်။
ကနေဒါ နိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲ အတွင်း ရိုဟင်ဂျာ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြတာပါ။
ဧပြီလ ၂၇ ရက်နေ့ သောကြာနေ့မှာ ကျင်းပဖို့ရှိတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နျုကလီးယားလက်နက်ဖျက်သိမ်းရေး မူကြမ်းရေးဆွဲနိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်၊၊ Brian Padden ပေးပို့တဲ့ သတင်းကို မမြသဇင်အောင်က တင်ပြပေးမှာပါ၊၊
အသက် ၉၄ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း George H. W. Bush ဟာ ဘက်တီးရီယားတမျိုး သွေးထဲရောက်သွားတဲ့ အတွက် ဆေးရုံတက်ကုသနေရကြောင်း မိသားစုပြောခွင့်ရတဦးက တနင်္လာနေ့ ညနေပိုင်းမှာ ပြောပါတယ်။
ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုအရ နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွါးရေးမှာ အဓိကကျတဲ့ လုပ်ငန်းတွေကို ထည့်သွင်းအကောင်အထည်ဖေါ်ရေးနဲ့ တရုတ်မြန်မာ စီးပွါးရေးပေါင်းစပ်မှုတွေကို ဆက်ပြီး တည်ဆောက်သွားဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသီတင်းပတ်ကုန် စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို မတက်ရောက်နိုင်ကြောင်း အစိုးရပြောခွင့်ရ ဦးဇော်ဌေးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ အရေးအခင်းကြောင့် ထွက်ပြေးလာကြပြီး ဒုက္ခရောက်နေကြတဲ့ လူတွေအတွက် လူသားချင်း စာနာမှု အထောက်အကူ အမေရိကန်ဒေါ်လာ သန်း (၅၀) ထပ်ဆောင်းပေးမယ်လို့ အမေရိကန် ယာယီ နိုင်ငံခြားရေးဝန်ကြီး John J Sullivan က တနင်္လာနေ့ မှာ ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား William ရဲ့ ဇနီး Cambridge မြို့စားကတော် Kate Middleton ဟာ ဒီကနေ့ တတိယမြောက်ရင်သွေးငယ်ဖြစ်တဲ့ သားရတနာကို အောင်မြင်စွာမွေးဖွားပါတယ်။
အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့ အနီးက Waffle House စားသောက်ဆိုင်မှာ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းအချိန် အစိမ်းရောင် အပေါ်အိကျီ ၤ တထည်ဘဲ ဝတ်ထားတဲ့ ကိုယ်လုံးတီး အမျိုးသား တဦးက သေနတ်နဲ့ ပစ်ခတ်တာကြောင့် သုံးဦး သေဆုံးပြီး တခြားသူ ၄ ဦး ဒဏ်ရာရထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်းက မဲဆန္ဒရှင် သက်သေခံ ကဒ်ပြား ထုတ်ပေးရေးရုံး တခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၄၈ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရပါတယ်။ ေ
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနေတဲ့ ပလစ်စတစ်သုံးစွဲမှု လျှော့ချရေးလှုပ်ရှားမှုတွေကို ဒီနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာအဝှမ်း စုရုံးလှုပ်ရှားကြသလို မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်တာ၊ လူထုလှုပ်ရှားဆန္ဒပြကြတာ၊ သစ်ပင်စိုက်တာ စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေလုပ်ပြီး ဂုဏ်ပြုလေ့ရှိပါတယ်။
အိန္ဒိယက မိန်းမငယ်လေးတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ရာဇဝတ်မှုတွေတိုးလာနေတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့အတွက် အသက် ၁၂ အောက် ကလေးတွေကို မုဒိန်းမှုကျုးလွန်တဲ့ ရာဇဝတ်သားတွေကို သေဒဏ်ချမှတ်ဖို့ အိန္ဒိယအစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရသူဟာ သူတို့အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဂါဇာကမ်းမြောင်ဒေသ ကို အုပ်ချုပ်နေတဲ့ ဟားမားစ်အဖွဲ့က စနေနေ့မှာပြောပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အမှု သောကြာနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်မှာရှိတဲ့ ရဲအရာရှိမိသားစု ဝန်ထမ်းအိမ်ယာကနေ နှင်ထုတ်ခံရပါတယ်။
နျူကလီယားစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီး အဲဒီလို စမ်းသပ်တဲ့နေရာတွေကိုလည်း ပိတ်ပစ်လိုက်ပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီယားစမ်းသပ်ပစ်လွှတ်တဲ့ စခန်းကို ပိတ်ပြီး နျူကလီယားစမ်းသပ်မှုတွေ ဆိုင်းငံ့ထားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြားပိတ်မိနေတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေနဲ့ အရပ်သားတွေကို ပိုပြီးလုံခြုံတဲ့ နေရာတွေလို့ သူတို့ကိုယ်တိုင်ရွေးချယ်တဲ့ နေရာတွေဘက်ကို သွားခွင့်ပြုဖိုနဲ့ သူတို့လိုအပ်နေတဲ့ အရေးပေါ်အကူအညီတွေရဖို့ လူသားချင်းစာနာမှုအထောက်အပံတွေကို Mr. Ostby ကနေ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။
ဗီယက်နမ်- မြန်မာ ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ကတိပြုခဲ့ကြပါတယ်။
ဝါရှင်တန်မှာတွေ့ဆုံဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်ကို ရုရှားသမ္မတ Vladimir Putin အနေနဲ့ လက်ခံဖို့ ဆန္ဒရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောကြားလိုက်ပါတယ်။
အီရန်နျူကလီးယားအရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ထောက်ခံကြဖို့နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စာချုပ်ကနေ နုတ်ထွက်တာမျိုး လုပ်မသွားစေဖို့ တိုက်တွန်းတဲ့စာတစောင်ကို ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ လွှတ်တော်အမတ် ၅၀၀ ကျော်တို့ ပူးပေါင်းပြီး အမေရိကန်လွှတ်တော် အမတ်တွေဆီကို ကြာသပတေးနေ့က ပို့လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်