ကျုးဘားနိုင်ငံမှာ Miguel Diaz-Canel ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ကွန်မြူနစ်ကျုးဘားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကက်စထရိုမိသားစုဝင် မဟုတ်တဲ့သူ တယောက် သမ္မတ ဖြစ်လာပါပြီ။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ထိပ်သီးအစည်းအဝေး လုပ်ဖို့ရာမှာ နျူကလီးယားလက်နက် ပိတ်ပင်ရေး၊ ကိုရီးယားကျွန်းဆွယ် အရေးတွေနဲ့ပတ်သက်ပြီး ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မြောက်ကိုရီးယားဘက်က ချမထားဘူးလို့ တောင်ကိုရီးယား သမ္မတ Moon Jae-in ကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ NVC ကဒ်ပြား ကိုင်ဆောင်ထားသူတွေကို အရင်တုန်းကလို ကန့်သတ် တားမြစ်ချက်တွေ မထားတော့ဘဲ လူဝင်မှုကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ပြီးတာနဲ့ သွားချင်တဲ့နေရာကို သွားလို့ရပြီလို့ ဧပြီလ ၁၉ ရက်၊ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သွားပါတယ် ဒီကိစ္စကို လက်တွေ့လုပ်ဆောင်နေပြီး ဒီအခွင့်အရေးကို ရတဲ့သူတွေ ရနေပါပြီလို့လည်း ပြောပါတယ်။
ကျုးဘားနိုင်ငံမှာ သမ္မတ Raul Castro ရဲ့ လက်ရုံးအဖြစ် ကာလကြာရှည် တာဝန်ယူခဲ့တဲ့ ဒုသမ္မတကို သမ္မတသစ် ရွေးချယ်လိုက်တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ကျုးဘားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကက်စထရိုမိသားစုဝင် မဟုတ်တဲ့သူ တယောက် သမ္မတ ဖြစ်လာပါပြီ။
မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ အောင်မြင်ရေးဟာ ရှေ့သီတင်းပတ်ထဲ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးတွေ့ဆုံမှု အပေါ်မှာသာမက၊ နောက်ပိုင်းမှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ထိပ်သီးတွေ့ဆုံမှု အပေါ်မှာပါ မူတည်နေကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
Cuba နိုင်ငံမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း Castro မိသားစုဝင်မဟုတ်တဲ့သူတဦးကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်က ပြင်ဆင်နေပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတကတော်ဟောင်း Barbara Bush ဟာသူရဲ့မိသားစု သူ့နိုင်ငံ သူ့လူထုအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးလောက အထင်ကရပုဂ္ဂိုလ်တွေက ဂုဏ်ပြုပြောကြားနေကြပါတယ်။
အမေရိကန် တောင်ပိုင်း ဝေဟင်မှာ လေယာဉ်ပျက်ကျနိုင်လောက်တဲ့ အင်ဂျင်စက်ချို့ယွင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ခရီးသည်တင် လေယာဉ်ကို အန္တရာယ်ကင်းစွာ မြေပြင်ကို ဆင်းသက်ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့် အမေရိကန်ရေတပ် တိုက်လေယာဉ်မောင်းသမားဟောင်း တဦးဖြစ်သူအမျိုးသမီးလေယာဉ်မှုးကို သတ္တိရှင်သူရဲကောင်း အဖြစ် ဝိုင်းဝန်းချီးကျူးနေကြပါတယ်။
နိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧပြီလ ၁၉ ကနေ ၂၀ အထိလာရောက်မယ့် ဗီယက်နမ်နိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ်ခိုင်မြဲလာမှာ ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။
Pompeo ဟာ မြောက်ကိုရီးယားကနေ ပြန်လာနေပြီဖြစ်ပြီး သူနဲ့ Kim Jong Un တို့ရဲ့ တွေ့ဆုံမှုဟာ အဆင်ပြေသလို ဆက်ဆံရေးလည်း အတော်ပြေလည်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ဖလော်ရီဒါက သူ့ရဲ့အပမ်းဖြေစခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့သလို မစ္စတာ Pompeo ဟာ ဆက်ဆံရေးကောင်းသူတယောက် ဖြစ်ကြောင်း ချီးကြူးခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိနေကြတဲ့ Douma မြို့အခြေအနေကို ထောက်လှမ်းဖို့သွားတဲ့ ကုလသမဂ္ဂ အဖွဲ့တဖွဲ့ကို ပစ်ခတ်ခံခဲ့ရကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘဲ ဒမတ်စကတ်မြို့တော်ကို ပြန်လာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းမှာရော ကမ္ဘာတဝှမ်းမှာပါ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ အမေရိကန်ကော်ဖီဆိုင် လုပ်ငန်း Starbucks ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ ဆိုင်ပေါင်း ၈၀၀၀ ကျော်ကို မေလ ၂၉ ရက်နေ့မှာ ပိတ်ထားဖို့ရှိနေပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပြုံယမ်းမြို့တော်မှာ လျို့ဝှက်တွေ့ဆုံခဲ့ကြောင်း သမ္မတ Donald Trump က ဒီနေ့မှာပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတကတော်ဟောင်းလည်းဖြစ် မိသားစုဆိုင်ရာပညာရေးကို တစိုက်မတ်မတ် ထောက်ခံ အားပေးလာသူဖြစ်တဲ့ Barbara Pierce Bush ဟာ ၂၀၁၈ ဧပြီလ ၁၇ ရက် အင်္ဂါနေ့ အသက် ၉၂ နှစ်အရွယ်မှာ Texas ပြည်နယ် Houston မြို့ကနေအိမ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ် အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်း George H.W. Bush ရဲ့ ဇနီးဖြစ်သူ ကွယ်လွန်သူ Barbara Bush မှာ သားသမီး ၅ ဦး၊ မြေး ၁၇ ဦးနဲ့ မြစ် ၇ ဦးတို့ ကျန်ရစ်ကြောင်း သမ္မတဟောင်း George H.W. Bush ရုံးက အင်္ဂါနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ကိုရီးယား ၂ နိုင်ငံကြားမှာ တရားဝင်စစ်ပြေငြိမ်းမှု မရှိသေးတဲ့ကိစ္စကို သမ္မတ Trump ကဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံစဉ်မှာထောက်ပြပြီး စစ်ပြေငြိမ်းဖို့သူသဘောတူကြောင်းပြောခဲ့တာပါ။
ရိုဟင်ဂျာပြဿနာဖြေရှင်းရေးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုပြီးထောက်ပံ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ Canada နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland တို့က တိုက်တွန်းလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားက ကုန်သွယ်ရေးတင်းမာမှု အခြေအနေကို ဘေဂျင်းမြို့တော်က စားသုံးသူပြည်သူတွေ အနီးကပ် စောင့်ကြည့် နေကြသလို၊ ဒီကုန်သွယ်ရေး ပဋိပက္ခအရှိန် ပိုမြင့်လာမှာကို တချို့က စိုးရိမ်နေကြပါတယ်။Bill Ide ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြားက ရိုဟင်ဂျာ ပဋိပက္ခ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ နောက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖော်ထုတ်မှု အတွက် ရိုက်တာ သတင်းအေဂျင်စီကို ပူလစ်ဇာ ဆု နှစ်ခု ချီးမြှင့်လိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရောက်နေတဲ့ ဓါတုလက်နက် တားဆီးရေးအဖွဲ့ OPCW က ကျွမ်းကျင်သူ ၉ ယောက်ရဲ့ လုံခြုံရေးကို ရုရှားစစ်တပ်က အကာအကွယ်ပေးမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဌာနက ပြောခွင့်ရသူ Igor Kirillov က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာတလွှားက သမုဒ္ဒရာပြင်တွေမှာ တနှစ်တနှစ်ကို ပလပ်စတစ် စွန့်ပစ်ပစ္စည်းပေါင်း တန်ချိန် ၈ သန်းကျော် ရောက်သွားလေ့ရှိတာမို့ သဘာဝ ဝန်းကျင်အတွက် အန္တရာယ်ရှိနေပေမယ့် အခုတော့ ဓါတ်ခွဲခန်းတွင်း မတော်တဆ တွေ့ရှိချက်တခုကနေ ဒီစွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်