ဆီးရီးယားက အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းရေး သမ္မတ Donald Trump ဘက်က ပိုင်းဖြတ်ထားဆဲ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။ ဆီးရီးယားမှာ အမေရိကန် တပ်တွေ ဆက်လက် ချထားဖို့ သမ္မတ Trump ကို စည်းရုံး ပြောဆို ထားတယ်ဆိုပြီး ပြင်သစ် သမ္မတ Emmanuel Macron က ပြောဆိုလိုက် အပြီးမှာ အမေရိကန် သမ္မတ အိမ်ဖြူတော်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသနာပြု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ တရုတ်နိုင်ငံသား John Sanqiang Cao ဟာ မကြာခင်က တရုတ်နိုင်ငံတွင်းမှာ အဖမ်းခံရပြီး ထောင်ဒဏ် ၇ နှစ်ထိ အကျခံရမယ့်အရေးမှာ သူ့ကို ထောင်ဒဏ်လျှော့်ပေါ့ပေးဖို့ တရုတ်အစိုးရထံ အယူခံဝင်နေပါတယ်။
ရိုဟင်ဂျာ မိသားစု တခု ဌာနေပြန်လည် ဝင်ရောက်လာကြောင်း မြန်မာ အစိုးရဘက်ရဲ့ ထုတ်ပြန်ချက် အပေါ် ဘင်္ဂလားဒေရှ့် အစိုးရက ပယ်ချလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေးဆိုင်ရာ မဟာမင်းကြီး Abul Kalam က အဲဒီ ဌာနေပြန်သွားတယ်ဆိုတဲ့ မိသားစုဟာ ဘင်္ဂလားဒေရှ့်ဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ဖူးသူ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၁၉ ရက်ကနေ ၂၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်မယ်လို့ ဗီယက်နမ်အစိုးရရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဧပြီလ ၁၅ ရက်နေ့စွဲနဲ့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ တရုတ် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ပြုံယမ်းမြို့တော်မှာ လက်ခံ တွေ့ဆုံတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။ ဘေဂျင်းမြို့တော်ကို Kim Jong Un သွားရောက်အပြီး သီတင်းနှစ်ပတ် လောက်ပဲ ရှိသေးတဲ့အချိန်မှာ တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို သွားတာပါ။
ရိုဟင်ဂျာ မိသားစု တခု ပထမဆုံး အနေနဲ့ ဌာနေပြန်လည် ဝင်ရောက်လာကြောင်း မြန်မာ အစိုးရက မနေ့ စနေနေ့က ကြေညာလိုက်ပါတယ် မောင်တော ဒေသ အကြမ်းဖက်မှုတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေးသူ မိသားစု တခု တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းကို ဝင်ရောက်လာတာလို့ အစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။
အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် သုံးနိုင်ငံပူးပေါင်းပြီး စနေနေ့မနက်အစောပိုင်းက ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်လိုက်တာပါ။
ဧပြီလ ၁၅ ရက်၊ မဟာသင်္ကြန်အကြတ်နေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေး မြေငလျင်စခန်း အနောက်ဘက် ၁၉ မိုင်လောက်အကွာမှာ ဗဟိုပြုပြီးတော့ ပြင်းအား ၄.၃ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တွေကတော့ နိုင်ငံပေါ်မူတည်ပြီး ထောက်ခံတာနဲ့ အပြင်းအထန် ဝေဖန်တာ အမျိုးမျိုးရှိနေပါတယ်။
တောင်အာဖရိက နိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ အထင်ကရ ပုဂ္ဂိုလ်တဦးလည်းဖြစ်၊ ၂၀၀၉ ခုနှစ်ကနေ ဒီလအစောပိုင်း ကွယ်လွန်သွားချိန်ထိ ပါလီမန်အမတ်ဖြစ်ခဲ့သူ Winnie Madikizela-Mandela ရဲ့ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကို စနေနေ့က ကျင်းပပါတယ်။
ဆီးရီးယားနိုင်ငံက ဓာတုလက်နက်သိုလှောင်ရုံတွေ၊ သုသေသန အဆောက်အအုံတွေကို စနေနေ့က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဟာ တရားဥပဒေနဲ့ ညီပြီး တရားနည်းလမ်းကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ် တို့ကပြောပါတယ်။
စနေနေ့ကကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်နေတဲ့ မန်စီးတီးက စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုဆိုရင် မန်စီးတီးအသင်းဟာ ၃၃ ပွဲကစား၊ ရမှတ် ၈၇ မှတ်နဲ့ ဒုတိယနေရာက မန်ချက်အသင်းထက် တပွဲပိုကစား၊ ၁၆ မှတ် အသာရထားပါတယ်။
အမေရိကန်နဲ့ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ စနေနေ့အစောပိုင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေး ကျင်းပပါတယ်။
အိမ်ဖြူတော်အရာရှိတွေက အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ မကြုံစဖူး ထိပ်သီးဆွေးနွေးပွဲကို ချောချောမွေ့မွေ့ ဆက်ပြင်ဆင်နေတယ်လို့ ဒီနေ့ အတည်ပြုပေးလိုက်ပြီး၊ ဒီနှစ်နိုင်ငံအစိုးရတွေအကြား တိုက်ရိုက်ဆက်သွယ်မှုတွေရှိနေတယ်ဆိုတဲ့ လက္ခဏာပြသလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲဟောင်း James Comey ဟာ ရိုးသားဖြောင့်မတ်မှု မရှိသူတဦးဖြစ်ပြီး၊ ရာထူးက ဖြုတ်လိုက်ရတဲ့အတွက်လည်း ဂုဏ်ယူကြောင်း သမ္မတ Donald Trump က ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နားလည်မှုစာချွန်လွှာ တရပ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ကြား ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပြီး၊ ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ ယူဆထားတဲ့ စနေနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ရာ Douma အရပ်ကို သက်သေခံနမူနာတွေ စုဆောင်းဖို့ ကုလသမဂ္ဂ ဓာတုလက်နက် တားဆီးရေး နိုင်ငံတကာအဖွဲ့က စုံစမ်းစစ်ဆေးသူတွေ ရောက်လာကြပါတယ်။
ဖိလစ်ပိုင်ခေါင်းဆောင် Rodrigo Duterte က မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သောကြာနေ့က တောင်းပန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးခွင့်ရရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ကြိုးပမ်းမှုအပေါ် မြန်မာအစိုးရက ကန့်ကွက်လိုက်ပါတယ်။ ICC ရှေ့နေချုပ်ရဲ့ ကြိုးပမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရသလို၊ ကြီးမားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
ကြာသပတေးနေ့က စတဲ့ ကမ္ဘောဒီးယား နိုင်ငံနှစ်သစ်ကူးပွဲတော်ရုံးပိတ်ရက် ၅ ရက်အတွင်း ဗုံးဖောက်ခွဲဖို့ အကြံအစည်ရှိတယ်လို့ သတင်းရတဲ့ အတွက် အားလုံးသတိရှိကြဖို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊
နောက်ထပ်ကြည့်ရှုရန်