ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံးပါဝင်တဲ့အဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အီရတ်နိုင်ငံတို့ကို သွားရောက်မယ်လို့ ဧပြီလ ၁၂ ရက်၊ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က ပြောသွားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း သေဒဏ်စီရင်တဲ့အရေအတွက် ဆက်ပြီး ကျဆင်းသွားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရွေးချယ်ထားတဲ့ CIA အကြီးအကဲ Mike Pompeo ကို အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီဝင် လွှတ်တော်အမတ်တွေ ကြာသပတေးနေ့က အပြင်းအထန် မေးခွန်းထုတ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နှစ်က အာဏာရပြီး ၃ ရက်အကြာမှာဖျက်သိမ်းခဲ့တဲ့ ပစိဖိတ်ရပ်ဝန်းဒေသ ကုန်သွယ်ရေး သဘောတူစာချုပ် မှာပြန်လည် ပါဝင်ရေး အတွက် စဉ်းစားကြဖို့ အမေရိကန်သမ္မတ Donald Trump က ကြာသာပတေးနေ့က သူရဲ့ ထိပ်တန်း စီးပွါးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးတွေကို တိုက်တွန်းလိုက်ပါတယ်၊၊
ဆားဘီးယားဝန်ကြီးချုပ်ဟောင်း Vojislav Seselj ကို ICC နိုင်ငံတကာရာဇဝတ်မူခုံရုံးက စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့မှုနဲ့ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
နိုင်ငံတော် လုံခြုံရေးအက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အပေါ် စွဲဆိုချက်တွေကို ရုပ်သိမ်းပေးဖို့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့တာဟာ သတင်းမှန်ဖော်ထုတ်နေတဲ့ သတင်းသမားတွေနဲ့ အများပြည်သူ သတင်းရယူခွင့်အတွက် အလွန်အမင်း စိုးရိမ်စရာဖြစ်ရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ မကြာခင်တုန်းက ရွေးချယ်ခန့်အပ်ခံရတဲ့ မြန်မာသမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုဂုဏ်ပြုတဲ့အကြောင်း ပေးပို့တဲ့သဝဏ်လွှာထဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုရှိရေးတွေ အာမခံမယ့် ငြိမ်းချမ်းရေးနိုင်ငံ တရပ်ဖြစ်ရေး မြန်မာ့ရည်မှန်းချက်တွေအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ပြီး အကူအညီတွေပေးသွားမယ်လို့ သမ္မတ Trump က ဂတိကဝတ်ပြုထားပါတယ်။
အမေရိကန်-ရုရှား ဆက်ဆံရေးဟာ စစ်အေး နှစ်ပေါင်း ၆၀ အပါအဝင် ကာလတလျောက်လုံး အခုအခါ အနိမ့်ဆုံးအခြေအနေရောက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့် ဗုဒ္ဓဟူး နေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ကိုယ့်သဘောနဲ့ကိုယ်ပြန်နိုင်ရေး လုပ်ငန်းမူဘောင်တွေ ချမှတ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ MoU တရပ်ကို လက်မှတ်ရေးထိုးကြမယ်လို့ UNHCR ပြောခွင့်ရတဦးက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP ဟာ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးတဲ့ ၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆.၈% ရှိတာကြောင့် ၂၀၁၆ ဘဏ္ဍာနှစ်က ၅.၉% ရှိခဲ့တာကနေ တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကကစားတဲ့ Champions League ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ Real Madrid က အီတလီကလပ်အသင်း Juventus ကို အိမ်ကွင်းမှာ ၁ ဂိုး ၃ ဂိုးနဲ့ ရှုံးသွားပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံမှာ စစ်သားတွေ လိုက်ပါလာတဲ့ စစ်လေယာဉ်တစင်း ပျက်ကျရာက လူ ၂၅၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မြို့တော် Algiers ရဲ့ အနောက်တောင်ဘက် ၂၅ ကီလိုမီတာ အကွာ Boufarik လေတပ် အခြေစိုက်စခန်းအနီး လေယာဉ်ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဘယ်လိုမစ်ဇိုင်းဒုံးမျိုးကိုမဆို ရုရှားတပ်ဖွဲ့တွေ အနေနဲ့ ကြားဖြတ်ဟန့်တားပစ်ခတ်နိုင်စွမ်းရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောဆိုခဲ့ပြီး နောက်မှာပဲ အမေရိကန် မစ်ဇိုင်းဒုံးတွေ လာတော့မှာဖြစ်တဲ့အတွက် ရုရှားအနေနဲ့ အသင့်ပြင်ထားဖို့ သမ္မတ Donald Trump က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူ လည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်ကိုရောက် ရှိမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ မလေးရှားရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်အုပ်ချုပ်နေတဲ့ လက်ရှိအာဏာရ BN ညွန့်ပေါင်းပါတီအတွက် အခက်ခဲဆုံး ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
ဆီရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့ မြို့တမြို့အပေါ် ဆီးရီးယားအစိုးရတပ်တွေက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိပြီးနောက် ဆီးရီးယားအပေါ် စစ်ရေးဆောင်ရွက်မှုတွေကို ဘယ်လို တိုးမြှင့်လုပ်မလဲဆိုတာကို အမေရိကန်က မဟာမိတ်နိုင်ငံတွေနဲ့ အင်္ဂါနေ့က တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် ချက်အရက်ကြောင့် လူ ၉၀ ထက်မနဲ သေဆုံးခဲ့ရတဲ့နောက် ဂျာကာတာမြို့တော်နဲ့ အနောက်ဂျာဗား ခရိုင်မြို့တော် Bandung တဝိုက်မှာ အင်္ဂါနေ့မှာ အရေးပေါ်အခြေနေ ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ မူဆလင် ၁၀ ဦး တရားဥပဒေမဲ့ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ တပ်မတော် အရာရှိနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးကို တပ်က ထုတ်ပယ်လိုက်ပြီး အရပ်ဘက် အကျဉ်းထောင်တွေမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိနေချိန်မှာဘဲ တရုတ်သမ္မတ ရှီကျင်းပင်က တရုတ်ရဲ့ စီးပွားရေးကို ပိုပြီး ကျယ်ပြန့်လာအောင် ဖွင့်ပေးရေး အတွက် ဆောင်ရွက်ချက်သစ်တွေ လုပ်ဖို့ ကတိပြုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေ Michael Cohen ရဲ့ ရုံးခန်းကို တနင်္လာနေ့က FBI ပြည်ထောင်စု စုံစမ်းရေးဗျူရိုက ဝင်ရောက်စီးနင်းရှာဖွေပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့တာဟာ ဂုဏ်သရေညှိုးနွမ်းစေတဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံကိုတိုက်ခိုက်ရာရောက်ပြီး တရားမျှတမှု မရှိတဲ့ အခြေနေသစ်တရပ်ကို ဖြစ်စေတယ်လို့ သမ္မတ Trump ကပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်