မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်တွေကို အချိန်မတန်သေးပေမယ့် နေရပ်ရင်းကိုပြန်ပို့ရေးအပါအဝင် ရိုဟင်ဂျာပြဿနာ ဖြေရှင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယက အပြည့်အဝ အကူအညီပေးမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Vijay Gokhale ရဲ့ တနင်္လာနေ့ ပြောကြားချက်ကို The Hindu သတင်းမှာ ဖေါ်ပြထားပါတယ်။
ဆီးရီးယားမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို အမေရိကန် သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကို အမေရိကန်က ဘယ်လို တုံ့ပြန်သွားမလဲ ဆိုတဲ့ အဓိကဆုံးဖြတ်ချက်တွေကိုလည်း ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း ချမှတ်သွားမယ်လို့ဆိုပါတယ်၊၊
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး ICC က စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် Fatou Bensouda က တောင်းဆိုလိုက်ပါတယ်။
ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူဖို့ ဆိုတဲ့ ကိစ္စကို အမေရိကန်တို့ ပစ်ပယ်မထားဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ Donald Trump က အဆင်အခြင်မဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလို့ ပြောဆိုခဲ့ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပြီးနောက်မှာ ကာကွယ်ရေး ဝန်ကြီးက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဆီးရီးယား အလယ်ပိုင်းက လေတပ်အခြေစိုက် စခန်းတခု အပေါ် ဒီကနေ့ တနလာၤနေ့မှာ အစ္စရေးလ် စစ်လေယာဉ် နှစ်စင်းက လက်ဘနွန် ဝေဟင်ပိုင်နက်ထဲကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားနဲ့ ရုရှားတို့က ပြောဆိုလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံ Homs ပြည်နယ် T4 အခြေစိုက် စခန်းပေါ် တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အစ္စရေးလ် စစ်တပ်ဘက်ကတော့ မှတ်ချက်ပေး ပြောဆိုခြင်း မရှိပါဘူး။
မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ နျူကလီးယားဖျက်သိမ်းရေးကိစ္စ အမေရိကန်နဲ့ ဆွေးနွေးလိုကြောင်း ပထမဆုံးအကြိမ် တိုက်ရိုက် လျို့ဝှက်သတင်းစကားပါးလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ဒေါ်လာဘီလျံပေါင်းရာနဲ့ချီပြီး အပြန်အလှန် အခွန်တွေတိုးကောက်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ သောင်မတင်ရေမကျ ဖြစ်နေမှုအတွက် အဖြေတခု ရှိလာမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ဟောကိန်းထုတ်လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံချိန်အတွင်း တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအတိုက်အခံတွေကို ကမ္ဘောဒီးယားအစိုးရက ဖိနှိပ်နေတာနဲ့ ပတ်သက်လို့တော့ ဘာမှပြောမသွားပါဘူး။
နျူကလီယားဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိနေတယ်လို့ အမေရိကန် အကြီးတန်းအရာရှိ တဦးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှား အစိုးရ အနေနဲ့ ဆီးရီးယား အစိုးရ အပေါ် အကြွင်းမဲ့ ထောက်ခံနေမှုကို ချက်ချင်းရပ်ပြီး ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ နောက်ထပ် မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာန က ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆုကို ချီးမြှင့် ပေးအပ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရဲစွမ်းသတ္တိရှိမှု၊ အကြင်နာမေတ္တာရှိမှု ၊ တရားမျှတမှုလိုလားမှုစတဲ့ အချက်တွေပါဝင်ပါတယ်၊၊
ဂျာမနီနိုင်ငံအနောက်မြောက်ပိုင်း Muenster မြို့ရဲ့ ၁၉ ရာစု မြို့ဟောင်းဘက်ခြမ်းမှာ စနေနေ့က လူအုပ်ထဲကို ကားတစီးနဲ့ ဝင် တိုက်တာကြောင့် လူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။
စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချန်ပီယံဖြစ်ဖို့ နိုင်ပွဲတပွဲပဲလိုတော့တဲ့ မန်စီးတီးအသင်းဟာ ဒုတိယနေရာက မန်ချက် အသင်းကို အရေးနိမ့်ပြီး ချန်ပီယံဖြစ်ဖို့ နှောင့်နှေးသွားပါတယ်။
နီပေါလ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီးနဲ့ နယ်စပ်ဖြတ် ရထားလမ်းတို့ကို အဆင့်မြှင့် ဖောက်လုပ်ပေးပြီး ကုန်းတွင်းပိတ် နီပေါလ်အတွက် ရေကြောင်းထွက်ပေါက်ရစေဖို့ ကုန်းတွင်းရေလမ်းတွေ ဖော်ထုတ် တည်ဆောက်ပေးမယ်လို့ အိန္ဒိယနိုင်ငံက စနေ နေ့မှာ ကတိပြုလိုက်ပါတယ်။
ထောင်ဒဏ်ပြစ်ဒဏ်ချခံထားရတဲ့ ဘရာဇီးလ်သမ္မတဟောင်း Luiz Inacio Lula da Silva ဟာ စနေနေ့မှာ အာဏာပိုင်တွေဆီလာရောက်အဖမ်းခံလိုက်ပါပြီ။ သူ့ကိုလာဖမ်းတဲ့ ရဲတို့ကို ထိပ်တိုက်ရင်ဆိုင်မှုဖြစ်အပြီး နောက်တရက်မှာပဲ ခုလိုလာရောက်အဖမ်းခံလိုက်တာပါ။
အစ္စရေးလ်-ဂါဇာ နယ်စပ်ဒေသမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ စုဝေးနေကြတာနဲ့အမျှ ပါလက်စတိုင်းဆန္ဒပြသူ ၇ ဦး ကို သောကြာနေ့မှာ အစ္စရေးလ်စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ လုပ်သားတွေကပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump အနေနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်အခွန်စည်းကျပ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ချမှတ်သွားမယ်လို့ ခြိမ်းခြောက်မှုကို တရုတ်နိုင်ငံ ဘက်ကလည်း တုံ့ပြန်သွားမယ့်လို့ပြောကြားမှုကို သမ္မတ Donald Trump အစိုးရက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲမှာမဟုတ်ဘူးလို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမျိုးမျိုး ကြိုးစားနေပြီး သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ထိုးထားခဲ့၊ မြန်မာအစိုးရဝန်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ကိုလာပြီး ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ ဘေးဒုက္ခသည်တွေကို ကြည့်ခဲ့ကြပေမဲ့လည်း တိုးတက်မှုမရှိသလောက်ပဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကပြောပါတယ်။
ကမ္ဘာတဝန်း ရုရှားရဲ့ မသမာတဲ့လုပ်ရပ်တွေကို တုံ့ပြန်ဖို့ဆိုပြီး ရုရှားနိုင်ငံက လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီ စုစုပေါင်း ၃၈ ခုကို အရေးယူ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တဲ့ အထဲမှာတော့ ရုရှားသမ္မတ Vladimir Putin ရဲ့ အနီးကပ်မဟာမိတ် အလျုမီနီယံလုပ်ငန်းရှင် Oleg Deripaska အပါအဝင် ရုရှားနိုင်ငံက သြဇာအရှိန်အဝါ ကြီးမားသူ လူပုဂ္ဂိုလ် ၇ ဦးနဲ့ သူတို့ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ လုပ်ငန်း ၁၂ ခုတို့ ပါဝင်ပါတယ်။
တောင်ကိုးရီးယားသမ္မတဟောင်း Park Geun–hye ကို အာဏာအလွှဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် တောင်ကိုးရီးယားတရားရုံးက ထောင်ဒဏ် ၂၄ နှစ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်