မလေးရှားနိုင်ငံမှာ ရှေ့လထဲ ကျင်းပဖို့ မျှော်လင့်ထားကြတဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးလိုက်တဲ့အနေနဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ ဝေဖန်ခံနေရပေမဲ့လည်း ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ် Najib ပြန်အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။
နောက်သီတင်းပတ်မှာလုပ်မယ့် အမေရိကတိုက်နိုင်ငံမှာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် သွားတဲ့အခါ ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ မျှော်လင့်မထားဘူးလို့ သမ္မတအိမ်ဖြူတော် တာဝန်ရှိ သူတွေက ပြောပါတယ်။
အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ပြည်ထောင်စုကာကွယ်ရေးအရံတပ်ဖွဲ့ဝင် အရေအတွက် အကြမ်းအားဖြင့် ၂ ထောင်ကနေ ၄ ထောင် အထိစေလွှတ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဆက်နေနေကြတဲ့ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို အကာ အကွယ်ပေးရေးနဲ့ လုံလောက်တဲ့ လူသားစာနာမှုအကူအညီပေးရေး အာဆီယံအဖွဲ့အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေ အားလုံးက လုပ်ဆောင်ကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ တိုးတက်မှုတွေ မရှိသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပြောဆိုလိုက်ပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီစခန်းသစ်ကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား နျူကလီယား တင်းမာမှုပြဿနာ အဖြေရှာနိုင်ရေး ဒီလနှောင်းပိုင်းလုပ်ဖို့ စီစဉ်ထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတစ်ခုကိုဒီနေ့ ကျင်းပခဲ့ပါတယ်။
ရုရှားနိုင်ငံက နှင်ထုတ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အမေရိကန်သံတမန်တွေနဲ့ မိသားစုဝင်တွေဟာ ဒီနေ့မှာပဲ မော်စကိုမြို့တော်က အမေရိကန် သံရုံးကနေ ထွက်ခွာခဲ့ကြပါတယ်။
ဆီးရီးယားမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပါဝင်ပတ်သက်နေမှုဟာ မကြာခင်မှာပဲပြီးဆုံးတော့မယ်လို့ သမ္မတအိမ်ဖြူက ပြောကြားခဲ့ပေမယ့် ဘယ်အချိန်မှာ အမေရိကန်တပ်တွေ အိမ်ပြန်မယ်ဆိုတာကို သိရဖို့ အထပ်ထပ်အခါခါမေးနေပေမယ့် ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့တာပါ။
ဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ဧပြီလ ၁၁ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး Cox’s Bazar က ဒုက္ခသည် စခန်းတွေကို ဧပြီ ၁၂ ရက်နေ့မှာ သွားရောက်ကြည့်ရှုမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရုံး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Dhaka Tribune မှာ ဖေါ်ပြထားပါတယ်။
မြန်မာသမ္မတသစ် အဖြစ်ခန့်အပ်ခြင်းခံရသူ ဦးဝင်းမြင့်ကို စင်္ကာပူသမ္မတ Halimah Yacob နဲ့ ဝန်ကြီးချုပ် Lee Hsien Loong တို့က ဂုဏ်ပြုကြိုဆိုကြောင်း စာလွှာပေးပို့ခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီနေ့ဟာ အမေရိကန်မှာ ထင်ရှားတဲ့ နိုင်ငံသား အခွင့်အရေးတောင်းဆိုမှု ခေါင်းဆောင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Dr. Martin Luther King လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အနှစ် ၅၀ မြောက်နေ့ဖြစ်ပါတယ်။
သတင်းအကျဉ်းချုပ် ၀၄.၀၄.၂၀၁၈
တရားမဝင်ဝင်ရောက်လာသူတွေထပ်မရှိအောင် မက္ကဆီကို နယ်ခြားမှာ တပ်တွေချထားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က သတင်းထောက်တွေကို ပြော၊ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို စွဲချက်တင်သင့်၊ မတင်သင့် လာမယ့် ဧပြီ ၁၁ရက်နေ့ ရုံးထုတ်ချိန်မှာ ဆုံးဖြတ်ဖို့ရှိ၊ စသည်
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုက ၅၀ ဘီလျံတန်ဖိုးရှိတဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်သွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ အမေရိကန်ဘက်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ဆောင်ရွက်အပြီး တရုတ်ဘက်က အခုလို လက်တုံ့ပြန်တာပါ။
ဧပြီလ ၃ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း အန္တရာယ်နိုးကြားမှုရှိစေရေးနေ့မှာ မြန်မာအစိုးရအနေနဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဆောင်ရွက်ဖို့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးတွေက တိုက်တွန်းခဲ့ကြပါတယ်။
အမေရိကန်- မက်ဆီကိုနယ်စပ်မှာ နောက်ထပ်တရားမဝင် ဝင်ရောက်လာသူတွေမရှိအောင် တပ်တွေချထားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ဟာ ရုရှားနဲ့ အဆင်ပြေလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း Baltic ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဖက် California ပြည်နယ်က YouTube ကုမ္ပဏီဌာနချုပ်ဝန်းထဲမှာ အင်္ဂါနေ့ နေ့ခင်းပိုင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသမီးတယောက်ဟာ အဲဒီနေရာမှာပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားပုံရပါတယ်။ အမျိုးသမီးတယောက် ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်တဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့ဝင်တွေ တွေ့ရှိတယ်လို့ San Bruno မြို့ ရဲချုပ် Ed Barberini ကပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်တဲ့ နေရာ အဖြစ် အိမ်ဖြူတော်ကို အမေရိကန် သမ္မတ Donald Trump ဘက်က အဆိုပြုထားကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ပြောဆိုပါတယ်။ ခေါင်းဆောင် ၂ ဦးကြား မတ်လ ၂၀ ရက် က တယ်လီဖုန်း ဆက်သွယ်မှုမှာ အခုလို အဆိုပြုခဲ့တာပါ။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၅၆ ဦး လိုက်ပါလာတဲ့ စက်လှေကို မလေးရှား အာဏာပိုင်တို့က ဒီကနေ့ အင်္ဂါနေ့မှာ ကြားဖြတ်တားဆီးလိုက်ပြီး လိုက်ပါလာသူတွေကို ကမ်းခြေကို ခေါ်ဆောင်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်