သတင်းအကျဉ်းချုပ် ၀၄.၀၃.၂၀၁၈
အမေရိကန်၊တရုတ် ကုန်သွယ်ရေးစစ်ဖြစ်လာမှာစိုးရိမ်မှုတွေကြား အာရှနဲ့ ဥရောပက စတော့ရှယ်ယာ ဈေးကွက်တွေ ဒီကနေ့ကျဆင်း၊ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အကြီးအကဲတွေ ဒီလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နိုင်၊ စသည်
တောင်အာဖရိကနိုင်ငံမှာ လူမျိုးရေးနဲ့ အသားရောင်ခွဲခြားမှုကို ထိပ်တန်းက ဆန့်ကျင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၊ တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ရဲ့ ဇနီးဖြစ်ခဲ့သူ Winnie Mandela ဟာ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်၊၊ အချိန်အတော်ကြာ နာမကျန်းဖြစ်ပြီးတဲ့နောက် တနင်္လာနေ့က ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန်သွားတယ်လို့ မိသားစုပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူစလင်တွေရဲ့ အခြေအနေကို ကိုယ်တိုင်ကြည့်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခုဧပြီလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က Amazon အွန်လိုင်းဈေးကွက်ကို နောက်ထပ် တိုက်ခိုက်ပြောဆိုမှုတွေလုပ်ခဲ့တာနဲ့ ကုန်သွယ်ရေးစစ်ပွဲ စတင်လာတဲ့အနေအထားမှာ အမေရိကန်ရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်တာနဲ့ ပတ်သက်ပြီး တရုတ်က အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ပြီး ပြန်တုံ့ပြန်ခဲ့တဲ့ နောက်မှာ အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးကွက်ဟာ တနင်္လာနေ့မှာပဲ နောက်တခါထပ်ပြီး ထိုးကျခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံ မြို့တော် Damascus မြို့ပြင် Ghouta အရှေ့ပိုင်း ဒေသတွင်းက အကြီးဆုံး သူပုန်အဖွဲ့ကို သူတို့ နောက်ဆုံး ထိန်းချုပ်ထားရာ ဒေသကနေ စတင်ပြောင်းရွှေ့နေပြီလို့ ဆီးရီးယား နိုင်ငံပိုင် မီဒီယာက ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်တွေပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေထဲက သေဆုံးသူ အရေအတွက် ၁၇ ဦး အနည်းဆုံးရှိသွားပြီဖြစ်ကြောင်း ပါလက်စတိုင်းဖက်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ လူတွေ ထောင်နဲ့ချီလည်း ဒဏ်ရာရခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုထဲ နောက်ထပ်သေဆုံးသူ တစ်ဦးကို ထပ်မံ အတည်ပြုပေးခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်ပြဿနာ အငြင်းပွါးနေမှုဖြေရှင်းရာမှာ သည်းခံမှုရှိကြဖို့ ဗီယက်နမ်နဲ့ တရုတ် ၂ နိုင်ငံက သဘောတူလိုက် ကြပါတယ်။ဗီယက်နမ်နိုင်ငံ ဟနွိုင်ကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ တွေ့ဆုံပွဲအပြီး တနင်္ဂနွေနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားခဲ့တာပါ။
တနင်္ဂနွေနေ့က Pyongyang မှာ ရှားရှားပါးပါးကျင်းပခဲ့တဲ့ K-pop လို့ခေါ်တဲ့ တောင်ကိုရီးယား Pop အဆိုတော်လေးတွေရဲ့ ပွဲကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သူ့ဇနီးတို့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတပ်ဖွဲ့တွေက စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေးတရပ် တနင်္ဂနွေနေ့က လုပ်တာမှာ သီးခြားဖြစ်စဉ်သုံးခုအတွင်း လူ ၁၈ ယောက် သေဆုံးပါတယ်။
အချိန်တို ရက်သီတင်းပတ် တပတ်အတွင်း သမ္မတသစ်ကို ရွေးချယ်နိုင်တာဟာ နိုင်ငံရဲ့ ရင့်ကျက်တည်ငြိမ်မှုကိုပြသတာဖြစ်ပြီး၊ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဝန်ထမ်းများနဲ့ အစိုးရဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။ Foal Eagle နဲ့ Key Resolve စစ်ဆင်ရေးတွေကို မတ်လလောက်မှာ စတင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ တောင်ကိုရီးယားမှာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပနေတာကြောင့်ရော မြောက်နဲ့ တောင်ကိုရီးယားကြား ဆွေးနွေးမှုတွေ စတင်နိုင်တဲ့အခြေအနေမျိုး ပေါ်ပေါက်လာအောင် စောင့်ဆိုင်းနေရတာကြောင့် တလလောက် ကြံ့ကြာအပြီး ဒီကနေ့မှ စတင်နိုင်တာပါ။
ဧရာဝတီတိုင်းအတွင်းက ရွေးမြစ်ကူး မြောင်းမြကြိုးတံတား ဒီကနေ့ မနက်အစောပိုင်းမှာ ပြတ်ကျ ပျက်စီးသွားပါတယ်။ တံတားပြတ်ကျစဉ်မှာ ကူးဖြတ်နေတဲ့ ကုန်ကားတစင်း မြစ်ထဲကို ကျသွားပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပါသွားခဲ့တာပါ။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တိုးတက်ကောင်းမွန်ဖို့ အိန္ဒိယနိုင်ငံက ကြိုးပမ်းနေချိန်မှာပဲ တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး Dalai Lama ရဲ့ အိန္ဒိယရောက် နှစ် ၆၀ ပြည့်အခမ်းအနားကို ပျော်ပွဲရွင်ပွဲတွေနဲ့ တနှစ်ပတ်လုံးကျင်းပဖို့ တောင်ပေါ်မြို့ဖြစ်တဲ့ Dharamsala မှာစနေနေ့စတင်ကျင်းပပါတယ်။
စနေနေ့က ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ မန်ချက်စတာ စီးတီးနဲ့ အဲဗာတန်တို့ပွဲမှာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို အနိုင်ရလိုက်တာကြောင့် မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ နိုင်ပွဲတပွဲပဲ လိုပါတော့တယ်။
ဆက်ပြီးသုံးမရတော့တဲ့ တရုတ်အာကာသစခန်းတခု ဒီသီတင်းပတ်ကုန်ပိုင်းမှာ ကမ္ဘာမြေဆီကို ပြန်ကျလာမယ့်အခြေအနေကို အာကာသသိပ္ပံပညာရှင်တွေ စောင့်ကြည့်နေကြပါတယ်။
လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ အရေးပေါ် အကူအညီပေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြီးအကဲ Ursula Mueller ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကုလသမဂ္ဂက မတ်လ ၃၁ ရက်၊ စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုရီးယားကျွန်းဆွယ်အရေး နိုင်ငံရေးအရ ပြေလည်မှုတခုရအောင် လုပ်ဆောင်သွားဖို့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန် ကတိကဝတ်ပြုလိုက်ကြပါတယ်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် Yang Jiechi နဲ့ တောင်ကိုရီး ယားသမ္မတ Moon Jae-in တို့ သောကြာနေ့က ဆိုးလ်မြို့တော်၊ သမ္မတအိမ်ပြာတော်မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အဲဒီလို ကတိပြုလိုက်ကြတာပါ။
တူရကီနဲ့ YPG ခေါ်ဆီးရီးယား ကာဒ်သူပုန်တို့အကြား ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ပြင်သစ်ရဲ့ ကမ်းလှမ်းချက်အပေါ် တူရကီအစိုးရက ဒေါသပုန်ထခဲ့ပါတယ်၊၊
မတ်လ ၃၀ ရက်နေ့ မနက် ၂ နာရီလောက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကမဲဆောက် ကိုလာတဲ့ ခရီးသည်တင် ဘတ်စ်ကားမီးလောင်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေပြုလုပ်ခဲ့ ပါတယ်၊၊
နောက်ထပ်ကြည့်ရှုရန်