အစ္စရေးလ်နဲ့ ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တလျှောက်မှာ အစ္စရေးလ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သောကြာနေ့က ပါလက်စတိုင်းလူမျိုး ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဌာနကပြောပါတယ်။
ပါကစ္စတနိုင်ငံက နျူကလီးယားထိပ်ဖူးတပ်နိုင်ပြီး ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ခရုဇ်ဒုံးကျည် နောက်တစင်းကို အောင်အောင်မြင်မြင် ပစ်လွှတ် စမ်းသပ်လိုက်ပြီး အဲဒီဒုံးကျည်ဟာ မိုင် ၂၈၀ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ကြာသပတေး နေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တည်ငြိမ်လာပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောလိုက်ပါ တယ်။ လက်ရှိအစိုးရသက်တမ်းပထမနှစ် ၂၀၁၆-၁၇ မှာ စိုက်ပျိုးရေးထွက်ကုန်နဲ့ပို့ကုန် လျော့ကျတာ၊ ရန်ကုန်တိုင်းမှာ ဆောက်လုပ်ရေးစီမံကိန်းတချို့ကို ယာယီ ရပ်ဆိုင်းလိုက်တာတွေကြောင့် ခန့်မှန်းတိုးတက်မှုနှုန်း ၅.၉% အောက် ပိုနည်းခဲ့တယ် လို့ မတ်လ ၂၈ ရက်နေ့စွဲနဲ့ IMF ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရုရှားသံတမန် အယောက် ၆၀ ကို အမေရိကန်က နှင်ထုတ်ပြီးတဲ့နောက် ရုရှားက လက်တုန့်ပြန် တဲ့အနေနဲ့ အမေရိကန်သံတမန် အယောက် ၆၀ ကို နိုင်ငံကနေထွက်သွားဖို့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောတဲ့ အပေါ် အမေရိကန်ဘက်က တုံ့ပြန်ပြောဆိုတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဧပြီ (၂၇)ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ သမတ Donald Trump က သူ့ အစိုးရအဖွဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေရာမှာ၊ စစ်ပြန်များရေးရာဝန်ကြီးဌာန ဝန်ကြီး David Shulkin ကို ဗုဒ္ဓဟူးနေ့က ရာထူးက ဖယ်ရှားလိုက်ပါတယ်။
သမ္မတ Donald Trump ရွေးချယ်ထားတဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton ဟာ မြောက်ကိုရီးယား နဲ အီရန်နိုင်ငံအရေးနဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားအမြင်ရှိသူဖြစ်ပြီး အနောက်နိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းမှာ ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုန့် ပြန်ဖို့ ဖိအားပေးနေသူလည်းဖြစ်ပါတယ်၊၊
ဖမ်းဆီးခံ Reuter သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ကို ကိုလိုနီခေတ်ကပြဌာန်းခဲ့တဲ့ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုကို ဇန်နဝါရီလက စတင်ကြားနာခဲ့ပြီး ပြစ်မှုထင်ရှားရင် သူတို့အနေနဲ့ ထောင်ဒဏ် ၁၄ နှစ်အထိကျခံရနိုင်ပါတယ်၊၊
တရုတ်နိုင်ငံဘေးဂျင်းမြို့တော်ကို လျှို့ဝှက်စွာလာရောက်သွားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ကိုရီယားကျွန်းဆွယ်မှာ န ျူကလီယားကင်းမဲ့ရေးအတွက် ပိုင်းဖြတ်ထားသလို၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်သွားမယ်လို့ အတည်ပြုပြောဆိုတဲ့အကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ပါတယ်။
ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ကို အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရုရှားအစိုးရ ရှိနေတာ သိသာထင်ရှားလွန်းတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ရုရှားတို့ရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုပါတယ်။
မြန်မာ့သမိုင်းမှာ ၁၀ ဦးမြောက် ဖြစ်မယ့် နိုင်ငံတော်သမ္မတ ရာထူးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို ပြည်ထာင်စုလွှတ်တော်ကနေ ရွေးချယ်လိုက်ပါပြီ။ ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်အပါအဝင် ဒု သမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်ကနေ မဲပေးရာမှာ နိုင်ငံတော်သမ္မတအဖြစ် ထောက်ခံမဲ ၄၀၃ မဲနဲ့ ဦးဝင်းမြင့် ရွေးချယ်ခံခဲ့ရတာပါ။
မြန်မာပြည်က ပြည်သူသန်းနဲ့ချီကို စိတ်ပျက်အားလျော့၊ မျှော်လင့်ချက်ကင်းမဲ့နေစေတဲ့ အမုန်းတရား၊ မမျှတမှုနဲ့ လူမျိုးရေးပဋိပက္ခဆိုတဲ့ အစိုင်အခဲတွေကို ဖယ်ရှားပစ်ဖို့ Vatican ဆိုင်ရာ မြန်မာနိုင်ငံ ရဟန်းမင်းအမတ် Cardinal Charles Maung Bo က Easter သတင်းစကားထဲမှာ တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းနဲ့သူ့သမီးတို့ကို စစ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်မှုမှာ ရုရှားက နောက်ကွယ်မှာ ရှိနေတာ သိပ်ကိုသိသာတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောကြားရင်း ရုရှားရဲ့ အန္တရာယ်ကြီးတဲ့ ပရမ်းပတာလုပ်ရပ်အတွက် ဝေဖန်ပြစ်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်ယောက်မြောက် သမ္မတကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ဆယ်နာရီမှာ ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၆၀ (က) အရ နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်ရေးတင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
တရုတ်သမ္မတ လည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှုးလည်း ဖြစ်တဲ့ Xi Jinping ရဲ့ ဖိတ်ကြားချက်အရမြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ တရုတ်နိုင်ငံကို မတ်လ ၂၅ ရက် တနင်္ဂနွေနေ့ကနေ မတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့အထိ ရောက်ရှိနေကြောင်း တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းက အတည်ပြုပါတယ်။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် ၂၀၁၁ ခုနှစ်မှာ အာဏာရခဲ့ချိန်ကစပြီး ပထမဆုံးသွားရောက်တဲ့ နိုင်ငံခြားခရီးစဉ် လည်းဖြစ်ပါတယ်။
သူလျှိုတွေလို့ စွပ်စွဲခံထားရတဲ့ ရုရှားသံဝန်ထမ်း အယောက် ၆၀ အမေရိကန်ပြည်ထောင်စုထဲကနေ တပတ်အတွင်းက ထွက်သွားဖို့ တနင်္လာနေ့တုန်းက အမိန့်ထုတ်ပြန် ကြေညာလိုက်တဲ့အပေါ် ရုရှားအစိုးရက တုန့်ပြန်မယ့်အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်ထားတယ်လို့ ယူဆရတဲ့ ရထားတစင်းဟာ အင်္ဂါနေ့ နေလည်ပိုင်း ဘေးဂျင်းကနေ ထွက်ခွာသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပြီး၊ မြို့တော်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ တရုတ်နိုင်ငံဆီကို ကြေညာထားခြင်းမရှိဘဲသွားခဲ့တယ်လို့ အမည်မဖော်တဲ့ သတင်းဇစ်မြစ် ၃ ခုကို ကိုးကားပြီး Bloomberg News က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၉ ရက်တနင်္လာနေ့က ကချင်ပြည်နယ် ပူတာအို တပ်နယ်ရှိ အရာရှိ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ နိုင်ငံရေး အခြေနေ အမျိုးမျိုးကြောင့် မြန်မာစစ်တပ်အပေါ် မုန်းတီးမှု ဖြစ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။
ထောက်လှမ်းရေးသမားတွေလို့ အမေရိကန်က ပြောဆိုထားတဲ့ ရုရှား သံတမန် ၆၀ တို့ သီတင်းတပတ် အတွင်း နိုင်ငံတွင်းကနေ ထွက်ခွာသွားဖို့ အမေရိကန်က ဒီကနေ့ တနလာၤနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်