Donald Trump အမေရိကန် သမ္မတ မဖြစ်ခင်က သူနဲ့ အချစ်ဇာတ်လမ်း ရှိခဲ့တယ်လို့ ပြောဆိုထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ရိုက်ကူးသူ သရုပ်ဆောင် Stormy Daniels က သူ့အနေနဲ့ ဒီအကြောင်းကို ပြန်ပြောဖို့ ကြိုးစားတာမှာ ခြိမ်းခြောက်ခံရတဲ့အကြောင်းနဲ့ သူ့ရဲ့ မိသားစုအတွက် စိုးရိမ်ရတာကြောင့် မစ္စတာ Trump ရဲ့ ရှေ့နေတဦးက တဆင့် ပေးတဲ့ နှုတ်ပိတ်ကြေး ငွေကို လက်ခံခဲ့ရတယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ ပြောဆိုသွားပါတယ်။
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ သမ္မတဟောင်း Carles Puigdemont အဖမ်းခံရတာကို မကျေနပ်လို့ မြို့တော် Barcelona မှာ တနင်္ဂနွေနေ့ချီတက်ဆန္ဒပြကြတဲ့ ခွဲထွက်ရေးလိုလားသူတွေနဲ့ အဓိကရုန်းနှိမ်နင်းရေးရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာ လမ်းမတွေပေါ်ထွက်လာခဲ့ကြတာဖြစ်ပြီး ဒီဆန္ဒပြပွဲမှာ လူ ၅၀ လောက် ဒဏ်ရာရခဲ့တာပါ။
“ကုန်သွယ်ရေးစစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ အနုတ်သဘောဆောင် သက်ရောက် မှုတွေကိုပဲ ဦးတည်စေပါလိမ့်မယ်၊ လမ်းကြောင်းကိုဆန့်ကျင်တဲ့ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုဟာ ဘယ်ကိုမှ ဦးတည်စေမှာ မဟုတ်ဘူးလို့ ကျနော်တို့ယူဆပါတယ်” ဆိုပြီး တရုတ် ဒုတိယဝန်ကြီးချုပ် Han Zheng ကပြောပါတယ်။
Facebook ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ရဲ့ စာတမျက်နှာအပြည့် တောင်းပန်စုတခု ဗြိတိန်နဲ့ အမေရိကန်က အဓိက သတင်းစာကြီးကိုးခုမှာ ပါလာပါတယ်။ Facebook အသုံးပြုသူ သန်းပေါင်းများစွာရဲ့ ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ ယုံကြည်မှုဆိုင်ရာ ကြီးမားတဲ့ချိုးဖောက်မှုကြီးအတွက် အခုလို တောင်းပန်လိုက်တာပါ။
အိန္ဒိယ-မြန်မာ ရေတပ် ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ မြန်မာရေတပ်က ဆင်ဖြူရှင် တိုက်သင်္ဘောနဲ့ အင်းလေး ကမ်းလွန်ကင်းလှည့်သင်္ဘောတို့ဟာ အိန္ဒိယနိုင်ငံ၊ Vishakhapatnam ဆိပ်ကမ်းကို တနင်္ဂနွေနေ့က ရောက်သွားကြပါပြီ။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပုဂ္ဂိုလ်ရေး ဦးဆောင်မှုကို အမေရိကန်သမ္မတ Donald Trump က ချီးကျူးပြောဆိုလိုက်ပါတယ်။
စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ကာတာလိုနီးယား ဒေသရဲ့ သမ္မတဟောင်း Carles Puigdemont ကို ဒီကနေ့ ဂျာမနီ နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံကနေ ဂျာမနီနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာချိန်မှာ ဖမ်းဆီးလိုက်တာလို့ ဂျာမနီ ရဲ အဖွဲ့က ပြောပါတယ်။
လူငယ်တွေ အနေနဲ့ သူတို့ ယုံကြည်ရာကို နုတ်ဆိတ် မနေဘဲ ယုံကြည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်ကြဖို့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က အားပေးတိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာတဝှမ်း အပင်နဲ့ တိရစ္ဆာန် အရေအတွက်ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂ လေ့လာချက်တရပ်မှာ တွေ့ရှိခဲ့ပါတယ်၊၊
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက Trebes မြို့က စူပါမားကက်တခုမှာ ဓားစာခံဖမ်းစီးမှု အတွင်း လူ၃ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ရဲကအသေဖမ်းမိတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်၊၊
အမေရိကန်အစိုးရ အသုံးစရိတ် ဒေါ်လာ သန်းပေါင်း ၁.၃ သန်းခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မကျေမနပ်နဲ့ပဲ လက်မှတ်ထိုး ပြဌာန်းပေးလိုက်ပါတယ်။ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ ခြိမ်းခြောက်အပြီး နာရီအတော်အကြာ မှာ အခုလို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တာပါ။
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Trebes မြို့က Supermarket ဆိုင်တဆိုင်မှာ ဒီကနေ့ ဓားစာခံဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး၊ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို သစ္စာခံလို့ ဆိုသူတယောက်ရဲ့ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက တင်သွင်းကုန်တွေအပေါ် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် တန်ဘိုးရှိတဲ့ အခွန်တွေစည်းကျပ်မယ့် အစီအစဉ်ဟာ ကုန်သွယ်မှုတွေမှာ အန္တရာယ်ရှိတဲ့ အခြေအနေတရပ်ကို တွန်းပို့ရာရောက်လိမ့်မယ်လို့ တရုတ်နိုင်ငံက တုံ့ပြန်သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် H. R. McMaster နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း John Bolton ကို အစားထိုး ခန့်ထားမယ်လို့ ကြာသပတေးနေ့ ညနေပိုင်း မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးရန်ကင်းကင်း၊ ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် ရေရှည်နေနိုင်မယ့် အခြေအနေမျိုးနဲ့ နေရပ်ရင်းပြန်နိုင်အောင် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မတ်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။
အသက် ၇၀ တန်းရှိနေကြပြီဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ လက်ရှိအမေရိကန် သမ္မတ Donald Trump တို့ ၂ဦးဟာ တဦးအပေါ်တဦး စကားနဲ့ တိုက်ခိုက်ပြောဆို ခဲ့ကြပါတယ်၊၊
နောက်ထပ်ကြည့်ရှုရန်