အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီနဲ့ ကာလီဖိုးနီးယားပြည်နယ်တွေကြားက ပစိဖိတ်သမုဒ္ဒရာရေပြင်မှာ မျောနေတဲ့ ကမ္ဘာ့ အကြီးဆုံး ပလတ်စတစ်အမှိုက်ထုကြီးဟာ အခုဆိုရင် ပြင်သစ်၊ ဂျာမနီနဲ့ စပိန် သုံးနိုင်ငံပေါင်း အရွယ်အစားထက် ပိုကြီးလာပါပြီ။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့ မိုးခေါင်ရေရှားတာကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ တဝန်း ငတ်မွတ်ခေါင်းပါးသူအရေအတွက် ပိုများခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံဖိုးလောက်ရှိတဲ့ တရုတ်တင်သွင်းကုန်ပစ္စည်းအမျိုးပေါင်း ၁,၃၀၀ နီးပါးအပေါ် ကုန်သွယ်ခွန် စည်းကျပ်ရေး စတင်လုပ်ဆောင်ရမယ့် သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်တခုကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါပြီ။
စီးပွားရေးမှာ မမျှမတဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံအပေါ် အရေးယူမယ့် အစီအစဉ်တရပ်ကို သမ္မတ Donald Trump ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်သံရုံးက ပေးအပ်တဲ့ မြန်မာနိုင်ငံထဲ ပြုပြင်ပြောင်းလဲရေး အမျိုးသမီး စွမ်းဆောင်ရှင်ဆု ကိုတိုင်းရင်းသား အမျိုးသမီးတစ်ဖွဲ့နဲ့ မသန်စွမ်း အရေးဆောင်ရွက်နေသူတစ်ဦး၊ နောက် ကျန်းမာရေးအဆင့်မြင့်တင်ရေး ဆောင်ရွက်နေသူ တစ်ဦး တို့ကို ပေးအပ်လိုက်ပါတယ်။
အာရုံကျောထိ ဓာတုအဆိပ် သုံးခဲ့တဲ့အတွက် ရုရှားနိုင်ငံ တာဝန်ယူမှုရှိစေရေး အရေးယူလုပ်ဆောင်ဖို့ လိုတယ်ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ဗုဒ္ဓဟူးနေ့ တယ်လီဖုန်းဆက် ဆွေးနွေးချိန် သဘောတူခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်
အီရန် နျူကလီးယားအရေး သဘောတူညီချက်မှာ အပြောင်းအလဲတွေလုပ်ဖို့ ဥရောပက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြီးခဲ့တဲ့သီတင်း ပတ်က အပြုသဘောဆောင် ဆွေးနွေးတာတွေရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ “ဆွေးနွေးပြောဆိုမှု ငြိမ်းချမ်းရေးထိုးစစ်” လုပ်ဖို့ မကြာသေးခင်က ကမ်းလှမ်းတာဟာ နိုင်ငံ့ အင်အားရဲ့ ရလဒ်သာဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတဲ့ ဖိအားကြောင့် မဟုတ်ဘူးလို့ မြောက် ကိုရီးယားက ပြောလိုက်ပါတယ်။
Texas ပြည်နယ်မှာ လူအသေအကျေရှိခဲ့တဲ့ ပါဆယ်ဗုံးတွေတောက်လျှောက်ထောင်ခဲ့ သူအဖြစ် သံသယရှိထားသူဟာ ဒီနေ့ပဲ သူ့ကားထဲမှာ သူ့ကိုယ်သူ ဗုံးခွဲ အသေစီရင်သွားပါတယ်။
သမ္မ ဦးထင်ကျော် ရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဒီနေ့မှာပဲ လွှတ်တော်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တာဝန်ကနေ နုတ်ထွက်လိုက်ပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော် ရာထူးက အနားယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ တာဝန်က အနားယူမှာဖြစ်ကြောင်း သမ္မတရုံး ကြေညာချက်က ဖော်ပြခဲ့ပေမဲ့ မကြာသေးခင် လတွေက ကျန်းမာရေးကြောင့် ပြည်ပမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ သမ္မတ ဦးထင်ကျော် အနားယူသွားတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမသွားပါဘူး။
ရုရှား သမ္မတ Vladimir Putin ရွေးကောက်ပွဲ ထပ်မံအနိုင် ရရှိတာကြောင့် အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့က ဖုန်းကနေတဆင့် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးဆွေးနွေးပွဲတွေကိုလည်း မကြာမီလုပ်သွားမယ်လို့လည်း သဘောတူကြတာပါ။
ကွယ်လွန်သူ ရူပဗေဒပညာရှင် Stephen Hawking ရဲ့ အရိုးပြာကို နာမည်ကျော် သိပ္ပံပညာရှင်ကြီး Sir Isaac Newton ရဲ့ဂူဘေးမှာ မြှုပ်နှံမယ်လို့ လန်ဒန်က Westminster Abbey ကအင်္ဂါနေ့မှာ ကြေညာပါတယ်။
ကမ္ဘာကျော် Facebook အင်တာနက် လူမှုကွန်ယက်လုပ်ငန်းဟာ ဗြိတိန်နဲ့အမေရိကန်အစိုးရတို့ရဲ့ စုံစမ်းစစ်ဆေးမှုအသစ် တွေကို ခံရမယ့်အခြေအနေရှိနေပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်နေတဲ့ ကြားကပဲ ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်ကနေဖြတ်ပြီး လျှပ်စစ်ဓါတ်အားပေးမယ်လို့ တရုတ်က အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဌာန အတွင်းဝန် Ahmad Kaikaus ရဲ့ အင်္ဂါနေ့ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဝါရှင်တန်မြို့တော်တောင်ဘက် မိုင် ၇၀ ခန့်အကွာမှာရှိတဲ့ St. Mary ခရိုင်က Great Mills အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွါးတာကြောင်း ကျောင်းသူကျောင်းသားတွေ အဝင်အထွက်ကို ပိတ်ထားလိုက်ပါတယ်။
တရုတ်နိုင်ငံမှာကျင်းပနေတဲ့နှစ်ပတ်လည် ပြည်သူ့ကွန်ဂရက် ပြီးဆုံးတဲ့ အင်္ဂါနေ့မှာ သမ္မတ Xi Jinping က အမျိုးသားရေးဆန်တဲ့သဘောမျိုး အပိတ်မိန့်ခွန်းမှာထည့်သွင်း ပြောဆိုသွားပါတယ်။
ဒုက္ခသည်ကူညီရေး အဖွဲ့တွေအနေနဲ့ အကူအညီပေးရေးဆောင်ရွက်ရာမှာ အခက်အခဲအတွေ့ရဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ထိပ်ဆုံးကပါဝင်ကြောင်း ACAPS အဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စမ်းသပ်မောင်းနှင်နေတဲ့ အလိုအလျောက်မောင်းနှင်ကားတစ်စီးက တိုက်မိခဲ့လို့ အသက် ၄၉ နှစ်အရွယ် ရှိ Elaine Herzberg သေဆုံးရတာဟာ နည်းပညာအသစ်နဲ့ ဆက်နွယ်ပြီး ပထမဆုံး လူသေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုလို့ ပြောရမှာပါ၊၊
ဆီးရီးယားနိုင်ငံမြောက်ပိုင်းက Kurd လူမျိုးအများစုနေထိုင်တဲ့ Afrin မြို့ကို တူရကီက သိမ်းပိုက်ခဲ့ပြီးနောက် ဆီးရီးယားက Kurd တွေ အခိုင်အမာ တပ်စွဲထားတဲ့ နေရာတွေအပေါ် စစ်ဆင်ရေးတိုးလုပ်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ကတနင်္လာနေ့ က အခိုင်အမာပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်