အမေရိကန်ပြည်ထောင်စုမှာ ဆရာဝန်အညွှန်းစာနဲ့ဝယ်ယူနိုင်ပြီး အကိုက်အခဲပျောက်ဆေး၊ ထုံဆေးလိုအသုံးပြုတဲ့ Opioid မူးယစ်ဆေးစွဲမှု ပြဿနာကို တိုက်ဖျက်မယ့် အစီအစဉ်ကို သမ္မတ Donald Trump ကတနင်္လာနေ့က ကြေညာခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အင်္ဂါနေ့ မှာ Sydney မြို့က တတ်သိပညာရှင်များအဖွဲ့တခုမှာ ဟောပြောမယ့်အစီအစဉ်ကို ကျန်းမာရေးကြောင့် ဖျက်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းတဲ့အတွက် ဟောပြောပွဲကို မတက်နိုင်တော့ဘူးလို့ မြန်မာသံရုံးက အကြောင်းကြားတဲ့အတွက် ဟောပြောပွဲကို ဖျက်လိုက်တယ်လို့ Lowy Institute က အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား သမ္မတ ရွေးကောက်ပွဲက အစီအစဉ် တကျ လုပ်ခဲ့ပေမယ့် မှန်မှန်ကန်ကန် ရွေးချယ်ခွင့် မရခဲ့ဘူးလို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCEက ပြောဆိုလိုက်ပါတယ်။ မဲထွက် ထည့်မယ့်သူ များလာရေး ဆောင်ရွက်ခဲ့တာကြောင့် မဲထွက်ထည့်သူ အရေအတွက် သိသိသာသာ ရှိခဲ့ပေမယ့်လည်း အခြေခံ လွတ်လပ်ခွင့်နဲ့ ကိုယ်စားလှယ် မှတ်ပုံတင်မှု အပေါ် တားမြစ်ချက်တွေကြောင့် နိုင်ငံရေး လှုပ်ရှားမှုကို အကန့်အသတ် ဖြစ်စေပြီး မရိုးသားတဲ့ ယှဉ်ပြိုင်မှု ဖြစ်စေခဲ့တယ်လို့ OSCE ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ကြေညာချက်မှာ ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်အစီအစဉ်တွေအဆုံးသတ်နိုင်ရေးရည်ရွယ်တဲ့တောင် နဲ့ မြောက်ကိုရီးယား ၂နိုင်ငံထိပ်သီးဆွေးနွေးပွဲ၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲတွေ ဘယ်နေရာမှာ ဘယ်လိုအစီအစဉ်တွေနဲ့သတ်မှတ်ကျင်းပမယ်ဆိုတာကို သံတမန်ရေး အရ အရှိန်မြှင့်ညှိနှိုင်းနေကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ CIA ဒါရိုက်တာ Mike Pompeo ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းတာနဲ့ လက်ရှိ CIA ဒုတိယအကြီးအကဲ Gina Haspel ကို CIA အကြီးအကဲအဖြစ် ခန့်အပ်ဖို့ လျာထားတာတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကင်ပါတီက အထက်လွှတ်တော်အမတ် ၂ ဦးကြား သဘောထား ကွဲလွဲနေကြပါတယ်။
မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကြားမှာပဲ ရုရှားလက်ရှိသမ္မတ Vladimir Putin အနိုင်ရနေကြောင်း ကနဦးရွေးကောက်ပွဲ ရလဒ်တွေက ဖော်ပြနေပါတယ်။ တနင်္ဂနွေနေ့ မဲပေးကြတဲ့ ရုရှားနိုင်ငံသားတွေကတော့ ဘယ်သူအနိုင်ရမယ်ဆိုတာကို ကြိုသိနေကြသလိုKaliningrad ဒေသမှာတော့ မဲရုံတွေ ပိတ်ပြီးပြီးချင်းမှာပဲ ကနဦးရလဒ်ကိုကြည့်ရင် မစ္စတာ Putin ပဲ အနိုင်ရတာတွေ့ရပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်နိုင်ရေးဦးတည်ပြီး တရုတ်နဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံပူးတွဲပြီး စစ်ရေးလေ့ကျင့်မှုကို စနေနေ့က စလုပ်ပါတယ်။
ဆီးရီးယား နိုင်ငံ Afrin မြို့လယ်ကို တူရကီ တပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆီးရီးယား လက်နက်ကိုင်တပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားပြီး မြို့မှာ တူရကီ အလံကို လွှင့်ထူထားပြီလို့ တူရကီ သမ္မတ Recep Tayyip Erdogan က ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံမှာတော့ ရွေးကောက်ပွဲတွေ ဒီကနေ့ ကျင်းပနေပြီး၊ ရုရှားပြည်သူတွေလည်း မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပဲွဲမှာတော့ လက်ရှိသမ္မတ ဗလာဒီမီယာပူတင်ပဲ အနိုင်ရပြီး သမ္မတအဖြစ်နဲ့ ဆက်ပြီးရှိနေသွားဖို့ သေချာသလောက်ရှိနေပါတယ်။
ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှုးဟောင်း James Comey က အမေရိကန်ပြည်သူတွေအနေနဲ့ ဘယ်သူဟာ ဂုဏ်ပြုထိုက်သူဖြစ်ပြီး ဘယ်သူကတော့ ဂုဏ်ပြုထိုက်သူမဟုတ်ဘူးဆိုတာ မကြာခင် ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲတွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တယောက်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူလာတဲ့ သမ္မတ Vladimir Putin ကို နောက် ၆ နှစ် သက်တမ်းအတွက် ရွေးချယ်ကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း IS အစွန်းရောက် ၃၅ ယောက်ထိ သေဆုံးသွားပြီးတော့ တဒါဇင်ထက်မနည်း ဒဏ်ရာရသွားပါတယ်
ဗြိတိန် ၊ ပြင်သစ်နဲ့ ဂျာမဏီ နိုင်ငံတို့က ဆီးရီးယားစစ်ပွဲအတွင်းက အီရန်ရဲ့ အခန်းကဏ္ဍ နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ကိစ္စတွေအတွက် အီရန်နိုင်ငံအပေါ်EU အနေနဲ့ စီးပွါးရေးပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့အဆိုပြုလိုက်တယ်လို့ လိျှု့ဝှက်စာရွက်စာတမ်းတွေအရသိရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
အခုလောလောဆယ်မှာ ဘယ်သူ့ကိုမှ ရာထူးကနေ ဖြုတ်ပစ်မှာမဟုတ်ဘူးလို့ သတင်းထောက်တွေကိုရော စိုးရိမ်နေကြတဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေကိုပါ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အိမ်ဖြူတော် အရာရှိချုပ် John Kelly က သောကြာနေ့မှာ ဝန်ထမ်းတချို့ကို ခေါ်ယူစုဝေးပြီး လူတွေအနေနဲ့ စိုးရိမ်တကြီး ရှိမနေသင့်ကြဘူးလို့ ပြောထားတဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့် ရ Sarah Huckabee Sanders ကပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုလျှော့ချဖို့ ကူညီရေး ကြိုးစားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Olof Skoog ကပြောပါတယ်။ ဝန်ကြီး Ri Yong Ho ရဲ့ ဆွီဒင်ခရီးစဉ်အပေါ် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ထိပ်သီးစည်းဝေးပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ခရီး အဖြစ် တချို့လေ့လာသူတွေက မြင်ကြပါတယ်။
မြောက်ကိုရီးယားနဲ့ သံတမန်ရေး အဆက်အဆံတွေ တိုးမြှင့်ဖို့ ရှိနေချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို အင်အားနဲ့ အချိန်ကာလ လျှော့ချသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အမေရိကန် ရွေးကောက်ပွဲတွေကို ကြားဝင်စွက်ဖက်မှုအတွက် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားနိုင်ငံက သူ့ရဲ့အမည်မည်းစာရင်းမှာ အမေရိကန်နိုင်ငံသားတွေကို ထပ်မံထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bi Salman က အီရန်ခေါင်းဆောင် ကို ဟစ်တလာနဲ့ခိုင်းနှိုင်းပြီး အီရန်အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်မယ်ဆိုရင် ဆော်ဒီအာရေးဗျကလည်း အလျင်အမြန် နျူကလီးယားဗုံး ထုတ်လုပ်မယ်လို့ ဆိုပါတယ်၊၊
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံကို အဆင့် ၁၃၀ မှာ သတ်မှတ်ထားပါ တယ်။
ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ Thanathorn Juangroongruangkit က Future Forward ပါတီလို့ အဓိပ္ပါယ် ရတဲ့ Anakot Mai ဆိုတဲ့ နိုင်ငံရေးပါတီသစ်တခုကို ထူထောင်တဲ့အကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်