ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းတဦးကို အာရုံကျောထိ ဓာတုအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်အပေါ် သမ္မတ ထရမ့်ပ်အစိုးရက ရုရှားကို ဝေဖန်ပြစ်တင် လိုက်သလို သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ် ဆိုတာအတွက် တိုက်ရိုက် အပြစ်တင်ပြီး ပထမဆုံးအကြိမ်အဖြစ် ဒဏ်ခတ်အရေးယူူမှုတွေ ချမှတ်လိုက်ပါတယ်။
ရုရှားသူလျှိုဟောင်းတယောက်ကို ဗြိတိန်နိုင်ငံမှာ အဆိပ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုအတွက် ဗြိတိန်နိုင်ငံ သာမက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတို့ကလည်း ရုရှားအပေါ် ပြစ်တင်ပြောဆိုလိုက်ကြပါတယ်။
ဒီကနေ့ပဲ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး အပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ Champions League ၁၆ သင်း ရှုံးထွက်ပွဲစဉ် စပိန် လာလီဂါ အသင်း ဘာစီလိုနားနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ချယ်လ်စီ အသင်းတို့ ဒုတိယအကျော့ပွဲမှာ ဘာစီလိုးနားက ၃ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အနိုင်ရသွားပါတယ်။
သံမဏိနဲ့ အလူမီနီယမ် သွင်းကုန်တွေအပေါ် အခွန်တင်းကြပ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ကြေညာပြီးကတည်းက အဆင်မပြေဖြစ်နေတဲ့ အတ္တလန်တိတ်သမုဒ္ဒရာ ဟိုဘက်ဒီဘက်နိုင်ငံတွေကြား ကာလတာရှည်ရှိခဲ့တဲ့ ဆက်ဆံရေးကို ထိန်းသိမ်း သွားဖို့ ဥရောပသမဂ္ဂ EU ခေါင်းဆောင် Donald Tusk က သမ္မတထရမ့်ပ်ကို တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်မြေပေါ်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို ရုရှားလုပ် အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွါးခဲ့တယ်ဆိုတာ ဖြေရှင်းဖို့ ရုရှားကိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမတုန့်ပြန်ခဲ့တဲ့အတွက် ရုရှား သံအမှုထမ်း ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်တာအပါအဝင် အရေးယူတုန့်ပြန်မှုတွေလုပ်လိုက်ကြောင်း ဗြိတိသျှအစိုးရက ကြေညာပါတယ်။
စင်္ကြဝဠာရဲ့အစနဲ့ တွင်းနက်ကြီးတွေလို အာကာသရဲ့ နက်နဲဆန်းကြယ်မှုတွေကို လေ့လာစူးစမ်းခဲ့သူ အသက် ၇၆ နှစ်အရွယ် ကမ္ဘာကျော် ဗြိတိသျှ ရူပဗေဒပညာရှင် Stephen Hawking ဒီကနေ့ပဲ ကွယ်လွန်သွားပါပြီ။
အမေရိကန်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေကို Pennsylvania ပြည်နယ်မှာ ပြုလုပ်ခဲ့ရာမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဖက်က သူ ကပ်ပြီး အနိုင်ရခဲ့တယ်လို့ ဒီနေ့ မနက်စောစောမှာပဲ ကြေညာလိုက်ပါတယ်။
Haspel ဟာ CIA ဒုတိယညွှန်မှုးဖြစ်ပြီး CIA မှာတာဝန်ထမ်းဆောင်နေတာ အနှစ် ၃၀ ရှိတဲ့ ဝါရင့်တဲ့ပုဂ္ဂိုလ် တဦးပါ။ လန်ဒန်လိုနေရာမျိုးမှာ CIA အကြီးအကဲအဖြစ်တာဝန်ယူရင်း လျှို့ဝှက်တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
Facebookက သူတို့ဟာ မြန်မာနိုင်ငံတွင်း အမုန်းတရားလှုံ့ဆော်မှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နေပါတယ်လို့ အင်္ဂါနေ့မှာပဲ တုန့်ပြန်လိုက်ပါတယ်။
အာဆီယံ အထူးထိပ်သီး ညီလာခံရဲ့ ပြင်ပ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ကြစဉ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်သွားအောင် ဖိအားပေး တိုက်တွန်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း
ရုရှားသူလျှိုဟောင်းတဦးနဲ့ သမီးဖြစ်သူတို့ကို အဆိပ်နဲ့ တိုက်ခိုက်တဲ့လုပ်ရပ်မှာ ရုရှားတို့ နောက်ကွယ်က ပါဝင်ပတ်သက်နေတယ်ဆိုတာဖြစ်နိုင်ခြေအများကြီးရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ကပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ဒီကနေ့ပဲ ရာထူးက ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း နိုင်ငံတကာအဆင့် ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတယောက်က ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ Nepal နိုင်ငံကို ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်တစင်းဟာ Kathmandu လေဆိပ်ကို ဆင်းဖို့ ကြိုးစားနေချိန်မှာပဲ ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၄၉ ဦး သေဆုံးခဲ့ရတယ်လို့ Nepal အာဏာပိုင်တွေက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့လူပုဂ္ဂိုလ်ချင်းတွေ့ဆုံလိုတယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို သမ္မတထရမ့်က လက်ခံခဲ့ပြီး မေလထဲမှာတွေ့ဆုံကြမယ်လို့ပြန်ပြောခဲ့တဲ့အပေါ်မှာ အခုချိန်ထိ မြောက်ကိုရီးယားဘက်က တုန့်ပြန်မှုရှိမလာသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonက မနေ့ကပဲ ပြောလိုက်ပါတယ်။
ကမ္ဘာ့လက်နက်ပိုင်ဆိုင်မှု စောင့်ကြည့်တဲ့ Global Fire Power အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်အတွက် အညွှန်းကိန်းမှာ အင်အားအများဆုံးက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဒုတိယက ရုရှား၊ တတိယက တရုတ်နဲ့ စတုတ္ထက အိန္ဒိယဖြစ် ကြောင်းဖေါ်ပြထားပါတယ်။
ဗြိတိန်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal အဆိပ်ခတ်ခံရတာဟာ ရုရှားထုတ် စစ်တပ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဖြစ်ကြောင်း ဗြိတိသျှဝန်ကြီးချုပ် Theresa May က အောက်လွှတ်တော်မှာ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိကျူးလွန်တယ်ဆိုတဲ့ သက်သေခံအထောက်အထားတွေ ရနိုင်အောင် စုဆောင်းဖို့ကုလသမဂ္ဂဘက်က စီစဉ်နေပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒါကာကနေ ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်တစင်း နီပေါလ် နိုင်ငံ ခတ္တမန္ဒု လေယာဉ်ကွင်းမှာ ဆင်းသက်ခဲ့တာမှာ ပျက်ကျပြီး မီးလောင်သွားတာကြောင့် အနည်းဆုံး လူပေါင်း ၄၀ သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်