ရခိုင်ပြည်နယ် မြောက်ပိုင်းက မီးလောင်ခဲ့တဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ ကျေးရွာတွေကို ရိုဟင်ဂျာတွေရဲ့ မျက်ကွယ်မှာ မြန်မာအာဏာပိုင်တွေက ပြန်လည် တည်ဆောက်နေတယ်လို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ၂၀၁၆ နဲ့ ၂၀၁၇ တွင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်တဲ့ အနေအထားမျိုးအထိ မြင်လာရတာမို့၊ ဒါကို စုံစမ်းအရေးယူကိုင်တွယ်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းသွားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ကို အစ္စလာမ်ကျမ်းစာသင်ကျောင်းတကျောင်းက ကျောင်းသား တယောက်က တနင်္ဂနွေနေ့မှာ ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က မွတ်ဆလင်ဘာသာရေးတိုင်းပြည်မှာ ကြီးကျယ်တဲ့ ရိုင်းပြစော်ကားမှုဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာစုစုပေါင်း ၁ သန်းလောက်ကို ကျွေးမွေး စောင့်ရှောက်နိုင်ဖို့ လိုအပ်တဲ့ငွေဟာ ဒီနှစ်အတွက် ဒေါ်လာ သန်း ၁,၀၀၀ လောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂ ဦးရဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာ မြောက်ကိုရီးယားကို အလျော့ပေးလိုက်လျောမှု တခုမှ လုပ်မှာမဟုတ်ပဲ မြောက်ကိုရီးယားအာဏာရှင်ကို ဆက်ပြီးဖိအားပေးနေမှာ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားကြပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒကို ထုတ်ဖော် ကြေညာခဲ့ပြီး နောက်မှာတော့ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိနေပြီလို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က သမ္မတရာထူးသက်တမ်းအတွက် ကန့်သတ်ချက်တွေကို ဒီကနေ့မှာ မဲပေးပြီး ပယ်ဖျက်လိုက်ပါတယ်။ အခုလို မဲပေးဆုံးဖြတ်လိုက်တာကြောင့် လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ သမ္မတအဖြစ်နဲ့ သက်တမ်း အကန့်အသတ်မရှိဆက်ပြီးတော့ အုပ်ချုပ်သွားနိုင်ဖွယ်ရှိပါတယ်။
ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးကြသလို အလုပ်ရကြတဲ့သူတွေမှာလည်း အမျိုးသားတွေထက် လုပ်ခလစာနည်းကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ထုတ်ပြန်လိုက်တဲ့ နျှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မွတ်ဆလင် သူပုန်အုပ်စု တစ်စုအနေနဲ့ အဖွဲ့ငယ်လေးတွေခွဲလှုပ်ရှားလာတာကြောင့် ပြီးခဲ့တဲနှစ် (၅) လကြာတိုက်ခိုက်မှုတွေအပြီး နောက်ထပ် တိုက်ခိုက်မှုတွေပြန်ဖြစ်လာနိုင်တာမို့ ဖိလစ်ပိုင် အစိုးရတပ်တွေဖက်ကလည်း တန်ပြန်ပြင်ဆင်မှုတွေလုပ်နေပါတယ်။
ရုရှားရွေးကောက်ပွဲတွေမတိုင်ခင် လက်ရှိ သမ္မတ Vladimir Putin အပေါ် လူကြိုက်များမှုထိုးကျသွားတယ်လို့ အများလေးစားတဲ့ ရုရှားစီးပွားရေးသတင်းစာက ဖော်ပြလိုက်ပါတယ်။
သတ္တုတင်သွင်းကုန်တွေအပေါ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အခွန်တင်းကျပ်လိုက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးပဋိပက္ခဖြစ်လာမယ့်အရေး စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန်ရဲ့ အဓိကုန်သွယ်ဖက် အာရှနိုင်ငံတချို့ကလည်း သောကြာနေ့မှာ အပြင်းအထန် တုန့်ပြန် ပြောဆိုကြပါတယ်။
သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ သဘောတူလိုက် တာမှာ ဘယ်လို အလျှော့ပေး လိုက်လျောတာမျိုးမှ မရှိခဲ့ဘူးလို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ အလေးအနက် ပြောပါတယ်။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျုးလွန်ရာရောက်နိုင်တဲ့ အထောက်အထားတွေ ထပ်မံတွေ့ရှိနေရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ မေလထဲ နောက်ဆုံးထား တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်သမ္မတ Donald Trump လက်ခံလိုက်တဲ့အပေါ် သတိနဲ့ ကြိုဆိုတာတွေ၊ သံသယအမြင်တွေလည်း ထွက်ပေါ်လာပါတယ်။
ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်သီးအစည်းအဝေးလုပ်ဖို့ ကမ်းလှမ်းတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်ခံလိုက်ပြီး Kim Jung-Un နဲ့ မေလအတွင်း တွေ့ဆုံမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတဦးက မတ်လ ၈ ရက်၊ ကြာသပတေးနေ့မှာ ပြောပါတယ်။
ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်မပြုခဲ့တဲ့ နိုင်ငံရေးပါတီ အသစ်တခုရဲ့ တင်ပြ လျှောက်ထားချက်ကို ပါကစ္စတန် ဖက်ဒရယ် တရားရုံးတခုက နိုင်ငံရေးပါတီဘက်ကနေ ဆုံးဖြတ်ချက် ချပေးလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့လုပ်မယ့် ဆောင်းရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တောင် မြောက်ကိုရီးယား နှစ်နိုင်ငံကအသင်းတွေ ပူးတွဲချီတက်ကြမှာမဟုတ်ဘူးလို့ ကိုရီယား မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ ကော်မတီက ကြာသပတေးနေ့မှာပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တေ့ွဆုံဆွေးနွေးခဲ့ကြတဲ့ တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေဟာ သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို အိမ်ဖြူတော်မှာ အမေရိကန်တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပါတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့အထောက်အထား လိုချင်တယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်