မတ်လ ၈ ရက်နေ့ဟာဆိုရင် အသားအရောင်၊လူမျိုး၊ဘာသာစကား လူမှုစီးပွားနောက်ခံ မခွဲခြားပဲ အမျိုးသမီးအားလုံးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ ကျင်းပခဲ့ကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဆွေးနွေးခဲ့တာတွေကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေထံ တင်ပြဖို့ တောင်ကိုရီးယား အထူးကိုယ်စားလှယ် ၂ ဦး အမေရိကန်ကို ဒီကနေ့ပဲ ထွက်ခွာခဲ့ကြပါတယ်။
မတ်လ ၇ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၁၃ မိနစ်မှာ နေပြည်တော်ရဲ့ အနောက်မြောက်ဖက် မြေအောက်အနက် ၁၀ ကီလိုမီတာ ကနေ ပြင်းအားပမာဏ ၅.၃ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ USGS အမေရိကန်ဘူမိစူးစမ်း ရှာဖွေရေးအဖွဲ့က တိုင်းတာရရှိခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လူနည်းစုမူစလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေကို တားဆီးဖို့ကြိုးပမ်းတဲ့အနေနဲ့ သီရိလင်္ကာအစိုးရဟာ လူမှုကွန်ယက်တွေ အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ဖိနှိပ်မှုတွေရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ အဲဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဟာ မဖြစ်နိုင်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ဝင်ငွေဟာ မနှစ်က ဒေါ်လာ သန်း ၄၀၀ လျော့နည်း သွားတဲ့အတွက် သူဟာ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံသာကြွယ်ဝတော့တာမို့ ကမ္ဘာ့ဘီလျံနာစာရင်းမှာ ၂၂၂ နေရာ လျော့ကျသွားတယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘီလျံနာစာရင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစားအစာငတ်မွတ်အောင် လုပ်နေတာမျိုးတွေ ရှိနေတာမို့ သူတို့ကို အချိန်မတန်သေးပဲ ပြန်ပို့ရင် အန္တရာယ်ရှိနိုင်တယ်လို့ Amnesty International လူ့အခွင့်ရေးအဖွဲ့က မတ်လ ၆ ရက် အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆို လိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တာဝန်က ရပ်နားခဲ့တယ်လို့ မြန်မာစစ်တပ်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့အခြေအနေအပေါ် ကိုင်တွယ်ရာမှာ အားနည်းချက်တွေရှိတာကြောင့် တာဝန်ဆက်လက်ထမ်းဆောင်ခွင့်ကို ရပ်နားခဲ့တယ်လို့ သုံးနှုန်းပေမယ့်၊ စစ်တပ်ကနေ အနားပေးတာလား ဒါမှမဟုတ် နေရာပြောင်းရွေ့တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။
ဆီးရီးယားအစိုးရတပ်တွေက သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေကို မြေပြင်ထိုးစစ်တွေရော၊ လေကြောင်းကပါ ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ ဆီးရီးယားနိုင်ငံ ဂူတာဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးယာဉ်တန်းတွေဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုရပ်ပြီး အဲဒီဒေသကနေ ပြန်လည်ဆုတ်ခွာနေကြပါတယ်။
အိန္ဒိယမြန်မာနယ်စပ် မိုင် ၁၀၂၀ ကျော် တလျှောက်မှာနေထိုင်ကြသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ၂နိုင်ငံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ မြန်မာဘက်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ် Naplesမြို့ရှိ Collier-Seminol သဘာဝထိန်းသိမ်းရေးဥယာဉ်မှာ အရှည် ၁၁ပေရှိတဲ့ Burmese Python ခေါ် မြန်မာ့စပါးအုံးမြွေ အမတကောင်ဟာ ၂၀၁၅ခုနှစ်ဧပြီလတုန်းက အမြီးအဖြူအမျိုး အစား သမင်တကောင်လုံးကိုမျို ထားပြီး ပြန်အံထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ Conservancy of Southwest Florida ဖလောရီဒါအနောက်တောင်ပိုင်း သဘာဝထိန်းသိမ်းရေးဌာန တာဝန်ခံ တွေက တွေ့ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံထဲ တင်သွင်းတဲ့ သံမဏိတင်သွင်းကုန်တွေအပေါ် အခွန် ၂၅ % ကောက်ခံပြီး အလူမီနီယံ ပစ္စည်းတွေအပေါ် အခွန် ၁၀% ကောက်ခံဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ပြန်ပြင်မှာ မဟုတ်ဖူးလို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၁၇ သြဂုတ်လကုန်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံ နယ်စပ်မျဉ်းဒေသမှာ စခန်းချနေထိုင်ကြတဲ့ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ရိုဟင်ဂျာ လူတစုရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူကြောင်း မတ်လ ၅ ရက် တနင်္လာနေ့မှာ UNHCR က သတင်းထုတ်ပြန်ပါတယ်။ သူတို့ကို အဲဒီစခန်းချနေထိုင်ရာ နေရာကနေ ထွက်ခွါဖို့ မြန်မာအာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။
တောင်ကိုရီးယား သမ္မတမွန်ဂျယ်အင်းရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံက သူပုန် ထိန်းချုပ်ရာ Ghouta အရှေ့ပိုင်း ဒေသတွင်းကို လူသားချင်း စာနာမှု အထောက်အကူတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ဝင်ရောက်နိုင်ခဲ့ပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းတို့က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုကြပါတယ်။
တရုတ် နိုင်ငံက မတည်မငြိမ်ဖြစ်နေတဲ့ ရှင်ဂျန်းပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ ဒါဇင်နဲ့ချီရှိတဲ့ အမျိုးသမီးတွေကို နိုင်ငံရဲ့မြောက်ဘက် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက အမျိုးသားတွေနဲ့ ထိမ်းမြားလက်ထပ်တဲ့အတွက် တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဆီးရီးယားဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဖြစ်အောင် ဖန်တီးနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေက စွပ်စွဲနေတဲ့ ကြားကပဲ ဆီးရီးယား သမ္မတ Bashar al-Assad က Damascus ဆင်ခြေဖုံး အရှေ့ Ghouta မှာ ရှိတဲ့ သူပုန်တွေကို သူ့စစ်တပ်က ဆက်ပြီး ထိုးစစ်ဆင်မယ်လို့ တနင်္ဂနွေနေ့မှာပဲ ကြုံးဝါးခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံ မြို့တော် Damascus အနီး သူပုန်တို့ ထိန်းချုပ်ရာ အရှေ့ Ghouta ဒေသတွင်း ပြီးခဲ့တဲ့ လက စခဲ့တဲ့ အကြီးအကျယ် ထိုးစစ်အတွင်း ဒေသတွင်းက ကျေးရွားတွေနဲ့ မြို့ တချို့တို့ကို အစိုးရတပ်တွေနဲ့ မဟာမိတ် ပြည်သူ့စစ်တွေက သိမ်းဆည်းလိုက်ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းမီဒီယာ၊ နောက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျှော့ချပြီး ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာအောင် ဆွေးနွေးဖို့ မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တနင်္လာနေ့မှာ စေလွှတ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်တော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက သူ့ပြည်တွင်း ဝယ်ယူစားသုံးမှုအတွက် လုံလောက်တဲ့ ပဲ ပမာဏကို ထုတ်လုပ်နိုင်နေပြီ ဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက နှစ်စဉ် ဝယ်ယူနေတဲ့ မတ်ပဲကို ကန့်သတ်ချက်တွေနဲ့ ဝယ်ယူလာတာကြောင့် ပြည်တွင်းက ပဲစိုက်တောင်သူတွေနဲ့ ပဲတင်ပို့ရောင်းချနေ သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်
နောက်ထပ်ကြည့်ရှုရန်