ရိုဟင်ဂျာတွေအပေါ် ညှဉ်းပမ်းသတ်ဖြတ်မှုတွေကို နောက်ထပ်မဖြစ်ပွါးအောင် တားဆီးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ ဖေါ်ထုတ် သွားမယ်လို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဒုတိယလက်ထောက် လည်းဖြစ်၊ တောင်နဲ့ အာရှအလယ်ပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားရေးမှူး Lisa Curtis က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသကို အင်အားပြင်း အရှေ့မြောက်မုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်သွားခဲ့လို့ မြောက်ပိုင်း Maine ပြည်နယ်ကနေ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်အထိ ဟာရီကိန်းမုန်တိုင်းအဆင့်ရှိ လေပြင်းတွေတိုက် ဆီးနှင်းတွေကျ ဖြစ်ခဲ့သလို တချို့အပိုင်းတွေမှာတော့ မိုးတွေပြင်းပြင်းထန်ထန်ရွာသွန်းခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း MH370 နဲ့ အတူ ပျောက်ဆုံးသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေက လေယာဉ်ပျောက်ဆုံးမှု ၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို မလေးရှားနိုင်ငံ Kuala Lumpur ဒီကနေ့ ကျင်းပသွားပါတယ်။
ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကြာသပတေးနေ့က နယူးယောက်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ရိုက်တာသတင်းဌာနက Baron ဆုချီးမြှင့်လိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့နိုင်ငံထဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်မှာ ဥပဒေမဲ့ သတ်ဖြတ်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြီး စုံစမ်းစစ်ဆေးမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ပြီး ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးကြား အငြင်းပွားတာတွေကို ဆွေးနွေး ညှိနှိုင်းမှုကနေတဆင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
Burkina Faso နိုင်ငံ Ouagadougou မြို့တော်က ပြင်သစ်သံရုံးနဲ့ ယဉ်ကျေးမှုဌာနတို့ကို ဒီကနေ့ တိုက်ခိုက်မှုမှာ အစ္စလာမ် အစွန်းရောက် ၄ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
International Narcotics Control Board (INCB) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့က ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာ ၂၀၁၇ အစီရင်ခံစာကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးူမှု ဒုတိယအများဆုံးနိုင်ငံအဖြစ်ဖော်ပြထားပါတယ်။
တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ရာက သံတမန်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။
ပြင်သစ်ကာကွန်းဆရာ Francois Boucq က အမေရိကန်သမ္မတ Donald Trump ဆီကို မတ်လ တရက် ကြာသပတေးနေ့မှာ စာအုပ်တအုပ် လက်ဆောင်ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံ အကြား နှစ်နိုင်ငံစီးပွါးရေးပိုမိုတိုးတက်ရင်းနှီးမှု ရှိစေမယ့် ဥပဒေကြမ်းတစ်ရပ်အပေါ် သမ္မတထရမ့် ကလက်မှတ်ရေးထိုးဖို့ ကိစ္စကိုစိတ်ကျေနပ်မှုု မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်၊၊
မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ စခန်းချ နေထိုင်နေကြတဲ့နေရာနားမှာ မြန်မာတပ်ဖွဲ့တွေ ချထားလိုက်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဌာနက ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ချထားတဲ့ မြန်မာတပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေကို ချက်ခြင်း ဆုတ်ခွာပေးဖို့ ကြာသပတေးနေ့မှာ တောင်းဆို လိုက်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြားခံ နယ်မြေမှာ မြန်မာဖက်က လုံခြုံရေးတွေ တိုးမြှင့်ချထားတဲ့အပေါ် တရားဝင် ကန့်ကွက်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အနီးကပ် ယုံကြည်စိတ်ချရဆုံးအရာရှိဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူး Hope Hicks အနေနဲ့ ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။
ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာပဲ၊ အမေရိကန် ပြည်ထောင်စုက အဓိက လက်လီအရောင်းဆိုင်ကြီး ၂ ဆိုင်ဟာ သေနတ်ရောင်းချတဲ့ မူဝါဒတွေကို ပြင်ဆင်လိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိရာ Cox’s Bazar ကို သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ သွားရောက်မှာဖြစ်ပြီး၊ မကြာသေးခင် သီတင်းပတ်တွေက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားပါတယ်။
Johnnie Walker ဝီစကီကုမ္ပဏီက Jane Walker ဆိုတဲ့ အမျိုးသမီးနံမယ်နဲ့ Blak Label အရက် ထုတ်လုပ်မယ်လို့ စီစဉ်နေပါတယ်။ တပုလင်းကို ၃၄ ဒေါ်လာနဲ့ ရောင်းချမယ့် ဒီပုလင်းမှာ ဦးထုပ်မပြီး လမ်းလျှောက်နေတဲ့ ပုံမှာ အမျိုးသား မဟုတ်ပဲ အမျိုးသမီးတဦးရဲ့ ပုံကိုထည့်ပြီး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
အမေရိကန်သမိုင်းမှာ အစုလိုက်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်တွေထဲက လူအသေပျောက်အများဆုံးတခုဖြစ်တဲ့ ဖလော်ရီဒါက ကျောင်းတွင်းပစ်ခတ်မှုအတွင်း အသက်မသေ ကျန်ခဲ့တဲ့ ကျောင်းသားတွေဟာ ဗုဒ္ဓဟူးနေ့မှာ ကျောင်းပြန်တက်နေကြပါပြီ။
သတင်းလွတ်လပ်ခွင့် ကို အာဏာတည်မြဲရေးအတွက် ခြိမ်းခြောက်မှုလို့ ယူဆတဲ့ အစိုးရတွေရဲ့ ပစ်မှတ်ထားခံရတဲ့ သတင်းထောက်တွေ အပေါ် နှိပ်ကွပ်မှုတွေများပြားတဲ့ ဒီနှစ်မှာ National Press Club က ရိုက်တား သတင်းထောက် ၂ ဦးတို့ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သတင်းယူဖို့ ရှေ့တန်းမှာ ရုန်းကန်မှုအတွက် ၂၀၁၈ Aubuchon သတင်းလွတ်လပ်ခွင့် ဆုကို ချီးမြှင့်လိုက်ပါတယ်။
ကုလသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ် တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို မြောက်ကိုရီးယားက တင်ပို့ခဲ့တဲ့ နိုင်ငံတွေအနက် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး မြန်မာနိုင်ငံကို ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးစနစ် တင်ပို့ခဲ့သလို၊ ဆီးရီးယားနိုင်ငံကိုလည်း ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ ဓာတုလက်နက်တွေ တင်ပို့ခဲ့ကြောင်း မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ ကျွမ်းကျင်သူအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်