ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Ghouta ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ဆိုင်းငံ့မှုကို ရုရှားကစတင်လိုက်ပါပြီ ဒါပေမယ့် တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲဖြစ်သလို အဲဒီဒေသကနေ အရပ်သားတွေ ထွက်ခွါတဲ့အရိပ်အယောင်မတွေ့ရေသေးပါဘူး ဒါ့အပြင်ကူညီကယ်ဆယ်ရေး တွေလည်း ပို့ဆောင်တာမရှိသေးပါဘူး။
ဆီးရီးယားနိုင်ငံ Damascus မြို့အနီး သီတင်းပတ်တွေနဲ့ချီ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ နေရာတွေကနေ အရပ်သားတွေ ထွက်ခွာနိုင်အောင်လို့ ဆီးရီးယား သူပုန်တွေအပေါ် လေကြောင်းကနေ ပစ်ခတ်နေတာတွေကို နေ့စဉ် ၅ နာရီ ရပ်ဆိုင်းမယ့်အစီအစဉ် ဒီကနေ့ အစောပိုင်းကစပြီး စတင်အသက်ဝင်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် Joseph Yun ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ရာထူးကနေ အနားယူပါတော့မယ်။
အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကုန်ကျမယ့် ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ်တည်ဆောက်မယ့် စီမံကိန်းဟာ အဓိက သဘောတူညီမှုရဖို့ ကန့်သတ်ချိန်ကုန်ဆုံးသွားခဲ့တဲ့အကြောင်း လေဆိပ်သစ်ကို တည်ဆောက်ဖို့ ကန်ထရိုက် ရရှိခဲ့တဲ့ အစုရှယ်ယာစပ် စီးပွားရေးလုပ်ငန်းကြီးမှာ ပါဝင်တဲ့ စင်္ကာပူအခြေစိုက် Yongnam Holdings က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်.
ဆီးရီးယားနိုင်ငံမြို့တော် Damascus အနီးမှာ ရုရှားက ဆီးရီးယား သူပုန်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာကနေ အရပ်သားတွေ စစ်ရှောင်ထွက်ပြေးနိုင်ရန်အတွက် ၅ နာရီကြာ လူသားချင်းစာနာမှုဆိုင်ရာ နေ့စဉ် ခေတ္တအပစ်အခတ်ရပ်စဲရေး အမိန့်ကို ရုရှားသမ္မတ Vladimir Putin ကတနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့စကားပြောဆိုဖို့ဆန္ဒရှိတယ်၊ ဒါပေမဲ့ သင့်တော်တဲ့အခြေအနေမျိုးကျမှပဲ ပြောဆိုမယ်လို့ အမေရိကန် သမ္မတဒေါ်နလ်ထရမ့်ကပြောလိုက်ပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေ အပေါ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ နောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဥရောပသမဂ္ဂ EU က လက်နက်တင်ပို့ ရောင်းချခွင့် ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်ရေး တို့ကို ဆောင်ရွက်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ တနလာၤနေ့မှာ သဘောတူလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဦးလွင်ဦးဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေးအပါအဝင် နှစ် နိုင်ငံကြားကိစ္စရပ်မျိုးစုံကို ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဘိုကို ဟာရမ် စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း မိန်းကလေးငယ် ၁၁၀ ပျောက်ဆုံးနေကြောင်း နိုင်ဂျီးရီးယား အစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ Pyoengchang မြို့မှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဟာ တနင်္ဂနွေနေ့က အဆုံး သတ်သွားပြီဖြစ်ပြီး "မိုးကုပ်စက်ဝိုင်းသစ်က အားကစားပွဲ" လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ကင်ပွန်းတပ် ချီးကျူး ပြောဆိုပါတယ်။
ဆီးရီးယား အရှေ့ပိုင်း Ghouta ဒေသကို ကယ်ဆယ်ကူညီရေးနဲ့ ဆေးဝန်ထမ်းတွေသွားနိုင်အောင် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုနေတဲ့ ကြားကပဲ တနင်္ဂနွေနေ့က Damascus မြို့တော်နားမှာ နောက်ထပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက နိုင်ငံရဲ့ သမ္မတ နဲ့ ဒု-သမ္မတတာဝန်တွေအတွက် သက်တမ်းအကန့်အသတ်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေ ဖယ်ရှားဖို့ အဆိုပြုလိုက်တယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။
အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံကြား နယ်စပ်တံတိုင်း ကာရံဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း တဘက်နဲ့တဘက်အပြန်အလှန် ပြောဆိုတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မက္ကဆီကိုသမ္မတ Enrique Pena Nieto က အမေရိကန်သမ္မတအိမ်ဖြူတော်ကိုသွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ စနေနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၃ ဦးဟာ အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေပါတယ်။
မြောက်ကိုရီးယားနိုင်ငံအပေါ် အကြီးမားဆုံး ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်လိုက်ပြီးတဲ့နောက် ဒါမှ အလုပ် မဖြစ်ဘူးဆိုရင် ဒုတိယအဆင့် ထပ်ပြီးချမှတ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ မြို.တွေကို ဝိုင်းထားတာ ရုပ်သိမ်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းအပေါ် အားလုံးသဘောတူချက် သောကြာနေ့ မရခဲ့ပဲ၊ စနေနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရွှေ.ဆိုင်းလိုက်ပါတယ်။
အစ္စရေးနိုင်ငံ အနှစ် (၇၀) မြောက်နေ့နဲ့ တိုက်ဆိုင်ပြီးအမေရိကန်နိုင်ငံသံရုံးသစ်ကို ဂျေရုစလင်မှာ ရှေ.နှစ် မေလထဲ ဖွင့်လှစ်တော့မယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။
အမေရိကန်ကျောင်းတွေမှာ သေနတ်နဲ့ဝင်ပစ်တာကို တားဆီးဖို့အတွက် ဆရာဆရာမတွေကို လက်နက်တပ်ဆင်ပေးဖို့လိုတယ် ဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သုံးရက်မြောက်ဆက်တိုက်အဖြစ် သောကြာနေ့မှာလည်းပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ Pyeongchang မြို့မှာကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားသွားတက်တဲ့ Ivanka Trump ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း သံတမန်ရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှု တခုခုရလာလိမ့် မယ်လို့ မျှော်လင့်ထားသူ မရှိသလောက်ပါပဲ။
ရခိုင်ပြည်နယ်အကျပ်အတည်းတွေကြောင့် မြန်မာ့ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု အန္တရာယ်တရပ် ဖြစ်လာနေကြောင်း အမေရိကန် ထောက်လှမ်းရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်