ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ နေထိုင်ရာ ကျေးရွာတွေကို မြန်မာအာဏာပိုင်တွေက မြေထိုးစက်တွေနဲ့ အပြီးတိုင် ရှင်းလင်းဖယ်ရှား ပစ်ခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေအရ တွေ့ခဲ့ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။
အီရန်ရဲ့ နျူကလီယားလက်နက်ထုတ်လုပ်မှု ရပ်ဆိုင်းစေဖို့ရည်ရွယ်တဲ့ ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်အတိုင်း အီရန်က သူ့ရဲ့ နျူကလီယား အစီအစဉ်ကို ဆက်ပြီးကန့်သတ်ထားတာ တွေ့ရတယ်လို့ IAEA ကုလသမဂ္ဂအနုမြူအေဂျင်စီက ပြောကြားလိုက်ပါတယ်။
Microsoft ကွန်ပြူတာကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်သူ Bill Gates ဟာ ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပေမဲ့ လည်း မီးဖိုချောင်သုံး လူသုံး ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုတော့ သိပ်သိလှသူမဟုတ်ပါဘူး။
Turkmenistan ၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ ၄ နိုင်ငံကို သွယ်တန်းဖေါက်လုပ်မယ့် ဘီလျံဒေါ်လာ အမြောက်အများ တန်တဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ကာလအတော်ကြာ ကြန့်ကြာနေခဲ့ရာက အခု သောကြာနေ့မှာတော့ ပနက်ရိုက် အခန်းအနားကို စတင်တော့မှာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်းက စာသင်ကျောင်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး Boko Haram စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ ကျောင်းသူတွေထဲက တချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဒေသခံတွေဟာ လောကငရဲခံရသလို နေကြရကြောင်းနဲ့ အချိန်ထပ်ဆွဲလို့ မဖြစ်တော့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ် Parkland မြို့ Marjory Stoneman Douglas အထက်တန်းကျောင်းက ရာနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ပြည်နယ်မြို့တော် Tallahassee မှာ ဗုဒ္ဓဟူးနေ့က စုဝေးပြီး သေနတ်ထိန်းချုပ်ရေး အတွက် ပြင်းထန်တဲ့ ဥပဒေတွေ ပြဌာန်းဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။
World Justic Project ခေါ် ကမ္ဘာ့တရားမျှတမှု လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသန ပြုချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားမျှတမှု ရှိတဲ့ နိုင်ငံတွေအနက် အဆင့် ၁၀၀ မှာ ရောက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
ငြိမ်းစုစီ ဥပဒေမှာ ဆန္ဒပြပွဲအတွက် ကုန်ကျစရိတ်နဲ့ ကျခံမယ့်သူရဲ့ အချက်အလက်ကို တင်ပြဖို့ ထပ်မံဖြည့်စွက် ပြင်သင့်-မသင့် ဗွီအိုအေရဲ့ ဖေဖော်ဝါရီ ၂၄၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ အကြီးအကဲကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ဗြိတိန်အစိုးရက ဦးဆောင်ကြိုးပမ်းဖို့ ဗြိတိသျှ လွှတ်တော်အမတ် ၁၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ဒုတိယသမ္မတ Mike Pence ဟာ ဒီလဆန်းပိုင်းမှာတုန်းက မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့၊ မြောက်ကိုရီးယားဘက်က အစီအစဉ်ကို အချိန်ကပ်ပြီးမှ ဖျက်ခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
Las Vegas မှာ ပြီးခဲ့တဲ့ အောက်တိုဘာက လူ ၅၀ ကျော်သေဆုံးအောင် ပစ်ခတ်ခဲ့သူသေနတ်သမား အသုံးပြုခဲ့တဲ့ စက်သေနတ်ဒင်လို ကရိယာမျိုး ရောင်းချမှု တားမြစ်ရေး စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့အတွက် သမ္မတ Donald Trump က တရားရေးဌာနကို အမိန့်ပေးလိုက်ပါတယ်။
အဖမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖေဖေါ်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီတခါရုံးချိန်းမှာ သူတို့ ၂ ဦးကို အာမခံပေးမပေး ဆုံးဖြတ်ဖို့ရှိတယ်လို့ ရိုက်တား သတင်းမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်ကြောင်း မကြာခင်က ပြောဆိုထားပြီး သူ့ရဲ့ ဆရာဝန်ကလည်း သူဟာ အကျန်းမာဆုံး သမ္မတ ဖြစ်မယ်လို့ ပြောဆိုထားပေမယ့်လည်း မနေ့ သမ္မတများနေ့ Presidents Day မှာ ထွက်လာတဲ့ စစ်တမ်းအသစ်မှာတော့ အမေရိကန် သမ္မတ ၄၄ ယောက်ထဲမှာ သမ္မတ Trump ရဲ့ ကျန်းမာရေး အဆင်က့ ၂၆ မှာ ရှိနေတာပါ။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတချို.မှာ မွေးကင်းစကလေးငယ် သေဆုံးမှုက အချမ်းသာဆုံးနိုင်ငံတချို.ထက် အဆပေါင်း (၅၀) အလားအလာပိုများနေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားအစိုးရက ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတာမဟုတ်ဘူးလို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ငြင်းဆန်လိုက်ပါတယ်။
အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို အီရန်ကူညီကယ်ဆယ်ရေး လုပ်သားတွေ ရောက်နေပြီလို့ အီရန်အစိုးရ သတင်းဌာနက မနေ့ကပဲ သတင်းထုတ်ပြန်ပါတယ်။ လေယာဉ်ပေါ် ပါသွားသူ ၆၅ ဦးစလုံး သေဆုံးလိမ့်မယ်လို့ အီရန် အာဏာပိုင်တွေက ယူဆထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ စခန်းတွေကို ဝင်ရောက်စီးနင်းမှုတွေကနေ ဒေါ်လာ ၇ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဆေးပြားတွေနဲ့ စက်ကရိယာတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်တပ်က သတင်းထုတ်ပြန် ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဖလော်ရီဒါ အထက်တန်းကျောင်းတကျောင်းမှာ လူပေါင်း ၁၇ ဦးကို သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွါးခဲ့ပြီးတဲ့နောက်မှာ သေနတ်ဝယ်ယူသူတွေအတွက် နောက်ခံကိုယ်ရေးအချက်လက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရရဲ့ ကြိုးစားမှုကို အမေရိကန်သမ္မတ Donald Trump က ထောက်ခံကြောင်း သမ္မတအိမ်ဖြူက တနင်္လာနေ့မှာ ပြောပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ဆန်မှောင်ခို ကုန်ကူးမှုတွေရဲ့ အန္တရာယ်ကြောင့် နိုင်ငံရဲ့ ဆန်တင်ပို့မှု ဈေးကွက်ကြီး တခုလုံး ပျက်စီးသွားနိုင်တယ်လို့ ကမ္ဘောဒီးယား ဆန်စပါး လုပ်ငန်း အသင်း က သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်