အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က အထက်တန်းကျောင်း ပစ်ခတ်ခံရမှု အတွင်း အသက်မသေ လွတ်မြောက်လာသူတွေက ကျောင်းတွေမှာ နောက်ထပ် ပစ်ခတ်မှုတွေ မဖြစ်ရေး ထိရောက်တဲ့ ဆောင်ရွက်မှုတွေ တောင်းဆိုတဲ့အနေနဲ့ နောက်လကျရင် မြို့တော် ဝါရှင်တန်နဲ့ အချက်အချာကျတဲ့ မြို့တွေမှာ ချီတက်ပွဲတွေ လုပ်သွားမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေဘေးမသီ ရန်မခ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဆန္ဒနဲ့အညီ ဌာနေပြန်နိုင်ရေး အတွက် လုံခြုံရေး အပါအဝင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာ အစိုးရဘက်က ဖြေရှင်း ဆောင်ရွက်ဖို့ နိုင်ငံတကာ သံတမန်အဖွ့ဲက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ရဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ရုရှားက ကြားဝင်နှောင့်ယှက်တာနဲ့ ပတ်သက်ပြီး လအတော်ကြာ အချိန်ယူပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှုပ်နေတာမို့ အမေရိကန်နိုင်ငံရေးလောကကို ရုရှားရဲ့ အနှောက်အယှက်ပေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့်ပဲ အောင်မြင်ခဲ့တယ်လို့ သူယုံကြည်ကြောင်း သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာပဲ ပြောကြားလိုက်ပါတယ်။
အီရန်ပြည်တွင်းလေကြောင်းလိုင်းတခုက ခရီးသည်တင်လေယာဉ်တစင်း နိုင်ငံတွင်း Zagros တောင်တနု်းမှာ ပျက်ကျသွားတာ ကြောင့် လေယာဉ်ပေါ်ပါ လူ ၆၅ ဦးစလုံး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ပြောပါတယ်။
အခုတောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရင်း မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတွေ ကနေ မြောက်ကိုရီးယားနဲ့ရော သူ့ရဲ့အဓိကပြိုင်ဘက် အမေရိကန်နဲ့ပါ ဆက်ဆံရေးတွေ ပိုကောင်းလာစေဖို့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက်စွန့်လွှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေစတင်နိုင်ရေးကို တောင်ကိုရီးယားက မျှော်လင့်ထားကြောင်း တောင်ကိုရီးယား သမ္မတ Moon Jae-in ကစနေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူအလုပ်သမတဦး အသတ်ခံရပြီးတဲ့နောက် အိမ်အကူလုပ်သားအများအပြားဟာ ကူဝိတ်ကနေ ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားနေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဖလော်ရီဒါ အထက်တန်းကျောင်းမှာ အသက် ၁၉ နှစ် အရွယ် အမျိုးသားက လူစုလူဝေးတွင်း ပစ်ခတ်မှု မတိုင်ခင် အချက်ပြခဲ့တာတွေကို သတိမထားခဲ့မိတဲ့ အတွက် နိုင်ငံရဲ့ ထိပ်တန်း တရားဥပဒေ စိုးမိုးရေး ဌာနကို သမ္မတ Donald Trump က ဝေဖန်လိုက်ပါတယ်။
အီရန် ပြည်တွင်း ပျံသန်းတဲ့ လေယာဉ်တစင်း Zagros တောင်တန်းတွေပေါ်မှာ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၆၆ ဦး စလုံး သေဆုံးခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ ကလေးငယ် တဦး အပါအဝင် ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါသွားကြောင်း Aseman လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်အတွင်း မတည်ငြိမ်မှုတွေကြောင့် ဆိုပြီး ထွက်ပြေးသွားရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေး အဆုံးသတ်အောင် ပါကစ္စတန်ရောက်နေတဲ့ ဒုက္ခသည်အားလုံးကို လာမယ့် ၂ နှစ်အတွင်း ပြန်ခေါ်မယ်လို့ ကတိပေးကြောင်း အာဖဂန် သမ္မတ Ashraf Ghani က ရုပ်မြင်သံကြားကနေတဆင့် စနေနေ့မှာ မိန့်ခွန်းပြောဆိုလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဆိုင်ရာ ပိုပြီးတင်းကျပ်တဲ့ဥပဒေတွေ ပြဌာန်းပေးဖို့ ဖလော်ရီဒါပြည်နယ်၊ Fort Lauderdale မြို့၊ ဖက်ဒရယ်တရားရုံးအပြင်ဘက်မှာ စနေနေ့က ရာပေါင်းများစွာသောလူတွေ စုဝေး ဆန္ဒပြ တောင်းဆိုကြပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်နှောက်ခဲ့တာမှာ နောက်ကွယ်က လုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ ရုရှားနိုင်ငံသား ၁၃ ယောက်နဲ့ ရုရှားကုမ္ပဏီ ၃ ခုအပေါ် စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ပြောဆိုနေတာတွေသာ ဖြစ်ကြောင်း ရုရှားက တုံ့ပြန်ပါတယ်။
အိန္ဒိယနိုင်ငံကို အီရန်သမ္မတလာရောက်ချိန်အတွင်း နှစ်နိုင်ငံအကြား သဘောတူညီချက်ကို ကိုးခုကို လက်မှတ်ရေးထိုးကြပါ တယ်။ အဲဒီထဲမှာ အီရန်နိုင်ငံ၊ Chabahar ဆိပ်ကမ်း တစိတ်တပိုင်းကို အိန္ဒိယနိုင်ငံအနေနဲ့ တနှစ်ခွဲကြာ လည်ပတ် လုပ်ဆောင် ခွင့်ရမယ့် အဓိက သဘောတူညီချက်တရပ်လည်း ပါဝင်ပါတယ်။
မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာန MRTV ရဲ့ လက်ရှိ ရုပ်သံထုတ်လွှင့်စနစ်ထဲမှာ ထည့်သွင်းထုတ်လွှင့်မယ့် Free-To-Air အခမဲ့ ရုပ်သံလိုင်းငါးခုကို ပြန်ကြားရေးဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ MRTV ကပဲဖြစ်ဖြစ် ဆင်ဆာလုပ် တည်းဖြတ်မှာမဟုတ်ဘဲ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ MRTV ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။
အရှေ့တောင်အာရှဒေသရဲ့ နိုင်ငံပေါင်းစုံအကြီးဆုံးစစ်ရေးလေ့ကျင့်မှုကြီးမှာ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ တောင်ကိုရီးယားတပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
NATO မြောက်အတ္တလန်တစ် စစ်စာချုပ်အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေအနေနဲ့ ရုရှားနဲ့အပြိုင် နျူကလီးယားလက်နက်တပ်ဆင်တာမျိုး ရှောင်ရှားဖို့ ဆုံးဖြတ်ထားကြောင်း NATO အကြီးအကဲက ပြောလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင် သောကြာနေ့ကလှုပ်ခတ်သွားပြီး၊ လှုပ်သွားတဲ့ ငလျှင်ဒဏ်ရဲ့ အပျက်အဆီးတွေကို လိုက်လံကြည့်ရှုဖို့ အစိုးရရှိတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ် သောကြာနေ့က ပျက်ကျလို့ မြေပြင်ပေါ်မှာ ရှိနေသူ ၂ ဦး သေဆုံးသွားပါတယ်။
မြန်မာနိုင်ငံရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။
ပါကစ္စတန်အစိုးရအနေနဲ့ ဆော်ဒီအာရေးဗီယားကို တပ်တွေစေလွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် လွှတ်တော်ဖက်က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည် ၇၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့အခြေအနေထိ ရောက်ခဲ့တဲ့ စစ်တပ်စစ်ဆင်ရေးကို တာဝန်ယူကွပ်ကဲခဲ့သူ မြန်မာစစ်ဗိုလ်ချုပ်တယောက်ကို ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း ကနေဒါ နိုင်ငံက သောကြာနေ့မှာကြေညာပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်နှောက်ခဲ့တာမှာ နောက်ကွယ်ကလုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ ရုရှားနိုင်ငံသား ပထမအစုတစုအပေါ် စွဲချက်တွေကို ဒီကိစ္စစုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူးက ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်