ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဒီကနေ့မှာတော့ အမေရိကန်၊ ထိုင်းနဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေ ပူးတွဲပြီး ကမ်းတပ်စစ်ဆင်ရေးအတွက် လေ့ကျင့်ကြပါတယ်။ ဒီကနေ့ စစ်ရေးလေ့ကျင့်မှုကိုတော့ သဘာဝကပ်ဘေးအန္တရာယ် ရင်ဆိုင်ရတဲ့အခါ စစ်အင်အားနဲ့ ပစ္စည်းအကူအညီ ပေးပို့တုံ့ပြန်နိုင်အောင် အဓိက ရည်ရွယ်လေ့ကျင့်ခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်းနိုင်ငံက မြန်မာစစ်တပ် အကြီးအကဲကို ဒီကနေ့မှာပဲ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ရိုးသားပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အကန့်အသတ်တွေ ရှိနေပါတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း Surakiart Sathirathai ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေပြီး တဖြည်းဖြည်းချင်း ပြန်လက်ခံသွားမယ်လို့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံက ကျောင်းတွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းဖို့ အဓိက ဦးစားပေး လုပ်ဆောင်မယ်လို့ သမ္မတ Donald Trump က ကတိပေးလိုက်ပေမယ့် ဖလော်ရီဒါ ကျောင်းမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ သေနတ်နဲ့ ပစ်ခတ်မှုနောက်ဆုံး ဖြစ်ရပ်အတွက် သေနတ်ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ တစုံတရာ ထုတ်မပြောခဲ့တာနဲ့ ပတ်သက်ပြီး သေနတ်ကိုင်ဆောင်မှု ထိမ်းချုပ်ရေး အတွက် ကြိုးစားနေသူတွေ စိတ်ပျက်နေကြပါတယ်။
အဲဒီဖြစ်ရပ်မှာ စုစုပေါင်း လူူ ၁၇ ယောက်သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရပါတယ်။ အမေရိကန် စာသင်နှစ်အသစ်စတဲ့ ပထမ ၄၅ ရက် အတွင်းမှာပဲ ကျောင်းတွေမှာ သေနတ်နဲ့ဝင်ပစ်ခံရတာဟာ ဒီဖြစ်ရပ်နဲ့ဆိုရင် ၁၈ ကြိမ်ရှိသွားပါပြီ။
တောင်အာဖရိက သမ္မတသစ်အဖြစ် အာဖရိက အမျိုးသားကွန်ဂရက် (ANC) ပါတီခေါင်းဆောင် Cyril Ramaphosa ကို လွှတ်တော်က ဒီကနေ့ပဲ တရားဝင် ရွေးချယ်တင်မြှောက် လိုက်ပါတယ်။ Cape Town မြို့တော်က လွှတ်တော်မှာ သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရသူ တဦးတည်းသာ ရှိတဲ့အတွက် မဲခွဲဆုံးဖြတ်စရာ မလိုဘဲ တင်မြှောက်လိုက်တာ ဖြစ်ကြောင်းလည်း တရားသူကြီးချုပ် Mogoeng Mogoeng က အခန်းအနားကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တာပါ။
ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ Robert Mugabe ရဲ့ ကာလရှည်ကြာတဲ့ အုပ်စိုးမှု ဆုံးခန်းတိုင်အောင် ဇွဲနပဲ ကြီးစွာကြိုးပမ်းခဲ့သူ အတိုက်အခံခေါင်းဆောင် Morgan Tsvangirai ကွယ်လွန်သွားပါပြီ။
ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ အထက်တန်းကျောင်းတကျောင်းက ကျောင်းအထုတ်ခံခဲ့ရတဲ့ ကျောင်းသားဟောင်းတဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရပါတယ်။
ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ တောင်အာဖရိက သမ္မတ Jacob Zuma ဟာ ဗုဒ္ဓဟူးနေ့ ညနေကစပြီး သမ္မတရာထူးကနေ နှုတ်ထွက်သွားပါပြီ။ သမ္မတရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေးနေတဲ့ အာဏာရ ANC ပါတီက နှုတ်ထွက်မိန့် ထုတ်ပြန်ခဲ့တဲ့ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် သမ္မတ Zuma ဟာ သမ္မတတာဝန် ထမ်းဆောင်နေတာ သက်တမ်း ၉ နှစ်ရှိပြီဖြစ်ပါတယ်။
အစ္စရေး ညွန့်ပေါင်း အစိုးရဟာ တည်ငြိမ်ခိုင်မာမှု ရှိတယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပြီး အဂတိလိုက်စားမှု သီးခြား အမှုနှစ်ခု အတွက် သူ့ကို စွဲချက်တင်ဖို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ငြင်းဆိုလိုက်
တောင်အာဖရိက သမ္မတ Jacob Zuma အနေနဲ့ ရာထူးက ချက်ချင်း မထွက်ဘူးဆိုရင် မနက်ဖြန် ကြာသပတေးနေ့မှာ လွှတ်တော်မှာ အယုံအကြည်မရှိ အဆို မဲခွဲမယ်လို့ အာဏာရ ပါတီက ပြောဆိုလိုက်ပါတယ်။
Netanyahu ကတော့ သူအမှားတခုမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။
ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မူဆလင်တွေ အစုလိုက် သတ်ဖြတ်ခံရမှုဟာဆိုရင် လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Francois Delattre က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
တောင်အာဖရိက သမ္မတ Jacob Zuma ကို ရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဏာရ ပါတီက ပြောဆိုလိုက်ပါတယ်။ သမ္မတ Zuma ဘက်ကတော့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ်မှာ မွန်ပြည်သစ် ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ NLD အစိုးရ လက်ထက်မှာ တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့တို့ NCA စာချုပ်မှာ ထပ်ပြီး လက်မှတ်ရေးထိုး လိုက်တာကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုး တဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်တောင်ပိုင်းမှာ နယ်စပ်တံတိုင်းကာရံရေးနဲ့ စစ်ရေးအသုံးစားရိတ်တိုးမြှင့်ဖို့ အပါအဝင် အစိုးရအသုံးစားရိတ်အတွက် အမေရိကန်သမ္မတ Donald Trump က ကွန်ဂရက်လွှတ်တော်ကို ဘတ်ဂျက်ငွေ ဒေါ်လာ ၄.၄ ထရီလီယံ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးတင်းမာမှုတွေ ကြုံနေရတဲ့ တောင်အာဖရိက နိုင်ငံမှာ ညှိနှိုင်းမှုတွေ သီတင်းတပတ်ကျော်ကြာ ပြုလုပ်ခဲ့ပေမယ့် မပြေလည်နိုင်ပဲ သမ္မတ Jacob Zuma နုတ်ထွက်ဖို့ အာဏာရ ပါတီ ANC က ခေါင်းဆောင်တွေက တောင်းဆိုခဲ့ရာကနေ တနင်္လာနေ့မှာတော့ အခြေနေဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်