ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကိုသွားခဲ့ပြီးနောက်ပိုင်း မနေ့က ထိုင်းနိုင်ငံကိုရောက်လာခဲ့ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့် ဖြစ်တယ်ဆိုတာကို ပြသမှသာ သူ့ရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေ အရေး စေ့စပ်ဆွေးနွေးမှု ဖြစ်နိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်
ရုရှားနိုင်ငံ မြို့တော် မော်စကို အနီး မနေ့ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျခဲ့တာမှာ လိုက်ပါသွားသူ ၇၁ ဦး စလုံး သေဆုံးခဲ့ကြရပြီးနောက် ဒီကနေ့ တနလာၤနေ့မှာတော့ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေ၊ စုံစမ်းရေးမှူးတွေက နှင်းတွေဖုံးနေတဲ့ ကွင်းပြင်ထဲမှာ သေဆုံးသူတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေနဲ့ သဲလွန်စတွေကို ရှာဖွေနေကြပါတယ်။
အိုလံပစ် ပွဲတော်မှာ မြောက်ကိုရီးယားရဲ့ အနုနည်းနဲ့ ချဉ်းကပ် ထိုးဖောက်မှုဟာဆိုရင် တောင်ကိုရီးယား ပြည်သူတွေကြား နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့သလို အမေရိကန်ဘက်ကလည်း စေ့စပ်ဆွေးနွေးရေးကို လိုလားတဲ့ အရိပ်လက္ခဏာ ပြလာပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော် အနီးမှာ လူ ၇၁ ဦး လိုက်ပါလာတဲ့ ရုရှားခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တယ်လို့ ရုရှားတာဝန်ခံအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကိုလာ ရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမသွားခင် မနက်ပိုင်းကတော့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အပါအဝင် ရခိုင်ပြည်နယ်ရဲ့ အခြေနေတွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးစာမျက်နှာမှာ ဖေါ်ပြပါတယ်။
ဆောင်းရာသီအိုလံပစ်ပွဲတော်ကျင်းပနေတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမြို့နဲ့ မိုင် ၁၆၀ လောက်အကွာမှာ တနင်္ဂနွေနေ့က ပြင်းအား ၄.၇ ရှိတဲ့ငလျင် လှုပ်သွားတာကြောင့် စိုးရိမ်မှုတွေရှိလာပါတယ်။
ချစ်သူများနေ့လို့ မြန်မာနိုင်ငံမှာခေါ်ကြတဲ့ Valentine’s Day ဟာ အစ္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးဆိုပြီး ပါကစ္စတန် တရားရုံး တခုကနေ ၂နှစ်မြောက်ဆက်တိုက်အဖြစ် ဒီနှစ်မှာလည်း ဆုံးဖြတ်လိုက်တာကြောင့် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်ပွဲတွေ၊ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကို ပါကစ္စတန်အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော် အနီးမှာ လူ ၇၁ ဦး လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည် လက်ခံရေး ပြင်ဆင်ထားမှု၊ ရခိုင်ပြည်နယ်တွင်း နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။
IS အကြမ်းဖက်ဝါဒစွဲအဖွဲ့ရဲ့ ကာလီဖိတ်အုပ်ချုပ်မှုပြိုပျက်သွားတာနဲ့အတူပဲ အဲဒီမှာရှိနေတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ သူတို့နေရပ်ရင်းကိုပြန်ပြီး ခြိမ်းခြောက်မှုသစ်တွေဖြစ်လာနိုင်ခြေအပေါ် နောက်ဆုံးလေ့လာချက်တခုအရတော့၊ အနောက်နိုင်ငံတွေရဲ့ အရင်စိုးရိမ်ချက်နဲ့ ကွဲလွဲမှုတွေ ရှိလာပါတယ်။
တောင်ကိုရီးယား ခေါင်းဆောင် အစောဆုံး အဆင်ပြေမယ့် အချိန် မြောက်ကိုရီးယား နိုင်ငံကို အလည်လာရောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်က ဖိတ်ကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson အနေနဲ့မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအရေး အလေးပေးပြောသွားဖို့ ရှိနေပါတယ်။
အမေရိကန် သမ္မတ Donald Trump အနေနဲ့ ပါတီကြီး နှစ်ဘက်သဘောတူ လိုက်တဲ့ကြီးမားကျယ်ပြန့်တဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို လက်မှတ်ထိုးပေးလိုက်တာကြောင့်အစိုးရလုပ်ငန်းတချို.ရပ်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်လိုက်ပါပြီ။
စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ဖူးတဲ့ အီဂျစ်နဲ့ အစ္စရေးလ်နိုင်ငံတို့ဟာ အခုတော့ ဆိုင်းနိုင်းကျွန်းဆွယ်က လက်နက်ကိုင် အစွန်းရောက်ဝါဒီတွေ ကို နှိမ်နင်းဖို့အတွက် စစ်ဘက်ချင်း ပူးပေါင်းဆောင်ရွက်နေကြပြီလို့ လေ့လာသူတွေကပြောပါတယ်။
ငှက်ဖျားရောဂါဖြစ်စေတဲ့ ခြင်အန္တရာယ်ကနေကာကွယ်ဖို့ အသုံးပြုတဲ့ ခြင်ထောင်တွေကို အပူပိုင်းဒေသနိုင်ငံတွေမှာ ငါးဖမ်းပိုက် အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်ဆိုတာ သုတေသနအသစ်တခုကနေ တွေ့လိုက်ပါတယ်။
ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ အင်ဒိုပစိဖိတ် ဒေသ လုံခြုံရေးနဲ့ ကြွယ်ဝတိုးတက်ရေး အတွက် အတူတကွ ဆောင်ရွက်ကြဖို့ ကတိပြု ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ မြန်မာ့အရေးကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ညသန်းခေါင်ယံအထိပဲ လှုပ်ရှားနိုင်တော့မယ့် အမေရိကန် အစိုးရယန္တရား ဆက်ပြီး လည်ပတ်စေနိုင်ရေးအတွက် လွှတ်တော်အမတ်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ကွန်ဂရက်က အစိုးရအသုံးစရိတ်အတွက် သက်တမ်းထပ်မတိုးပေးရင် ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။
လူသားချင်းစာနာမှု အထောက်ကူပေးရေးနဲ့ သဘာဝအန္တရာယ်ကျရောက်မှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုတွေမှာ မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည်တိုးမြင့်လာအောင် ဂျပန်စစ်တပ်က ဆက်လက်ကူညီမှာ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အထူးအကြံပေး Kentaro Sonoura က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်