အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Carl Risch ဟာ ဖေဖေါ်ဝါရီလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံဟာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး အသတ်ခံထားရတဲ့နေ့က ရိုက်ကူးထားခြင်းဖြစ်တဲ့အကြောင်း၊ လက်နက် ကိုင်ရဲအရာရှိ ဦးအောင်မင်းက အဲဒီလူတွေနောက်မှာ မတ်တပ်ရပ်ပြီး စောင့်ကြပ်နေကြောင်း၊ ဒီဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် ကျေးရွာ လူကြီးတဦးဆီက ရတာဖြစ်ပြီး မျက်မြင်သက်သေတွေက မှန်ကန်တယ်လို့ ထောက်ခံပေးခဲ့ကြောင်း ရေးထားပါတယ်။
ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကို အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချလိုက်ပါတယ်။ မြို့တော် ဒါကာက တရားရုံး တခုကနေ အသက် ၇၂ နှစ် အရွယ် ဝန်ကြီးချုပ်ဟောင်း Zia ကို ဒီကနေ့ ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်တာပါ။
အမေရိကန်ပြည်ထောင်စု အစိုးရယန္တရားတွေ ရပ်ဆိုင်းဖို့ ခြိမ်းခြောက်ထားတဲ့ အချိန်မတိုင်ခင် တရက်ပဲအလိုမှာ အထောက်လွှတ်တောက် ပါတီနှစ်ရပ်ခေါင်းဆောင်တွေ သဘောတူညီမှုတရပ် ရရှိသွားကြပြီဖြစ်ပါတယ်
ပြီးခဲ့တဲ့နှစ်က ပြင်သစ်မှာ Bastille Day ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကို ရှုစားခဲ့ပြီးတဲ့နောက် အဲဒီအခမ်းအနားထက် ပိုပြီးကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားကို ဝါရှင်တန်မှာ ကျင်းပလိုတဲ့အတွက် အမေရိကန်ရဲ့ စစ်အင်အားကြီးမားမှုပြသရေး အစီအစဉ်တွေ လုပ်ဖို့ ပင်တာဂွန် ကာကွယ်ရေးဌာန အကြီးအကဲတွေကို သမ္မတ Donald Trump က အမိန့်ပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ပြီးခဲ့တဲ့ နှစ်က အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် တိုရဲ့ ကံကြမ္မာကို ဆွေးနွေးဖို့ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၃ နိုင်ငံတို့ဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ၅ နိုင်ငံဖြစ်တဲ့ ဆွီဒင်၊ ပိုလန်၊ နယ်သာလန်၊ ကာဇက်စတန်နဲ့ Equatorial Guinea တို့က ဖေဖေါ်ဝါရီလ ၇ ရက် ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးမသတ်သေးဘဲ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေရှိနေဆဲပဲလို့ နိုင်ငံတကာလူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Amnesty International အဖွဲ့ကြီးက ပြောပါတယ်။
မြောက်ကိုရီးယားအပေါ် အမေရိကန် ပြည်ထောင်စုက အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာမှာဖြစ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence ကပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းမှာ မနေ့တုန်းက အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၆ ဦးရှိခဲ့ပြီး၊ အဆောက်အဦး ၂ ခုဟာလည်း တစိတ်တပိုင်းပြိုကျသွားခဲ့သလို၊ အန္တရာယ်ရှိလောက်အောင် တိမ်းစောင်းနေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby အပါအဝင် တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ စင်္ကာပူနိုင်ငံက သံတမန်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက တောင်ပြိုလက်ဝဲမြို့ကို မနေ့တုန်းက သွားရောက်ခဲ့ကြပြီး၊ မကြာသေးခင်က ပဋိပက္ခတွေကြောင့် ဒေသတွင်းက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် လုပ်ငန်းတွေကို ကြည့်ရှုခဲ့ကြသလို၊ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ထိုင်ဝမ်မှာ ပြင်းအား ၆.၄ ပမာဏရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
SpaceX အာကာသ စူးစမ်းရေး ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီက ကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ပတ်လမ်းထဲကို လွှတ်တင်မယ့် သူ့ရဲ့ အကြီးဆုံး Falcon Heavy ဒုံးပျံထဲမှာ ချယ်ရီနီရောင် Tesla Roadster ကားကို ထည့်သွင်းပြီး အင်္ဂါနေ့မှာ ပစ်လွှတ်ခဲ့ပါတယ်။
အမေရိကန် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Muller နဲ့ တွေ့ဆုံ စကားပြောဆိုတာ မလုပ်ဖို့ သမ္မတ Trump ကို သူ့ရဲ့ရှေ့နေတွေကို အကြံပြုထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ အမေရိကန် ဒုသမ္မတ ဒီသီတင်းပတ်ထဲ တွေ့နိုင်ချေကို Donald Trump အစိုးရဖက်က လမ်းဖွင့်ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဆက်လက်စစ်ဆေးရာမှာ တရားလိုပြသက်သေ ရဲအရာရှိက ဖမ်းဆီးချိန်တုန်းက မှတ်တမ်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။
အမေရိကန် စတော့ရှယ်ယာ ဈေးတွေ ဟာ တနင်္လာနေ့မှာ ၄.၆% ကျဆင်းသွားပါတယ်။ The Dow ရဲ့ အညွှန်းကိန်းမှာ ရှယ်ယာဈေးဟာ ၁၂၀၀ နီးပါး ကျဆင်းသွားပြီး Standard and Poor S&P အညွှန်းကိန်းကတော့ အမှတ် ၁၀၀ ကျော် ထိုးကျသွားပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခ အကြောင်းသတင်းယူမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာနရဲ့သတင်းထောက် ၂ ဦး ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်တရားရုံး တရုံးကနေ အာမခံပေးဖို့ ငြင်းပယ် လိုက်ပြီးနောက် အင်္ဂါနေ့ တရားရုံးမှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။
အမေရိကန်ဒု-သမ္မတ Mike Pence ဟာ အာရှအရှေ့မြောက်ခရီးစဉ်ကို အခုသီတင်းပတ်မှာ စတင်မှာဖြစ်ပြီး၊ ဒီခရီးစဉ်အတွင်းမှာ သူဟာ အိုလံပစ်ပြိုင်ပွဲ ကနေ နိုင်ငံတကာကို ထိုးဖောက်လာတဲ့ မြောက်ကိုရီးယားရဲ့ သံတမန်ရေးထိုးစစ်ကို တန်ပြန်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒုသမ္မတဟာ ဒီနှစ်အတွင်း နိုင်ငံပေါင်း ဆယ်နိုင်ငံလောက်ကို သွားရောက်ဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြား ဒေသကရတဲ့ ပယင်းထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၉ သန်း တုန်းက အသက်ရှင် နေထိုင်ခဲ့တဲ့ ငှက်ငယ်ကလေးရဲ့ ရုပ်ကြွင်းအပိုင်းအစကို တွေ့ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ ရုရှား နိုင်ငံတွေအနေနဲ့ နျူကလီးယား လက်နက်စုဆောင်းထားရှိမှု လျော့ချပေးရေးအတွက် နောက်ဆုံး သတ်မှတ်ရက်ကို ရင်ဆိုင်နေရပါပြီ။ START လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်-ရုရှား နှစ်နိုင်ငံ မဟာဗျူဟာလက်နက်လျော့ချရေးစာချုပ်သစ်အရ ဒီနေ့ တနင်္လာနေ့မှာ ဒီ နောက်ဆုံးသတ်မှတ်ရက်ကို ရောက်တာမို့ရုရှားအနေနဲ့ ကတိတည်ပြီး လုပ်ဆောင်နိုင်ဖို့ အမေရိကန်ဖက်က ယုံကြည်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်