မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ဖိနှိပ်မှုတွေကနေ ဒေသတွင်း ပဋိပက္ခတွေ အဖြစ် ပျံ့နှံ့လာနိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဒီကနေ့ သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို လူပေါင်း ၇ သိန်းလောက် ထွက်ပြေးရတဲ့ ကိစ္စဟာဆိုရင် ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်မှုတွေက လူမျိုးစု အလိုက်ရှင်းလင်းမှု၊ မျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က အင်ဒိုနီးရှား နိုင်ငံမှာ ဒီကနေ့ ပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံတွင်း ခိုလှုံနေကြရတဲ့ မြန်မာ ဒုက္ခသည်တွေဟာ အခြေခံ လူ့အခွင့်အရေးတွေတောင် မရဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့တဲ့ အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။ ဒီပြောဆိုချက်ဟာ မျှတ၊ မှန်ကန်မှု မရှိဘူးလို့ ပြောဆိုလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ပျံ့နှံ့နေတဲ့ တုပ်ကွးဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ပိုဆိုးလာပြီး ၁၀ နှစ်နီးပါးကာလအတွင်းမှာ ဆေးရုံတက်ရတဲ့ လူနာအရည်အတွက် အများဆုံးအခြေအနေကို ရောက်လာတယ်လို့ အမေရိကန်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂက အရေးယူချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖေါက်ဖျက်ပြီး တားမြစ်ထားတဲ့ ကုန်စည်၊ လက်နက် စတာတွေကို ရောင်းချတာကနေ ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ လောက် ရရှိခဲ့တယ်လို့ ကုလလက်အောက်ခံ သီးခြား စောင့်ကြည့်လေ့လာတဲ့အဖွဲ့ရဲ့ လျှို့ဝှက် အစီရင်ခံစာတစောင်မှာ ဖေါ်ပြထားပါတယ်။
ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု တိုးလာနေတာကို တန်ပြန်တဲ့အနေနဲ့ အိန္ဒိယသမုဒ္ဒရာတွင်း Seychelles ကျွန်းစု တွေမှာ ရေတပ်စခန်းတခုဆောက်ဖို့ အိန္ဒိယက သဘောတူစာချုပ်တခု လက်မှတ်ထိုးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးဟာ ဖေဖော်ဝါရီလ ၁ ရက်၊ ကြာသပတေးနေ့က ဖွင့်တဲ့ ထိုင်းထီပထမဆု ဘတ် ၆ သန်းကို ပေါက်သွားတယ်လို့ Thai PBS အွန်လိုင်းသတင်းမှာ ရေးထားပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကို အာမခံမပေးဖို့ ကြာသပတေးနေ့က မနေ့က မြောက်ပိုင်း ခရိုင်တရားရုံး ကနေ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရသလို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး ပြောခွင့်ရ Rupert Colville က သောကြာနေ့မှာ ပြောကြားလိုက်တာပါ။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ တရားမဝင်မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အမေရိကန်က တိတ်တဆိတ် လက်ခံနေတာဟာ မဟာမိတ်ဟောင်း ဖြစ်တဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေတာတွေကို မေ့ပစ်နိုင်ဖွယ်ရှိနေတယ်လို့ မျှော်လင့်ရသလို တရုတ် ကစောင့်ကြည့် နေတဲ့ကြားက ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်လာနိုင်ချေ ရှိနေပါတယ်။
ကျုးဘားနိုင်ငံက ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် Fidel Castro ရဲ့ သားအကြီးဆုံးဟာ စိတ်ကျဝေဒနာအတွက် လနဲ့ချီ ဆေးကုသ ခံယူခဲ့ရပြီးနောက် မနေ့တုန်းကပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းက ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ၂၀၁၄ ခုနှစ်ကလုပ်တဲ့ အိုလံပစ်အားကစားပွဲတော်အတွင်း တားမြစ်ဆေးသုံးစွဲတဲ့ အစီအစဉ်မှာပါဝင်တယ် ဆိုတဲ့စွဲချက်နဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က အရေးယူ ပိတ်ပင်ထားတဲ့ ရုရှားအားကစားသမား ၂၈ ဦးရဲ့ အယူခံကို အားကစားဆိုင်ရာ ခုံသမာဓိရုံး CAS က အတည်ပြုပေးလိုက်ပါတယ်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ရုရှားဆီက ဂျက်တိုက်လေယာဉ်တွေ ဝယ်ဖို့လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ မြန်မာအစိုးရဟာ ပညာရေးနဲ့ တခြားဦးစားပေးရမယ့် ကဏ္ဍတွေအတွက် လုံလောက်အောင် ငွေမချပေးပဲ စစ်ဘက်ဆိုင်ရာမှာ သုံးတာသိပ်များနေတယ်လို့ ဝေဖန်မှုတွေ ထွက်လာပါတယ်
မြန်မာနိုင်ငံမှာ အလွန်ဆိုးရွားတဲ့ ဒီကနေ့အခြေအနေဟာ တကယ့်ကို စိတ်ပျက်စရာကောင်းလှပါတယ်လို့ အမေရိကန် အောက် လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce က ဖေဖော်ဝါရီလ ၁ ရက်၊ ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုမှာ ပြောလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ နာဇီတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ပိုလန်နိုင်ငံကို ထိခိုက်စေမယ့် သုံးနှုန်းပြောဆိုမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနက ဖော်ပြလိုက်တဲ့အတွက် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ကြပါတယ်။
အထောက်အထားမရှိတဲ့ လူငယ် ၁.၈ သန်းကို အမေရိကန်နိုင်ငံသားပြုပေးမယ့် ကိစ္စဟာ “လွတ်ငြိမ်းချမ်းသာခွင့် ချက်ချင်း” ပေးလိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ တဖက်မှာတော့ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရသူတွေရဲ့ မိသားစုတွေခေါ်ယူခွင့်ကျတော့ အချိန်အကြာကြီး ဆွဲထားတယ်လို့လဲ အဲဒီအဖွဲ့ရဲ့ မူဝါဒညွန်ကြားရေးမှူးက ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ခြောက်ရက်ကြာ လက်တင်အမေရိကား ခရီးကို ဒီကနေ့ ကြာသာပတေးနေ့စတင်ပြီး ပြဿနာတွေ ထူပြောနေတဲ့ ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ညှိုနှိုင်းသွားမယ်လို့ ယူဆရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို အာမခံပေးရေး၊ မပေးရေး ဒီကနေ့ ကြာသာပတေးနေ့မှာ ရန်ကုန်တရားရုံးတရုံးက ဆုံးဖြတ်ဖို့ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က ပထမဆုံးအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာ ညီညွတ်ဖို့ တိုက်တွန်းခဲ့သလို၊ နိုင်ငံခြား မူဝါဒရေး၊ စီးပွားရေးမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။
ထရမ့်ရဲ့ သမ္မတ သက်တမ်းကာလ တနှစ်ကုန်ဆုံးပြီး ပြောကြားမယ့် ပထမဆုံး နိုင်ငံတော်အခြေပြ မိန့်ခွန်းကို သမ္မတကတော် Melania Trump နဲ့အတူ တတန်းထဲထိုင်ပြီး နားထောင်မဲ့ ဧည့်သည်တော် ၁၅ ယောက်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်