လွှတ်တော်က ရုရှားအစိုးရအတွင်းလူတွေနဲ့ ရုရှားဘီလျံနာသူဌေးကြီးတွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ တင်ပြထားတဲ့ ရုရှားနိုင်ငံသားတွေ အပေါ် အရေးယူဒဏ်ခတ်မှု ချက်ချင်း မချဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး သမ္မတ Trump အစိုးရအဖွဲ့က ခုခံပြောဆိုနေပါတယ်။
မြန်မာစံတော်ချိန် မနက်အစောပိုင်းဖြစ်တဲ့ ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည ၉ နာရီမှာ သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ရှေ့မှောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။
အခုလာမယ့် လပြည့်နေဟာ Supermoon, Blue Moon နဲ့ Blood Moon လို့ခေါ်တဲ့ လနဲ့ပတ်သက်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေသုံးရပ်ပေါင်းစုမယ့် ဖြစ်စဉ်တစ်ခုပါ။
ထိုင်းနိုင်ငံကို အရပ်သား အုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးနိုင်ရေး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို ထပ်ပြီး နှောင့်နှေးနေလိုက်တဲ့ အတွက် ထိုင်း စစ်အစိုးရ အပေါ် ဝေဖန်မှုတွေ ကြီးထွားလာနေပါတယ်။
အမေရိကန် သမ္မတ Donald Trump အနေနဲ့ ဒီကနေ့ အင်္ဂါနေ့ည နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာတော့ စီးပွားရေး ခိုင်မာ အားကောင်းမှုကို အလေးထား ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေး အပေါ် ပါတီကြီး နှစ်ရပ်လုံးက အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။
ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှုကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းခဲ့တဲ့ NEWCASTLE လွတ်မြောက်ရေးဆုကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန် မှာ လူအများအပြား သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ တောက်လျောက် ပြုလုပ်ခဲ့တဲ့ အာဖဂန်တာလီဘန်တွေနဲ့ မဆွေးနွေးလိုဘူးလို့ သမ္မတ Trump ကပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ကို အလည်အပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အလုပ်ကိစ္စဆွေးနွေး တဲ့ နေ့လည်စာ စားပွဲမှာ သမ္မတ Trump ကပြောကြားလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို FBI အဖွဲ့ကြီးရဲ့ နံပါတ် ၂ ရာထူးအကြီးဆုံး Andrew McCabe ဟာ အငြိမ်းစားယူဖို့ သီတင်းပတ်ပိုင်းပဲ လိုတော့ချိန်မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်က စစ်တက္ကသိုလ် တခုမှာ ဒီကနေ့ တနလာၤနေ့ မနက်ပိုင်း တိုက်ခိုက်ခံရမှု အတွင်း အာဖဂန် အမျိုးသား စစ်တပ်က တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတို့မှာ အကူအညီတွေ တိုးပေးမယ်လို့ အင်ဒိုနီးရှား သမ္မတက ကူတူးပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း ကတိပြု ပြောဆိုသွားပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို အင်ဒိုနီးရှား သမ္မတ Joko Widodo မနေ့ တနင်္ဂနွေနေ့က သွားရောက်ခဲ့တာပါ။
နယူးယောက်မြို့မှာ တနင်္ဂနွေနေ့ညကကျင်းပတဲ့ အနှစ် ၆၀ မြောက် ဂရမ်မီ ဂီတဆုပေးပွဲမှာBruno Mars က အကောင်းဆုံး တေးဖန်တီးမှု၊ အကောင်းဆုံး တေးဓာတ်ပြားဆု နဲ့ အကောင်းဆုံး တေးသီချင်းဆုတွေကို ရရှိသွားပါတယ်။
မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းအလုပ်သမား အယောက် ၂၀ ကို ထိုင်းနိုင်ငံ ဆွန်ခလခရိုင်က နေအိမ်တအိမ်မှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့ စနေနေ့တုန်းက ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲက သရုပ်ဖော်တင်ဆက်မှုတချို့ကို တပ်မတော်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို မော်စကိုမြို့တော်က လူထု ချီတက်ပွဲ တခုမှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။ လာမယ့် မတ်လ အတွင်း ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အတိုက်အခံ ခေါင်းဆောင် Navalny က ဆော်သြခဲ့တာပါ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေရာ ဘင်္ဂလားဒေရှ် နိုင်ငံ ကောဇ့်ဘဇားကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အင်ဒိုနီးရှား သမ္မတ သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြနေကြပါတယ်။
အာဖဂန်နစ္စတန်မြို့တော် Kabul က လူစည်ကားရာအရပ်မှာ အသေခံကားဗုံးဖေါက်ခွဲ တိုက်ခိုက်တာကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးသွားပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။
ကမ္ဘာမှာ ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကို ဂျူးလူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အဖြစ်သတ်မှတ်ထားပြီး နိုင်ငံအသီးသီးမှာ အခမ်းအနားတွေ ဆင်နွဲနေကြပါတယ်။
ရခိုင်အရေး အကြံပေးအဖွဲ့ထဲကနေ မကြာခင်ရက်ပိုင်းက နုတ်ထွက်ခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson နဲ့ ဗွီအိုအေသတင်းထောက် Cindy Saine တို့ ဆက်သွယ် မေးမြန်းချက် ဒုတိယပိုင်းဖြစ်ပါတယ်။
ရခိုင်အရေး အကြံပေးအဖွဲ့ထဲကနေ မကြာခင်ရက်ပိုင်းက နုတ်ထွက်ခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson နဲ့ ဗွီအိုအေသတင်းထောက် Cindy Saine တို့ ဆက်သွယ် မေးမြန်းချက် ပထမပိုင်းဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက မီးတောင်ရှင်တခုဖြစ်တဲ့ Mayon မီးတောင် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အတွက် ဝန်းကျင်မှာ နေထိုင်သူ ဒေသခံ ရှစ်သောင်း တထောင်ကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ Mayon မီးတောင်အတွက် သတိပေးချက် အဆင့် ၄ ဖြစ်တဲ့ ပေါက်ကွဲဖို့ရှိတဲ့ အနေထားအဖြစ် အာဏာပိုင်တွေက ကြေညာထားတာပါ။
နောက်ထပ်ကြည့်ရှုရန်