ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ Afghanistan နိုင်ငံ ငြိမ်းချမ်းလာစေဖို့ လုပ်ဆောင်တဲ့ အနေနဲ့ အင်ဒိုနီးရှား၊ Afghanistan နဲ့ ပါကစ္စတန်က အစ္စလာမ် ပညာရှင်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ထူထောင်ဖို့ သောကြာနေ့မှာ အင်ဒိုနီးရှားသမ္မတ Joko Widodo က အဆိုပြုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးတခြားဖြစ်နေပြီး သူ့အဆိုအားဖြင့် - living in a bubble လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတယ်လို့ အမေရိကန် ဝါရင့်နိုင်ငံရေးသမား Bill Richardson က ပြောပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရခိုင်အရေး အကြံပေးအဖွဲ့ထဲကနေ နုတ်ထွက်သွားပြီးတဲ့နောက် မစ္စတာ Richardsonက အဲဒီလို ထပ်ပြောတာပါ။
မြန်မာနိုင်ငံအပေါ် ဝေဖန်ပြောဆိုနေကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဂရုစိုက်ဖို့ မလိုကြောင်း မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြောဆိုလိုက်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံက ဆေးရုံတခုမီးလောင်မှုမှာ သေဆုံးသူ ၄၁ ယောက်ထိ ရှိသွားပြီဖြစ်သလို နောက်ထပ်လည်း တိုးလာဦးမယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံကို ရုရှားက စစ်လက်နက်ပစ္စည်း တင်ပို့တာဟာ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ဖို့အတွက်သာ ရည်ရွယ်ကြောင်းနဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေဟာ အခြေအမြစ် မရှိကြောင်း ရုရှားကတုံ့ပြန် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့နဲ့ ပစ်ခတ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ လုပ်ဆောင်နေတာကနေ နျူကလီးယားအန္တရာယ် သိသိသာသာ တိုးလာနေတဲ့အပေါ် ထင်ရှားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှစ်ဦးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်
အိန္ဒိယသမ္မတနိုင်ငံတော်နေ့နဲ့ ၂၅ ကြိမ်မြောက် AICS အိန္ဒိယ -အာဆီယံ ထိပ်သီး အစည်းဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယဝန်ကြီးချုပ် နဲ့ရော ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ပါ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေး ခဲ့ပါတယ်
ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ဖို့ အမေရိကန် သမ္မတ Doanld Trump ဒီကနေ့ ကြာသပတေးနေ့မှာ ဆွစ်ဇာလန် နိုင်ငံ တောင်ပေါ် အပန်းဖြေမြို့ Davos ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ မူစလင်တွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ကို ရုရှားက ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ အတည်ပြုလိုက်တဲ့ အတွက် အခြေနေပိုမိုဆိုးသွားနိုင်တယ်လို့ ပြောကြားရင်း အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Davos မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်လာမှာ ဖြစ်တဲ့အတွက် ဆွစ်ဇာလန်မြို့အများအပြားမှာ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ သမ္မတ ထရမ့်ဟာ ဆွစ်ဇာလန်ကို ကြာသာပတေးနေ့ရောက်ရှိပြီး ကမ္ဘာ့စီးပွားရေး နိုင်ငံရေးခေါင်းဆောင်တွေကို သူ့ရဲ့ အမေရိကန်ဘက်က စကားကိုပြောကြားဖို့ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ အထူးသဖြင့် ကလေးသူငယ်တွေပြန်မလာခင် မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ စာနာမှု အထောက်အပံ့ရရှိစေရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်အောင် လုပ်ထားရမယ်လို့ UNICEF ခေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့က ပြောကြားလိုက်ပါတယ်။
အမေရိကန်အထက်လွှတ်တော်မှာ ပါတီကြီး နှစ်ရပ်စလုံးက အမတ်တွေပါဝင်တဲ့ အဖွဲ့တဖွဲ့က အထက်လွှတ်တော် အများစုခေါင်းဆောင် Mitch McConnell ဟာမြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့အကြား အဆက်အသွယ်ရှိနေတဲ့အတွက် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အရေးယူမယ့်ကိစ္စကို အချိန်ဆွဲထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အမေရိကန်ဝါရင့်သံတမန် Bill Richardson ဟာ ရခိုင်ပဋိပက္ခအရေး အကြံပေးဖို့ မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ရိုက်တာ သတင်းဌာနနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ Richardson က ခုလို ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေနဲ့ သမ္မတ Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ပတ်သက် ဆက်နွယ်မှု ရှိမရှိ စုံစမ်းနေတဲ့ အထူးစစ်ဆေးရေးမှူး Robert Mueller ရဲ့ အဖွဲ့က သမ္မတ Trump အစိုးရအဖွဲ့ထဲက ပထမဆုံးအဖြစ် ရှေ့နေချုပ် Jeff Sessions ကို မေးမြန်းစစ်ဆေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုင်းငံ့လိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် Jerome Powell ကို အမေရိကန် ဗဟိုဘဏ်ဥက္ကဌ အဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု ရှိမရှိ ဆက်လက်စုံစမ်းနေမှုရဲ့ အစိတ်အပိုင်း တခုအနေနဲ့ အထူးစုံစမ်းရေးမှုး Robert Mueller ရဲ့ အဖွဲ့က အမေရိကန်ရှေ့နေချုပ် Jeff Sessions နဲ့ FBI အကြီးအကဲဟောင်း James Comey တို့ကို လူတွေ့မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာတွေထက် ပိုပြီးအခြေအနေ ဆိုးတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကပြောဆိုလိုက်ပါတယ်။
ပစိဖိတ် သမုဒ္ဓရာရဲ့ တဖက် တချက် ဒေသတွေမှာ ဒီကနေ့ အင်္ဂါနေ့မှာ ငလျင်လှုပ်တာတွေ၊ မီးတောင် ပေါက်ကွဲတာတွေ ဆက်တိုက် ဖြစ်နေပါတယ်။
အမေရိကန် အစိုးရ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေး ဥပဒေကြမ်းကို သမ္မတ Donald Trump က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် သုံးရက်တာ အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်နားခဲ့ရမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ကိစ္စ အပေါ် မပြေမလည် ဖြစ်တာကနေ အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်နားခဲ့ရတဲ့ အထိ ဖြစ်စေခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်