ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ဒီကနေ့ စတင်မယ့် အစီအစဉ် မဖြစ်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာဘက်က ပြစ်တင်ပြောဆို လိုက်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ ရုံးချိန်းရှိနေတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့ကို ချက်ချင်း လွှတ်ပေးဖို့ RSF ခေါ်နယ်စပ်နယ်စည်းမထား သတင်းထောက်များအဖွဲ့ကနေ အသနားခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၉ ခု အကုန်မှာ အစ္စရေးဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရုစလင်မြို့ကို ပြောင်းရွှေ့မယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence ကပြောကြားလိုက်ပါတယ်။
ဆီးရီးယား နိုင်ငံ မြောက်ပိုင်းကို တူရကီ တပ်ဖွဲ့တွေက ဒီကနေ့ တနလာၤနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံ Afrin ဒေသက ကာဒ့် ပြည်သူ့စစ်တွေ အပေါ် စစ်ဆင်ရေးက အချိန်တို အတွင်း ပြီးဆုံးသွားမယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောဆိုနေကြချိန်မှာဘဲ ဖိပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရတာကို အဆုံးသတ်ရေး ဒီကနေ့ တနလာၤနေ့ နေ့ခင်းပိုင်းမှာ မဲခွဲဖို့ အထက်လွှတ်တော် အများစု ခေါင်းဆောင် Mitch McConnell က စီစဉ်ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်က Intercontinental ဟော်တယ်ကို စနေညနှောင်းပိုင်းက စီးနင်းတိုက်ခိုက်တာကို အာဖဂန်အစိုးရတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဖြိုခွဲလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ တောရိုင်းထွက်ကုန် မှောင်ခိုကူးမှုနဲ့နာမည်ကြီးတဲ့ ထိပ်တန်း ဂိုဏ်းခေါင်းဆောင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ အကြောင်း တာဝန်ရှိသူတွေက စနေနေ့မှာပြောပါတယ်
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေက အခု အင်္ဂါနေ့မှာ စတင်ဖို့ ရှိနေချိန်မှာဘဲ ဌာနေ ပြန်ရေး အပေါ် ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။
ဂျေရုစလင်ကို အစ္စရေးလ်ရဲ့ မြို့တော် အဖြစ် အမေရိကန် အစိုးရဘက်က အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ စိုးရိမ်မကင်း ဖြစ်မှုကို ဂျော်ဒန် ဘုရင် Abdullah က အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုအရေးယူဖို့ ဒီမိုကရက် လွှတ်တော်အမတ်တဦးရဲ့ အဆိုပြုချက်နဲ့ ပတ်သတ်ပြီး ရွှေ့ဆိုင်းထားဖို့ အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
သောကြာည သန်းခေါင်းယံ အချိန်မှာ အစိုးရယန္တရား လည်ပတ်မှု တစိတ်တပိုင်း ရပ်ဆိုင်းမှုကို ရှောင်လွှဲနိုင်အောင် သမ္မတ Donald Trump နဲ့ အထက်လွှတ်တော်က ထိပ်ပိုင်း ဒီမိုကရက်တစ် အမတ်တွေကြား သောကြာနေ့ တွေ့ဆုံဆွေးနွေးမှုက မအောင်မြင်ခဲ့ပါဘူး။
အိန္ဒိယ - မြန်မာ နယ်စပ်မှာ သောကြာနေ့က ၂ ဖက် အာဏာပိုင်တွေရော ဒေသခံတွေပါ ပါဝင်ပြီး နယ်စပ်တလျှောက် သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။
အမေရိကန်အစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ သတင်းဌာနတခုရဲ့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ရုံးခွဲကိုပိတ်ဖို့ ပါကစ္စတန်အစိုးရက ညွှန်ကြားထားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ကင်ဆာအမျိုးပေါင်း ၆ ခုကို သွေးစစ်ပြီး ရှာဖွေစမ်းသပ်နိုင်ဖို့ ကျိုးပမ်းနေတဲ့ အမေရိကန်ပြည်ထောင်စု၊ Johns Hopkins တက္ကသိုလ်က သိပ္ပံပညာရှင်တွေက တိုးတက်မှုတွေရှိလာပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီထဲမှာ လက်ရှိ စမ်းသပ်ဖို့အခက်ခဲဆုံးလည်းဖြစ်၊ သေဆုံးမှုအများဆုံးလည်းဖြစ်တဲ့ ကင်ဆာအမျိုးအစားအချို့လည်း ပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က အမေရိကန်သံရုံးသစ် ဖွင့်ပွဲကို မတက်ရောက်ဖို့ သမ္မတ Donald Trump က ကြေညာလိုက်ပြီး သီတင်းတပတ် အကြာမှာပဲ၊ သံရုံးကို သွားရောက်လည်ပတ်ဖို့ မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။ ၈ ရက်ကြာ ဥရောပခရီးစဉ်အစအဖြစ် ဝန်ကြီး Tillerson တနင်္ဂနွေနေ့ လန်ဒန်ကို သွားရောက်မှာပါ။
သောကြာနေ့ ညသန်းခေါင်ယံနောက်ပိုင်း အစိုးရယန္တရားတွေ ရပ်ဆိုင်းမသွားရလေအောင် ကြိုးစားတဲ့ အနေနဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမတ်တွေက ယာယီအသုံးစားရိတ်ဆိုင်ရာ မဲခွဲမှုတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဒုက္ခသည် ၅၃ ယောက် လိုက်ပါလာတဲ့ လှေဟာ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ဘက် ရောက်လာတဲ့ အပြင် ဘင်္ဂလား ပင်လယ်အော် ဘက်ကနေ လှေနဲ့ ထပ်ပြီး ဝင်ရောက်လာသူက ၆၀ လောက် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိတွေနဲ့ Cox's Bazar နားမှာ ရှိတဲ့ Kutupalong ဒုက္ခသည် စခန်းက ကယ်ဆယ်ကူညီရေး အဖွဲ့တွေကပြောပါတယ်။
နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို မြောက်ကိုရီးယားက ရှောင်ရှားနိုင်အောင် ရုရှားနိုင်ငံက ကူညီနေကြောင်း အမေရိကန် သမ္မတ Donald Trump က စွပ်စွဲလိုက်ပါတယ်။
လာမယ့် သီတင်းပတ်ကုန်ကျရင် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကို ကုလသမဂ္ဂက ကြီးမှုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပေးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆီးရီးယားအထူးသံတမန် Staffan de Mistura က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
နိုင်ငံတကာက အရေးယူမှုတွေကို မြောက်ကိုရီးယား ရှောင်လွှဲလို့ရအောင် ရုရှားက ကူညီနေတယ်လို့ အမေရိကန် သမ္မတ Donald Trump က စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကိုပါ ရောက်နိုင်တဲ့ ပဲ့ထိမ်းတပ် ဒုံးကျည်တွေ ထုတ်ချင် နေတဲ့ သူ့ဆန္ဒအတိုင်း နေ့စဉ်တိုးတက်လာဖို့် လုပ်နေတယ်လို့ လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်