ARSA လို့ခေါ်တဲ့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ဝင် ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ ပေးအပ်လိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဌာနေပြန်ရေးမှာ ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဖြစ်ဖို့က အရေးအကြီးဆုံး ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။ ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အားလုံးကို ၂ နှစ် အတွင်း ဌာနေပြန်ရေး အပြီးသတ် ဆောင်ရွက်မယ့် အကြောင်း ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုထားတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အစိုးရရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေကြောင့် အရပ်ဘက်လေကြောင်းလိုင်းက လေယာဉ်တွေ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကနေဒါနိုင်ငံ Vancouver မြို့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲမှာ မနေ့တုန်းက ပြောဆိုလိုက်ပါတယ်
ဟောင်ကောင်ကျွန်းမှာ ၂၀၁၄ ခုနှစ်တုန်းက ထီးလှုပ်ရှားမှုလို့ ထင်ရှားခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့မှုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ Joshua Wong ကို ထောင်ဒဏ် ၃ လ အပြစ်ပေးလိုက်ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်ခဲ့မှုကို စုံစမ်းနေတဲ့ လွှတ်တော် အမတ်တွေရဲ့ မနေ့ အင်္ဂါနေ့က မေးမြန်းမှုတွေကို အိမ်ဖြူတော်ရဲ့ မဟာဗျူဟာဆိုင်ရာ အကြီးအကဲဟောင်း Steve Bannon က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂျာမနီ နိုင်ငံက အာဏာရှင် အဒေါဖ့် ဟစ်တလာ သုံးခဲ့တဲ့ ရှားပါးတဲ့ မာစီးဒီး ဇိမ်ခံကားကို ဒီသီတင်းပတ်ထဲမှာပဲ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား ပြည်နယ်မှာ လေလံတင်တော့မှာ ဖြစ်ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံ အရာရှိတွေ ထိတွေ့ဆက်ဆံမှုကနေ နျူးကလီးယား လက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေပြီး ဖျက်လိုဖျက်ဆီး ပြုလုပ်လိုတဲ့ မြောက်ကိုရီးယားရဲ့ အမူအကျင့်ကို ပြောင်းလဲ သွားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့က မျှော်လင့်နေကြတယ်လို့ ...
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးမှုး Yanghee Lee ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။
“ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အခု ညပိုင်း လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တွေ အကြား ထိပ်တိုက်ဖြစ်ပြီး ရဲက ပစ်ခတ်လူစုခွဲခဲ့လို့ လူ တဦးသေဆုံးပြီး ၁၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြောက်ဦး နန်းရာကုန်းမှာ ပြုလုပ်မယ့် ဟောပြောပွဲကို ငြိမ်းစုစီ ဥပဒေအရ ခွင့်မပြုနိုင်ဘူးလို့ အာဏာပိုင်တွေဘက်က တားမြစ်ရာကနေ ဒေသခံလူငယ်တွေနဲ့ ရဲလုံခြုံရေအကြား ပဋိပက္ခတွေဖြစ်ခဲ့တာပါ။”
ဂျပန်နိုင်ငံမှာ ဒီကနေ့ အင်္ဂါနေ့မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် တိုက်ခိုက်မှု အန္တရာယ် မှားယွင်း သတိပေးချက် ထွက်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်တော့မယ့် အနေအထား ရှိပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေး သူ ကြိုးပမ်းမယ်လို့ အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson က ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီတခုကို ပထမဆုံးအကြိမ်အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အရေးဆိုင်ရာကိစ္စရပ်တွေမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေတယ်ဆိုတာကို မီးမှောင်းထိုးပြလိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဖျော်ဖြေဖို့အတွက် မြောက်ကိုရီးယားက လူ ၁၄၀ ပါဝင်တဲ့ သံစုံတီးဝိုင်းအဖွဲ့ကို စေလွတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတဝှမ်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် မရပ်မနား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ၊ အကြမ်းမဖက် လှုတ်ရှားမှုရဲ့ အောင်ပွဲကို သဘောပေါက်နားလည်သူ Martin Luther King Jr အထိမ်းအမှတ် အမျိုးသား အားလပ်ရက်ကို ဂုဏ်ပြု ဆင်နွဲနေကြပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ကလေးငယ်တွေကို တပ်သားသစ်အဖြစ် စည်းရုံး အသုံးပြုတာတွေ လျော့ကျသွားအောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်နေတာကို တွေ့မြင်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေမှာ ကလေးများအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက် အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ တနင်္လာနေ့ဟာ အသားအရောင်ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်စေရေး အကြမ်းမဖက် အနုနည်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာကို ဂုဏ်ပြုတဲ့ နိုင်ငံတော် အားလပ်ရပ်နေ့ ဖြစ်ပါတယ်။
တူနီးရှား နိုင်ငံ မြို့တော်မှာ မနေ့ တနင်္ဂနွေနေ့က ရာနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ Zine El Abidine Ben Ali ကို ဖြုတ်ချခဲ့တဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့ကမြို့တော်ထဲက ရပ်ကွက်တခုမှာတော့ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ကြတဲ့ ဒါဇင်နဲ့ချီတဲ့ လူငယ်တွေကိုတော့ ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ဖြိုခွဲခဲ့ပါတယ်။
ဝါရင့် သတင်းစာ ဆရာ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး အဖြစ် ဒီကနေ့ သမ္မတက ခန့်အပ်လိုက်ပါတယ်။
တနင်္ဂနွေနေ့ည သန်းခေါင်ကျော်ချိန်က ပဲခူးရိုးမထဲမှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး ၁၂ ရက်နေ့က ပြင်းအား ၆.၀ ရှိတဲ့ငလျင် လှုပ်ပြီးကတည်းကဆိုရင် အဲဒီပတ်ဝန်းကျင်မှာ ပြင်းအား ၄.၀ နဲ့အထက် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်တာ ၉ ကြိမ်ရှိသွားပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်က တရုတ်နိုင်ငံကမ်းရိုးတမ်းမှာ မီးလောင်ကျွမ်းပြီး တိမ်းစောင်းနေတဲ့ အီရန် ရေနံတင် သင်္ဘောဟာ တနင်္ဂနွေနေ့မှာ ပေါက်ကွဲပြီး မီးတောက်မီးလျှံတွေ ပန်းထွက်ကာ နစ်မြုပ်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်