ပီရူးနိုင်ငံမှာ တနင်္ဂနွေနေ့က ပြင်းအား ၇.၁ ရှိတဲ့ ငလျင်လှုပ်တာကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေ ပြန်လည် လက်ခံရေး အသေးစိတ်ဆောင်ရွက်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့ မနက်ဖြန် တနလာၤနေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဘက် တာဝန်ရှိသူတွေ ပါဝင်မယ့် အကောင်အထည်ဖော်ရေး အဖွဲ့ဖွဲ့စည်းဖို့ ရှိနေပါတယ်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့အနေနဲ့ သူရဲ့သမ္မတသက်တမ်း ၆ နှစ်ကို ထပ်တိုးသွားဖို့ စိတ်မဝင်စားသလို၊ ရှေ့နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဖျက်သိမ်းသွားဖို့ကိုလည်း စိတ်မဝင်စားဘူးလို့ ပြောလိုက်ပါတယ်။
အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ပြန်လည် ညှိနှိုင်းလို့ မရနိုင်ကြောင်း အမေရိကန်ကို အီရန်က သတိပေးလိုက်ပါတယ်။ သဘောတူညီချက်ကို အပြောင်းအလဲလုပ်တာမျိုး အခုရော၊ နောင်မှာပါ အီရန်က လက်ခံမှာ မဟုတ်ကြောင်းနဲ့ ကတိပြုထားတာထက် ကျော်လွန်ဆောင်ရွက်မှာ မဟုတ်ကြောင်းလည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ပြင်ဆင်နေတဲ့ မြန်မာအစိုးရဲ့ အစီအစဉ်တွေကို လေ့လာဖို့ ရခိုင်ပြည်နယ်ကို မြန်မာစစ်ဖက်ရဟတ်ယာဉ်နဲ့ ဒီကနေ့ သွားရောက်ပါတယ်။ မစ္စတာ ကိုနိုဟာ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ ပထမဆုံး ပြည်ပခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရပ်သားနဲ့ စစ်သားတချို့ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ မူဆလင် ၁၀ ဦး ဟာ စစ်တပ်က ပြောဆိုထားသလို၊ အကြမ်းဖက်သမားတွေ မဟုတ်ကြဘဲ အပြစ်မဲ့အရပ်သားတွေသာဖြစ်ကြောင်း ARSA အစွန်းရောက်အုပ်စုက ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က Facebook ရုံးချုပ်အပြင်ဘက်မှာ သောကြာနေ့က မွတ်ဆလင် ၂၀၀ လောက် စုဝေး ဆန္ဒ ပြကြပါတယ်။ သဘောထားတင်းမာတဲ့အုပ်စုတွေရဲ့ Facebook စာမျက်နှာတွေဟာ အမုန်းတရားပြန့်ပွားးအောင် လုပ်နေတယ်လို့ ဆိုပြီး Facebook ပိတ်ပစ်တဲ့အပေါ် မကျေနပ်ကြတဲ့အတွက် ကန့်ကွက်ဆန္ဒပြတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို သွားရောက်မယ့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာပဲ အစီအစဉ်ကို ဖျက်လိုက်ကြောင်း ကြာသပတေးနေ့ သန်းခေါင်ယံအချိန် မတိုင်ခင် Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။
တရုတ်-မြန်မာ နှစ်နို်င်ငံ နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ရေး စစ်ဘက်ချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်း အောင် လုပ်ချင်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က သောကြာနေ့မှာ ပြောလိုက်တဲ့ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းမှာ ရေးထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မွတ်စလင်ရွာသား (၁၀) ဦး သတ်ဖြတ်ခံရမှုမှာ တပ်မတော်သားတချို့ ပါဝင်ခဲ့ကြောင်း ဝန်ခံပြောဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအတွက် တိုးတက်မှု ခြေလှမ်းတခုဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို သွားရောက်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်လိုက်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာပဲ အစီအစဉ်ကို ဖျက်လိုက်ကြောင်း ကြာသပတေးနေ့ သန်းခေါင်ယံအချိန် မတိုင်ခင် Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စအတွက် ဆွေးနွေးနေစဉ် အမေရိကန် သမ္မတ Donald Trump က ဟေတီနဲ့ အာဖရိကတိုက် နိုင်ငံတွေကို ချိုးချိုးနှိမ်နှိမ် သုံးနှုန်းပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။
အီရန်ရဲ့ နျူကလီယားလက်နက် လုပ်ဆောင်မှုတွေ စွန့်လွှတ်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေရပ်ဆိုင်းထားရာကနေ အမေရိကန်သမ္မတ Donald Trump က လာမယ့် နာရီပိုင်း အတွင်းမှာပဲ အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့် ချထားတော့မယ်လို့ သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ထဲက သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာ ရေးနဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို သူတို့ရဲ့သဘောဆန ္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တဲ့အကြောင်း သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၁၁ ရက် ကြာသပတေးနေ့ရက်စွဲနဲ့ အမိန့်ကြေညာချက်တခု ထွက်လာပါ တယ်။
ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မနက် တနာရီမထိုးခင်မှာ ဖြူးမြို့ အနောက်ဖက် ၃၉ ကီလိုမီတာ (၂၄ မိုင်) အကွာ ပဲခူးရိုးမထဲမှာ ပြင်းအားပမာဏ ၆.၀ ရှိတဲ့ ငလျင်ဟာ မြေအောက် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့ပါတယ် ပြင်းအား ၅.၃ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၃ ခု ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ဆက်လှုပ်ခဲ့တာပါ။
မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့က စစ်အတွင်း ကျဆုံးသူ ဂျပန်စစ်သည်တွေ မြှုပ်နှံထားတဲ့ သချို ၤင်းကိုသွားရောက် ဂါရဝပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လက တောမီးကြောင့် တောင်ကုန်းတွေပေါ်မှာ သစ်ပင်၊ သစ်တောတွေ ပြုန်းတီးခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ့်မြို့ရဲ့ မြောက်ပိုင်းမှာ ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး အိမ်တချို့ ပျက်စီးခဲ့ရပါတယ်။
LMC ရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ - မဲခေါင် မြစ်ဝှမ်းတလျှောက်က တိုင်းပြည်တွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဦးတည် လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ် Li Keqiang က ထိပ်သီးစည်းဝေးကို တက်လာကြတဲ့ ခေါင်းဆောင်တွေကို ပြောကြားလိုက်တာပါ။
တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ ဗုဒ္ဓဟူးနေ့ တယ်လီဖုံး ဆက်သွယ် ပြောကြားရာမှာ သမ္မတ Trump က အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ကြား သင့်တော်တဲ့ အခြေနေမျိုးမှာ သင့်တော်တဲ့အချိန်ရောက်ရင် တွေ့ဆုံဆွေးနွေးမယ်လို့ ဖွင့်ပြောခဲ့တာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ရိုက်တာ သတင်းထောက် ၂ ဦးတို့ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရလျှို့ဝှက်ချက် ဥပဒေအရ တရားစွဲဆိုဖို့ မြန်မာနိုင်ငံတရားရုံးက ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြင်းအထန် စိတ်ပျက်မိကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်