အမေရိကန်ပြည်ထောင်စု Los Angeles မြို့ မြောက်ပိုင်းမှာ မနေ့တုန်းက ရုတ်တရက် ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးပြီး အိမ်ခြေတချို့လည်း ပျက်စီးခဲ့ရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တယောက်ချင်းတွေ့ဆုံဖို့ ဆန္ဒရှိကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီကနေ့ပဲ ပြောဆိုလိုက်ပေမဲ့၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျးရွာ သုဿန်မှာ တွေ့ရှိခဲ့တဲ့ အလောင်းတွေဟာ ဒေသခံရွာသား တချို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူတွေဖြစ်ကြောင်း မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။
အီရန် နိုင်ငံတလွှား အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် အဖမ်းခံခဲ့ရသူပေါင်းဟာ ၃၇၀၀ လောက် ရှိနေပြီး ဒါဟာ အရင်က ခန့်မှန်းထားတာ ထက် အဆမတန် များနေတယ်လို့ အီရန် လွှတ်တော်အမတ်တဦးက ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံ ပြုံချမ်းမှာ နောက်လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ဖို့ မြောက်ကိုရီးယားက သဘောတူလိုက်ပါပြီ။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကြား ဒီကနေ့ အင်္ဂါနေ့ ကျင်းပတဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာ အခုလို ကမ်းလှမ်းခဲ့တာပါ။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ကြားဝင်နှောင့်ယှက် ခဲ့မှုကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူးက သမ္မတ Donald Trump နဲ့ တွေ့ဆုံမေးမြန်းခွင့် အလားအလာနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ၃ခုကြောင့် ကြီးမားတဲ့သဘာဝဘေးအန္တရာယ်တွေ စံချိန်တင်လောက် အောင်ကြုံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု ပင်လယ်ပြင်နဲ့လေထုဆိုင်ရာဌာနရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
အီရန်နိုင်ငံမှာ အသက် ၂၂ အရွယ် ဆန္ဒပြသူတဦး အချုပ်ခန်းထဲမှာ သေဆုံးခဲ့ကြောင်း အီရန် ဥပဒေပြုလွှတ်တော်အမတ် နှစ်ဦးက ပြောဆိုပြီး ၂၀၀၉ ခုနှစ်က အလားတူ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းသားတွေ ညှင်းပမ်းနှိပ်စက်သလိုမျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးမြင့်လာနေပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့နဲ့ ကားလမ်းဖောက်တဲ့ စီမံကိန်းကို စတင် အကောင်းအထည်ဖော်တော့မှာ ဖြစ်ပြီး အဲဒီကားလမ်းနဲ့ ယှဉ်ပြီး ရထားလမ်းပါ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အဆင့်မြင့် ဆွေးနွေးပွဲမှာတော့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယား ပါဝင်ရေးကို အဓိက ဆွေးနွေးကြမှာပါ။
အစိုးရ တာဝန်ရှိသူ အားလုံးကို ဝေဖန်နိုင်တယ်လို့ အီရန် သမ္မတ Hassan Rouhani က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပြီး အီရန်နိုင်ငံတွင်း ဆန္ဒပြသူတွေရဲ့ စိတ်ဆိုး ဒေါသထွက်မှုက စီးပွားရေး ပြသနာတင် မဟုတ်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့ည အမေရိကန်ပြည်ထောင်စု Hollywoodမှာ ကျင်းပတဲ့ Golden Globes ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကော်ဇော်နီပေါ်မှာ အနက်ရောင်တွေ ဝတ်ထားတဲ့ အနုပညာရှင် အမျိုးသမီးတွေက လွှမ်းမိုးခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ARSA က တိုက်ခိုက်ခဲ့တာကို ပြစ်တင် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ရခိုင်ပြည်နယ် တောင်ပြိုမြို့ကနေ ဘူးသီးတောင်မြို့ကို အသွား လမ်းပေါ်မှာ စစ်သားတွေ လိုက်ပါလာတဲ့ ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာသူ တချို့ ဒဏ်ရာရခဲ့ပြီး ၄ ရက်အကြာ ဒီကနေ့မှာ အမေရိကန် သံရုံးက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ခဲ့တာပါ။
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နောက်ဆုံး အခြေအနေတွေကို သိရဖို့အတွက် ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ မြန်မာပြည်တွင်း သတင်းမီဒီယာသမားတွေဟာ ဒီကနေ့ ဇန်နဝါရီလ ၈ ရက် တနင်္လာနေ့မှာတော့ မောင်တော ဒေသအတွင်းက အခြေအနေတွေကို လေ့လာသတင်းယူကြမှာဖြစ်ပါတယ်။
အီရန်နိုင်ငံအတွင်း လူသေဆုံးမှုတွေရှိခဲ့တဲ့ ဆန္ဒပြမှု အစီရင်ခံ တင်ပြချက်တွေကို ကြားနာဖို့နဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ စီးပွားရေး အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့အတွက် မနေ့ တနင်္ဂနွေနေ့တုန်းက အီရန်လွတ်တော်မှာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ စကိတ်စီး အားစားကို ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်မယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ အိုလံပစ် ကော်မတီ ကိုယ်စားလှယ်က စနေနေ့ကပြောကြားခဲ့ကြောင်း ဂျပန် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ထောင်ပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူ့ပါတီ - CPP ကို ထောက်ခံသူတွေနဲ့ Killing Fields လို့ခေါ်တဲ့ ခမာနီ အုပ်ချုပ်တဲ့ ကာလအတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့ကြသူတွေဟာ အစွန်းရောက် မော်ဝါဒီ ခမာနီခေါင်းဆောင် Pol Pot ပြုတ်ကျသွားတဲ့ ၃၉ နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေထဲက လူနည်းစု ဖြစ်တဲ့ ဟိန္ဒူ ဘာသာဝင်တွေကတော့ ဌာနေပြန်ရေး စိတ်အားထက်သန်နေကြပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူက ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက် အရ ဒီလကုန်ပိုင်းက စလို့ ဒုက္ခသည်တွေကို ပြန်ပို့နိုင်ရေး ဘင်္ဂလားဒေရှ့်က လိုလားနေတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရသူ ဟိန္ဒူ ဒုက္ခသည် Monu Bala ကတော့ အခုလို ပြောပါတယ်။
အီရန်နိုင်ငံတွင်း မတည်မငြိမ်ဖြစ်မှုတွေကို အဆုံးသတ်ရေး အီရန် ပြည်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ကဏ္ဍတရပ်ကနေ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က ဒီကနေ့ ကြေညာချက်ထုတ် ပြောဆိုပါတယ်။
ရန်ကုန်မြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ ကားအစင်းရေ သိပ်များလာတာနဲ့ အမျှ လမ်းကြောပိတ်ဆို့မှု အခြေနေကလည်း တနေ့တခြား ဆိုးဝါးလာပါတယ်။ကားဟောင်းတွေ တင်သွင်းခွင့် ပေးလိုက်တဲ့ နောက်ပိုင်း လမ်းကြောပိတ်ဆို့မှု အခြေနေပိုဆိုးလာတဲ့အတွက် တိုယိုတာ မော်တော်ကား ကုမ္ပဏီက လမ်းအန္တရာယ် ပညာပေးမှုတွေနဲ့ ချက်ချင်းပဲ စတင်အကူညီပေးတော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်