ယီမင်နိုင်ငံက လူသားချင်းစာနာမှု အကူညီလိုအပ်နေသူ ၂၂ သန်းကျော်အတွက် အရေးပေါ် ကယ်ဆယ်ကူညီမှု အဖြစ် ဒေါ်လာငွေ သန်း ၅၀ ပေးအပ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
တူရကီအစိုးရဟာ အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပသမဂ္ဂ EU နဲ့ ဆက်ဆံရေး ပြန်ကောင်းစေဖို့ သံတမန်ရေးနည်းလမ်းနဲ့ အပြင်းအထန် ကြိုးစားနေပြီး သမ္မတ Recep Tayyip Erdogan ဟာ ပြင်သစ်နိုင်ငံမှာ ရောက်နေပါတယ်။
နှစ်နိုင်ငံကြား အဆင့်မြင့် ဆွေးနွေးပွဲလုပ်ဖို့ တောင်ကိုရီးယားက ကမ်းလှမ်းတာကို မြောက်ကိုရီးယားက သောကြာနေ့မှာ လက်ခံ လိုက်ပြီဖြစ်ပြီး နယ်စပ် အပစ်ရပ် စစ်မဲ့ဇုံ Panmunjom ကျေးရွာမှာ ရှေ့သီတင်းပတ် အင်္ဂါ ဇန်နဝါရီလ ၉ ရက်နေ့ကျရင် တွေ့ဆုံ ဆွေးနွေးကြပါတော့မယ်။
အီရန်နိုင်ငံမှာ အစိုးရလိုလားသူနဲ့ ဆန့်ကျင်သူတွေရဲ့ အပြိုင်ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတရပ်ကို သောကြာနေ့ကလုပ်ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကနေ လူ ၂၂ ယောက်သေဆုံးပြီး ၁၀၀၀ ကျော် အဖမ်းခံထားရပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲကို ၂ နိုင်ငံကြားမှာရှိတဲ့ Panmunjom အပစ်ရပ်ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့ကျရင်လုပ်သွားဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံက စစ်တပ်စစ်ဆင်ရေးတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခသည်စခန်းတွေမှာ အခုနှစ်အတွင်း ကလေးငယ် ၄သောင်း ၈ထောင်လောက် မွေးဖို့ရှိတယ်လို့ ခန့်မှန်းထာကြောင်း အကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရောက်နေပြီး နေရာအတော်များများ မှာ နှင်းထုကြီးတွေ ကျရောက်ထားသလို လေပြင်းလဲတိုက်ခတ်နေပါတယ်-စံချိန်တင်လောက်အောင် အပူ ချိန် ကျသွားတာကြောင့် ရေခဲတဲ့အထိ အအေးပိုပါတယ်။ ဗုဒ္ဓဟူးနေ့ကစတဲ့ နှင်းမုန်တိုင်းနဲ့ ဆိုးရွားတဲ့ အခြေအနေတွေဟာ အနည်းဆုံး သောကြာနေ့မနက်ပိုင်းထိတော့ ဆက်ရှိနေ မယ်လို့ ခန့်မှန်းထားပါတယ်။
အာဖဂန်တာလီဘန်တွေနဲ့ Haqqani အကြမ်းဖက်ကွန်ယက် အဖွဲ့တွေနှိမ်နင်းရေး နဲ့ ပတ်သက်ပြီး ပါကစ္စတန်ဘက်က ပြတ်ပြတ်သားသား မလုပ်မချင်း အမေရိကန်ပြည်ထောင်စုက ပါကစ္စတန် စစ်တပ်အတွက် လုံခြုံရေး အကူညီပေးမှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရာက်နေပြီး နေရာအတော်များများ မှာ နှင်းထုကြီးတွေ ကျရောက်ထားသလို လေပြင်းလဲတိုက်ခတ်နေပါတယ်။
ဒိန်းမတ်နိုင်ငံ Copenhagen က ရဲတွေဟာ ကမ္ဘာ့ဈေးအကြီးဆုံး အရက်ပုလင်း ပျောက်မှုကြီးကို စုံစမ်းနေကြပါတယ်။ အခိုးခံရတဲ့ vodka အရက်ပုလင်းဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ပါတယ်။
အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံ၊ Pyeongchang ဒေသမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ပြီးတဲ့အထိ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့ အင်အားပြင်း ဆောင်းရာသီမုန်တိုင်း ဝင်ရောက်လာမယ့် အမေရိကန် အရှေ့ဖက်ခြမ်းမှာ လူပေါင်းသန်း ၄၀ လောက် ကြိုတင်ပြင်ဆင်နေကြရပါတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ ကြုံခဲ့ရတဲ့ တချိန်တည်းမှာပဲ အီရန်လူထုကို အားပေးထောက်ခံဖို့ မနေ့တုန်းကပဲ အမေရိကန်က ပြောဆိုလိုက်တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ပြည်တွင်းရေးကို စွက်ဖက်တဲ့ ကိစ္စတခုအဖြစ် တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး ခြိမ်းခြောက်မှုအန္တရာယ် ကြီးထွားလာနေတာကို ရည်ညွှန်းပြီး ဝန်ကြီးချုပ် Shinzo Abe ကပြောဆိုလိုက်ပါတယ်။
အီရန်မှာ အစိုးရဆန့်ကျင်သူတွေ ရက်အတော်ကြာဆန္ဒပြခဲ့ပြီးတဲ့နောက်မှာ အစိုးရလိုလားသူ ထောင်သောင်းချီပြီး အီရန်နိုင်ငံတဝှမ်း လူထုစုဝေး ပွဲတွေ လုပ်ခဲ့တယ်လို့ အီရန် အစိုးရ သတင်းတွေမှာ ဖေါ်ပြနေချိန်မှာပဲ အမေရိကန် သမ္မတ Donald Trump က အီရန်ပြည်သူ တွေအတွက် ပံ့ပိုးကူညီမှု အသစ်တွေ ပေးအပ်မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကတိပေးလိုက်ပါတယ်။
ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ Tak ခရိုင် မဲဆောက်ဒေသအတွက် မနှစ်ကထက် ကျပ်ငွေ တန်ဖိုးရော စိုက်ပျိုးသီးနှံဈေးနှုန်းပါ ၁၀ ရာခိုင်နှုန်းကျော်ကျော် ကျဆင်းနေပါတယ်။
မီးခိုးမြူတွေ ပိုပြီး မပြန့်နှံ့ရေး ပူးပေါင်း တိုက်ဖျက်မယ့် အစီအစဉ်ကို မြန်မာ၊ ထိုင်းနဲ့ လာအို့စ် ၃ နိုင်ငံ ပူးပေါင်းပြီး အခုလနှောင်းပိုင်းမှာ စတင်မှာဖြစ်ကြောင်း ထိုင်းသတင်းဌာန TNA မှာ ဖော်ပြထားပါတယ်။
တင်းမာမှုတွေ နှစ်နဲ့ချီ ကြီးထွားနေတဲ့ တောင်နဲ့မြောက် ကိုရီးယားတို့ကြား ဆက်ဆံရေးတွေ တိုးတက်အောင် ကြိုးပမ်းရာမှာ ထူးခြားတဲ့ လက္ခဏာတခုအဖြစ် ၂ နိုင်ငံ နယ်စပ်က ဆက်သွယ်ရေးလမ်းကြောင်းကို ဒီကနေ့ပဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အီရန်နိုင်ငံမှာ စီးပွားရေးပြဿနာတွေနဲ့ အစိုးရအပေါ် မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာ ရက်အတန်ကြာ ရှိလာချိန်မှာပဲ အစိုးရကို ထောက်ခံပွဲတွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဒီကနေ့ပဲ ပြသခဲ့ပါတယ်။ အီရန်နိုင်ငံ အလံတွေကို ဝှေ့ယမ်းပြီး နိုင်ငံဥသျှောင် Ayatollah Ali Khamenei ကို ထောက်ခံကြောင်း ကြွေးကြော်နေကြတဲ့ လူအုပ်တွေကို ပြသခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေ၊ လက်တွဲဖက် နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန် သမ္မတ Donald Trump က သမ္မတ ဦးထင်ကျော်ထံကို ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်