အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတာ ၆ ရက်ရှိလာပြီ ဖြစ်ပြီး သေဆုံးသူက ၂၁ ယောက် ရှိနေပါပြီ။
တရုတ် မြန်မာနယ်စပ် က ချင်းရွှေဟော် နယ်စပ်ဂိတ်ကို နိုင်ငံတကာ ဝင်ပေါက်အဖြစ် အဆင့်မြှင့်တင်ဖို့ မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ သမ္မတကြီး ဦးထင်ကျော်နဲ့ တကွ မြန်မာပြည်သူ ပြည်သား အားလုံးကို အမေရိကန်ပြည်ထောင်စု ကိုယ်စား ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex W. Tillerson က အင်္ဂါနေ့မှာ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
ကြမ်းကြုတ် ရက်စက်ပြီး အကျင့်ပျက် အီရန် အစိုးရကို နောက်ဆုံးမှာတော့ ပြည်သူတွေက ဆန့်ကျင်ကုန်ကြပြီလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပြီး အီရန် ဆန္ဒပြသမားတွေကို ချီးကျူး ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေမှာ မြောက်ကိုရီးယား ဘက်က ပါဝင်နိုင်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို ကမ်းလှမ်းလိုက်ပါတယ်။
အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြပွဲတွေဟာဆိုရင် အီရန်နိုင်ငံရဲ့ ရန်သူတွေရဲ့ လှုံ့ဆော်မှု ဖြစ်တယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင်က ဒီကနေ့ အင်္ဂါနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ Reuters သတင်းထောက်နှစ်ဦးအတွက် အားလုံးဝိုင်းဝန်း ဆုတောင်းပေးကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မြန်မာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မလေးရှားနိုင်ငံသူ သတင်းထောက် Mok Choy Lin က တောင်းဆိုလိုက်ပါတယ်
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ် Tengnoupal ခရိုင်ဘက်မှာ တနင်္ဂနွေနေ့က နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ မဏိပူရပြည်နယ်၊ ပိုင်ဆိုင်မှုသတ်မှတ်ထားခြင်းမရှိတဲ့ နယ်မြေမှာ မြန်မာစစ်တပ်က မြေညှိမှုတွေ လုပ်ဆောင်ပြီး နောက်တနေ့မှာ အခုလို တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်က လက်တွေ့ အရှိတရား ဖြစ်တယ်ဆိုတာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ သဘောပေါက်ထားရမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံ တဝန်း ပြီးခဲ့တဲ့ သီတင်းပတ်က စခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာမှာ တညတာ အတွင်း လူ ၁၀ ဦး သတ်ဖြတ်ခံရကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ဒီကနေ့ တနလာၤနေ့မှာ ကြေညာသွားပါတယ်။ အသေအပျောက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ထည့်သွင်း ပြောဆိုမသွားပါဘူး။
ဇန်နဝါရီလ ၁ ရက် ဒီကနေ့က စပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ခြမ်း ကယ်ဖိုးနီးယား ပြည်နယ်ဟာ ဆေးခြောက်ကို အပန်းဖြေရေးအတွက် အသုံးပြုမှုကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။
အီရန်နိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပွားလာခဲ့ပြီး လေးရက်မြောက်တဲ့နေ့ တိုင်းပြည်ကို ပထမဆုံးမိန့်ခွန်းပြောကြားရာမှာ သူ့နိုင်ငံသားတွေအနေနဲ့ အစိုးရအပေါ် ဝေဖန်ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖေါ်ပြသခွင့်ရှိတယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းကြရာမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းတာမျိုးမဟုတ်ပဲ၊ နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းတွေနဲ့သာ ငြိမ်းချမ်းစွာ ဖြေရှင်း ကြဖို့ ကိုလည်း တောင်းဆိုသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ လူ့အခွင့်အရေးရရှိအောင် လုပ်ဆောင်ကြဖို့ ကိုလည်း ကြေညာချက်ထဲမှာ တိုက်တွန်း တောင်းဆိုထားပါတယ်။
အမေရိကန် သမ္မတဟောင်း Barack Obama က နှစ်သစ်အတွက် မျှော်လင့်ချက်တွေကို တွီတာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားလိုက်သလို၊ သမ္မတ Donald Trump ကတော့ ရန်သူတွေကို ဝေဖန်တိုက်ခိုက် ရေးသားလိုက်ပါတယ်။
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အီရန်နိုင်ငံမှာ မနေ့ စနေနေ့က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး အတွင်း ဆန္ဒပြသူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ပြည်ပ အစိုးရ သြဇာခံတွေကို အီရန် အစိုးရက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ၂၀၁၈ ခုနှစ် နှစ်သစ် အတွက် ကြေညာချက်မှာ ပဋိပက္ခတွေ ပိုမို နက်ရှိုင်းလာပြီး နျူးကလီးယား လက်နက်တွေ အပေါ် စိုးရိမ်စိတ်တွေ တိုးလာတဲ့ အပေါ် သတိပေးထားပြီး ကမ္ဘာကို အဆုံးစွန် သတိပေး တပ်လှန့်လိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူထားတာကို ချိုးဖောက်ပြီး မြောက်ကိုရီးယားကို သင်္ဘောနဲ့ ရေနံတင်ပို့ဖို့ တရုတ်က ကြားကနေလုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံက ငြင်းလိုက်ပါတယ်။ သမ္မတ Donald Trump က စွပ်စွဲပြောဆိုအပြီး နောက်တရက်မှာ တရုတ်ဘက်က အဲဒီလို ငြင်းလိုက်တာပါ။
အမေရိကန်နိုင်ငံသားတွေအပါအဝင် ကမ္ဘာတဝန်းကလူတွေဟာ ၂၀၁၇ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၈ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင် နေကြပြီဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ အမေရိကန်တွေ နှစ်သစ်ကို ကြိုဆိုကြပုံတချို့ကို ပြောပြချင်ပါတယ်။
နယူးရောက်မြို့ Bronx အရပ်မှာ ရှိတဲ့ လူနေအဆောက်အဦး apartment တခုမှာ ကြာသပတေးနေ့က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရပါတယ်။ ဒီမီးဟာ အသက် ၃နှစ်ခွဲ အရွယ် ယောင်္ကျားလေး တဦး မီးဖိုနဲ့ ဆော့ရာစ စတင်ခဲ့တာလို့ နယူးရောက် မီးသတ် ကော်မရှင်နာမင်းကြီး Daniel Nigro က သောကြာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်