အီရန်နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နိုင်ငံ ရဲ့ စီးပွားရေးအကျပ်အတည်းပေါ် အီရန်မြို့ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ လူပေါင်း ၅၀ ကျော် အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။
အိုင်ဖုန်း မော်ဒယ်အဟောင်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအား နှေးလာအောင် လျို့ဝှက်ပြီး တမင်တကာ လုပ်ခဲ့ကြောင်း Apple ကုမ္ပဏီက ဝန်ချတောင်းပန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအနက် ပထမအသုတ်အနေနဲ့ ဟိန္ဒူဒုက္ခသည် ၄၅၀ ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ မြန်မာဘက်က အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဘာမှ မသိရှိရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မူဆလင်တွေကျင့်သုံးတဲ့ ခင်ပွန်းက ဇနီးကို ချက်ခြင်းကွာရှင်းပစ်တာကို တရားမဝင် လုပ်ရပ်အဖြစ် သတ်မှတ်တဲ့ ဥပဒေကြမ်းတရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
မြောက်ကိုရီးယားကို ရေနံတွေ သင်္ဘောနဲ့ပို့ဖို့ တရုတ်က စီစဉ်ပေးနေတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က တရုတ်နိုင်ငံကို ကြာသပတေးနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ဆုံဆို့နာရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ကူညီ ကုသပေးဖို့ အတွက် ဗြိတိန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ မီးသတ်သမားတွေ စုစုပေါင်း အယောက် ၄၀ ကျော်ပါတဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြာသပတေးနေ့က ထွက်သွားကြပြီလို့ UK ရုပ်သံလွှင့်ဌာန Sky News ကပြောပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်က ရှီအာ မူဆလင် ယဉ်ကျေးမှု စင်တာရှိတဲ့ အဆောက်အအုံမှာ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၄၀ ကျော် ရှိပြီး ၈၄ ဦး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်နဲ့ရုရှားကို နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ မြန်မာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က တိုက်တွန်းပြီးတဲ့နောက်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့ ပြင်ပကနေ ဖိအားပေးတာဟာ အလုပ်မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံဘက်က တုန့်ပြန်လိုက်ပါတယ်။
ရုရှားနိုင်ငံ၊ St. Petersburg မြို့က စူပါမားကက်အတွင်းမှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲသွားတဲ့အတွက် လူ ၁၀ ဦး ဒဏ်ရာရသွားပြီး ဆေးရုံကို ပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်ဒေသမှာ နျူကလီယား မဲ့ဇုံ ဖြစ်လာစေရေးအတွက် သံတမန်နည်းနဲ့ ဆက်ပြီး အဖြေရှာသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုူဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haque ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ကိစ္စကို လာမယ့် ကြာသပတေးနေ့ ရိုဟင်ဂျာ အရေးဆိုင်ရာ NTF အမျိုးသားတပ်ဖွဲ့ရဲ့ ၁၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ အသေးစိတ်ဆွေးနွေးဖို့ ရှိပြီး ပထမဆုံး ပြန်ပို့မယ့် အသုတ်အတွက် ပြုစုထားတဲ့ စာရင်းဟာ လူတသိန်းရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယား အစိုးရရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ အစိုးရ အရာရှိ နှစ်ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။
ရုရှားနိုင်ငံ ဆိုချီမြို့မှာ လာမယ့် လထဲ ကျင်းပမယ့် ရုရှားတို့ ဦးဆောင်တဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား ပြည်သူတွေရဲ့ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပြီး ဒီဆွေးနွေးပွဲဟာဆိုရင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အခြေခံတွေ ချမှတ်ဖို့ ရည်ရွယ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒေါ်လာ သန်းပေါင်း ၅၇ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်- ပါကစ္စတန် စီးပွါးရေးစင်္ကြန် စီမံကိန်းကို အာဖဂန်နစ်စတန် အထိ တိုးချဲ့ဖို့ လုပ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကအင်္ဂါနေ့မှာ ပြောပါတယ်။
တရုတ် မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်ရေးတိုးမြင့်လာစေဖို့ ရည်ရွယ်ပြီး ၁၆ ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးပြပွဲကို တရုတ်နိုင်ငံ ယူနန်ခရိုင် အရှေ့တောင်ပိုင်းက ဒေသမှာ အင်္ဂါနေ့ကစတင် ဖွင့်လှစ်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိမ်းတပ်ဒုံးကျည် အစီအစဉ်တွေမှာ ပါဝင်ပတ်သက်မှုနဲ့ မြောက်ကိုရီးယား အစိုးရ အရာရှိကြီး ၂ ဦးကို အမေရိကန် ပြည်ထောင်စုက အရေးယူဒဏ်ခတ်လိုက်ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ အိန္ဒိယ သမုဒ္ဒယာအတွင်း ဆူနာမီ ရေလှိုင်းကြီး တိုက်ခတ်ခဲ့တဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ ၂၀၁၃ ခုနှစ်တုန်းက စစ်တပ်စခန်းတခုကို ဝင်ရောက် တိုက်ခိုက်ရာမှာ ပါဝင်သူ အစ္စလာမ္မစ်စစ်သွေးကြွ ၁၅ ယောက်ကို အင်္ဂါနေ့မှာ အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။
လူသိများ ထင်ရှားတဲ့ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးကို အဖျက်အမှောင့်လုပ်ရပ် စွဲချက်နဲ့ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဖိလစ်ပိုင်ငံမှာ လူပေါင်း ၁၆၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အထိ ကြုံခဲ့ရတဲ့ အင်အားပြင်း မုန်တိုင်းဟာ ဒီကနေ့ အင်္ဂါနေ့မှာတော့ အားပျော့သွားခဲ့ပြီး ဗီယက်နန်နိုင်ငံလည်း မုန်တိုင်းဒဏ်ကနေ လွတ်သွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်