ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေအားလုံးကို နေရပ်ရင်းကိုအသေအချာပြန်ရောက်ဖို့၊ နိုင်ငံသားအခွင့်အရေးတွေအပြည့် အဝပေးဖို့နဲ့ ကူညီရေးလုပ်သားတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာမူဆလင်တွေကို စစ်ဆင်ရေးလုပ်နေတာတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှည်တဦးကိုခန့်အပ်ဖို့ကိုလည်း တိုက်တွန်းတောင်း ဆိုထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကို ငြိမ်းချမ်စွာ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း ရုရှားနဲ့ တရုတ်နိုင်ငံတို့က အရိပ်အမြွက်ပြ ပြောဆိုလိုက်ပါတယ်။
ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ စိန့်ပီတာ ကျောင်းတော်ရဲ့ လသာဆောင်ကနေ အစဉ်အလာ ခရစ်စမတ်နေ့ ဟောကြားချက် ဖြစ်တဲ့ Urbi et Orbi - မြိုတော်နဲ့ ကမ္ဘာကို မိန့်ကြားချက်မှာတော့ ဂျေရုစလင်အတွက် ငြိမ်းချမ်းရေး၊ ကိုရီးယား ကျွန်းဆွယ်မှာ အပြန်အလှန် ယုံကြည်မှု ရှိရေးတို့ကို တိုက်တွန်းဟောကြားခဲ့သလို ကမ္ဘာတလွှား ပဋိပက္ခတွေ အတွင်း ကလေးငယ်တွေ ခံစားကြရတဲ့ အတိဒုက္ခတွေကိုလည်း အလေးထားပြီး မိန့်ကြားခဲ့ပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၄ ဦးကို လူမှောင်ခို ကုန်ကူးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လက်တိုလက်တောင်းလုပ်တဲ့ အမျိုးသားတဦးကို မလေးရှား တရားရုံးတခုက တရားစွဲဆိုလိုက်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စတော်မွေးနေ့မှာ Bethlehem မြို့အပါအဝင် ကမ္ဘာတဝှမ်းမှာရှိကြတဲ့ ခရစ်ယာန်ဘာသာတွေ ဝတ်ပြုဆုတောင်းပွဲတွေ ဆင်နွှဲကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၀၀ နီးပါး ရှိလာနေတဲ့အချိန်မှာဘဲ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေ ကယ်ဆယ်နေကြပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာအပြင် ရိုဟင်ဂျာအရေး ဂျပန်အစိုးရရဲ့ စိုးရိမ်မှုတွေကိုလည်း တင်ပြ ဆွေးနွေးသွားမယ့်အကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံ အပေါ် ကုလသမဂ္ဂရဲ့ အခု နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာဆိုရင် စီးပွားရေး အရ အလုံးစုံ ပိတ်ပင်လိုက်တဲ့ သဘောသက်ရောက်ပြီး စစ်ကြေညာမှု ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
နျူကလီးယားနဲ့ ပဲထိန်းတပ်ဒုံးကျည်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားအစိုးရအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုသစ် တညီတညွတ်တည်း ထပ်မံချမှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ သမ္မတ သက်တမ်းကာလ ပထမနှစ်အတွင်း အကြီးမားဆုံး အောင်မြင်မှုဖြစ်တဲ့ အခွန်စနစ် ပြောင်းလဲတဲ့ ဥပဒေကို သောကြာနေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်ေးရးမှုးချုပ် Antonio Guterres က ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အသစ်အဖြစ် Henrietta Holsman Fore ကို ခန့်အပ်လိုက်ပါတယ်။
ခရစ္စမတ်နေ့မှာ ဆန်ဖရန်စစ္စကို က နိုင်ငံခြား ခရီးသွားတွေ အလာများတဲ့ နေရာမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ် ဆိုပြီး အမေရိကန် အမျိုးသား တဦးကို FBI အမေရိကန် ထောက်လှန်းရေး ဌာနက ဖမ်းဆီးခဲ့ပါတယ်။
အီရန်နိုင်ငံကကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က တော်ဝင်နန်းတော်ကို ပဲ့ထိန်းဒုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်းထန်ဆုံး ဝေဖန်လိုက်ပါတယ်။
အမေရိကန်က ထုတ်လုပ်တဲ့ ခံစစ်သုံးလက်နက်တွေကို ယူကရိန်းနိုင်ငံကို ရောင်းချဖို့အတွက် အမေရိကန်ပြည်ထောင်စုက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အားလပ်ရက် ထုံးစံတရပ်အဖြစ် သမ္မတ Donald Trump နဲ့ အစိုးရအဖွဲ့ အကြီးတန်း အရာရှိကြီးတွေဟာ ကမ္ဘာတလွှားက အမေရိကန် တပ်တွေ ဆီ သွားရောက်နေကြပါတယ်။
ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုပြီး အမေရိကန် သံရုံးကို ဂျေရုဆလင်ရွှေ့ပြောင်းဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ကြာသပတေးနေ့က တခဲနက် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။
မကြာသေးခင်က အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာကြောင့် ထောင်ပေါင်းများစွာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှာ ဖွံ့ဖြိုးရေးတွေ လုပ်ဖို့အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း အသုံးပြုမယ်လို့ အိန္ဒိယက ကြေညာလိုက်ပါတယ်။
ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်(၁၃)ယောက်အနက် မြန်မာစစ်အရာရှိ တဦးလည်း ပါဝင်ခဲ့ပါတယ်- မြန်မာနိုင်ငံက ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူအဖြစ် ထည့်သွင်းလိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှုတွေကို အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ဦးဆောင်ပြီး စုံစမ်းနေတာတွေကို ရပ်ဆိုင်းဖို့ ပြောဆိုနေတဲ့အပေါ် ဒီမိုကရက်ထိပ်တန်း အထက် လွှတ်တော်အမတ် တဦးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်က တရားဝင် အသိအမှတ်ပြုလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းတခုကို ဒီကနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အရေးပေါ် ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ၊ ကုလသမဂ္ဂဟာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ အိမ်တလုံးအဖြစ် အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က အပြင်းအထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်