ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား ညှိနှိုင်းဖြေရှင်းတာကသာ အကောင်းဆုံးအဖြေ ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်က တရားဝင် အသိအမှတ် ပြုလိုက်တဲ့အပေါ် ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့မှာ အထူးအစည်းအဝေးတရပ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။
ရိုက်တားစ် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာန က တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့် တပ်ဖွဲ့တွေက ပြန်လည် လွဲပြောင်းပေးအပ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။
ကန့်သတ်ချက် ပါဝင်တာကြောင့် အဲဒီ အကူအညီကို လက်မခံဘူးလို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ငြင်းပယ်လိုက်ကြောင်း အမေရိကန်နဲ့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယား ကနေ တားမြစ်ကုန်တွေ သယ်ဆောင်ပေးခဲ့တဲ့ သဘောၤာ ၁၀ စင်းကို အမည်မည်း စာရင်း သွင်းပေးဖို့ အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂကို ပန်ကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊အင်းဒင် ကျေးရွာသုဿန်မှာ သတ်ဖြတ် မြှုပ်နှံခံထားရတယ်ဆိုသူတွေရဲ့ ရုပ်အလောင်း ၁၀ လောင်းကို ဒီကနေ့ တူးဖော်ရရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပါတယ်။
အမေရိကန်ရဲ့ ကြီးကျယ်မြင့်မြတ်မှုက ပြိုင်ဘက် အင်အားကြီး တွေကြောင့် ခြိမ်းခြောက်ခံနေရပြီလို့ အမေရိကန် သမ္မတ Donald Trump က မနေ့ တနလာၤနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ နိုးထလာမှုလို့ သမ္မတက ဖော်ညွှန်းပြောဆိုလိုက်ပြီး အဟန့်အတားတွေကို ရှင်းလင်းပစ်နိုင်ရေး ဘက်ပေါင်းစုံက ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဖက်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားကြသူတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ၂ နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ကို ဒီကနေ့ ဖွ့ဲစည်းလိုက်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ်အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ငြင်းပယ်တဲ့ဆုံးဖြတ်ချက်ကို အမေရိကန်ဘက်က ဗီတိုအာဏာသုံးပြီး မနေ့က ကန့်ကွက်ခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က နိုင်ငံခြားရေး အတွင်းဝန်တွေ ဒါကာမြို့မှာ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံပြီး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အတွက် အပြီးသတ် ဆွေးနွေးမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အဆင်ပြေ ချောမွေ့စေရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ကြမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုဿန်မှာ မည်သူမည်ဝါမသိရတဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတာကို ရှာဖွေ တွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အသစ်ဟာဆိုရင် အမေရိကန်ပြည်ထောင်စု အတွက် အန္တရာယ် အကြီးဆုံးနဲ့ ခိုင်မာတဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ လက်တွေ့ကျကျ ကိုင်တွယ်နိုင်မှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ သမ္မတရာထူးလွှဲပြောင်းရေးအဖွဲ့ဆီကနေ သောင်းနဲ့ချီတဲ့အီးမေလ်းတွေကို အထူးစုံစမ်းရေးမှူး Robert Muller က တရားမဝင်စုဆောင်းရယူခဲ့တယ်လို့ သမ္မတရဲ့ရှေ့နေတွေကစွပ်စွဲ၊
မကြာသေးခင်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဗုံးဖေါက်ခွဲခဲ့မှုနဲ့ တရားစွဲဆိုခံထားရသူ ဘင်္ဂလားဒေ့ရှ်လူမျိုး Akayed Ullah ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့စဉ် Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက် ခဲ့တယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူတွေက ပြောပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA က သတင်းပေးခဲ့တဲ့အတွက် St. Petersburg မြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်ကို အချိန်မှီ ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ် Los Angeles မြို့နားတဝိုက်မှာ လောင်နေတဲ့ တောမီးဟာ ၊ အခုဆိုရင် ၂၀၁၃ ခုနှစ်က လောင်ခဲ့တဲ့ တောမီးထက် မြေဧရိယာ ဟက်တာ ၈၀၀ ကျော် ပိုလောင်ကျွမ်းခဲ့တာကြောင့်၊ ပြည်နယ်ရဲ့ သမိုင်းတလျှောက် တတိယ အကြီးမားဆုံး တောမီးဖြစ်တယ်လို့ မှတ်ယူနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် Jakarta အပါအဝင် Java ကျွန်းနားအနီးတဝိုက် မြို့တွေမှာ မနေ့သောကြာနေ့ နှောင်းပိုင်းကပြင်းအား ၆.၅ရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။ အဆောက်အဦးတွေ ပြိုကျခဲ့ပြီး လူတွေသေဆုံးမှုရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။
အီရတ်နိုင်ငံမှာ အစွန်းရောက်အကြမ်းဖက်မှုနဲ့ ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အမျိုးသား ၃၈ ဦးကို မနေ့ သောကြာနေ့မှာ အာဏာပိုင်တွေက ကွက်မျက်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲက ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ စာရင်းတွေ အရ ၈၄၄, ၂၂၇ ယောက်အတွက် ဇီဝ အချက်အလက်ဆိုင်ရာ မှတ်ပုံတင် လုပ်ပေးပြီးပြီလို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်