ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း ၄ လနီးပါးကြာမြင့်လာပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရာသီဥတုအပြောင်းအလဲကြောင့် အခြေအနေတွေပိုဆိုးလာဖို့ရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေက မနေ့က သတိပေးပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ ဆွေးနွေးပြောဆိုမှုစတင်လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ နဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး၊ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူ့ရဲ့ နျူးကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်လာအောင် ဖိအားတွေအမြင့်ဆုံးပေးသွားဖို့ကိစ္စကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ရေး အမြင့်ဆုံးဖိအားပေးရေးကိစ္စ ဆွေးနွေးဖို့ သောကြာနေ့ မှာ လုံခြုံရေးကောင်စီ အစည်းအဝေး လုပ်တဲ့အခါ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်ပါမယ်။
တရားဝင်လက်ထပ်ထားသူနဲ့ မဟုတ်ပဲ အခြားသူနဲ့ သဘောတူ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး လျှောက်ထားချက်တရပ်ကို အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်မခံပဲ ငြင်းဆန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာ သတင်းအေဂျင်စီတခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတဲ့ အခြေအနေကို ဗြိတိန်အနေနဲ့ အလွန်ပဲ စိုးရိမ် မကင်းဖြစ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မနေ့ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ စတင်တဲ့ ပထမတလအတွင်း သေဆုံးသူ ရိုဟင်ဂျာမူဆလင် အရေအတွက်ဟာ ၆,၇၀၀ ထက်မနည်း ရှိခဲ့ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲနေတာတွေကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ပဲ ပယ်ချလိုက်သလို၊ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြိုင်ဘက်တွေက သမ္မတအဖြစ် တရားဝင်မှုကို ထိုးနှက်တိုက်ခိုက်ဖို့ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုက လစ်လပ်နေတဲ့ Alabama ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် နေရာအတွက် ကျင်းပခဲ့တဲ့ အထူးရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ် Doug Jones အနိုင်ရရှိသွားပါတယ်။
တိုက်ခိုက်သူဟာ IS အစ္စလာမ်မစ် အစွန်းရောက် တွေကို အားကျသူဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေ အတွက်ရော သမ္မတ Donald Trump ရဲ့ နိုင်ငံရေး အခြေနေကိုပါ ခန့်မှန်းနိုင်တဲ့ ပွဲမို့ ဒီရွေးကောက်ပွဲကို တနိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က မြေအောက် သယ်ယူပို့ဆောင်ရေး ကွန်ယက်ကို မနေ့ တနလာၤနေ့က လက်ဖြစ် ပိုက်ဗုံးနဲ့ တိုက်ခိုက်ခဲ့သူ အမျိုးသားကို အကြမ်းဖက်ဝါဒစွဲ ခြိမ်းခြောက်မှု၊ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေကို ထောက်ပံ့မှုတွေနဲ့ စွဲဆိုလိုက်ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယား အဓိက အတိုက်အခံ ပါတီကို မကြာခင်က ဖျက်သိမ်းလိုက်တဲ့ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်ကို ဥရောပ သမဂ္ဂက ငွေကြေးထောက်ပံ့မှု ရုပ်သိမ်းလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဒီကနေ့ အင်္ဂါနေ့ ကျင်းပတဲ့ ညီလာခံမှာတော့ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး ရံပုံငွေ မြှင့်တင်နိုင်ရေး အလေးထား ဆွေးနွေးကြမှာပါ။ ပါရီ ညီလာခံကို တက်ရောက်ဖို့ အတွက် ပြင်သစ် သမ္မတ Emmanuel Macron က စီးပွားရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံပေါင်း ၅၀ ရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာပါ။
မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မိသားစု အများအပြားကတော့ ကျွေးမွေးစောင့်ရှောက်မှု သက်သာစေဖို့ အတွက် သမီးဖြစ်သူတွေကို ငယ်ငယ်ရွယ်ရွယ်မှာဘဲ အိမ်ထောင်ချပေးလိုက်ကြပါတယ်။ ဒုက္ခသည် မိသားစုတွေက အသက် ၁၂ နှစ် အရွယ် မိန်းကလေးငယ်တွေကို အိမ်ထောင်ပြုပေးလိုက်တာကြောင့် အိမ်မှာ ကျွေးမွေးစောင့်ရှောက်ဖို့ ကလေးတွေ လျော့သွားစေတာပါ။
မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီး ဖြစ်တာကြောင့် ပိတ်ဆို့ အရေးုယူမှုတွေရဲ့ သက်ရောက်မှုကို လုံခြုံရေးကောင်စီအနေနဲ့ သုံးသပ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းမှာရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေကို သိသိသာသာလျှော့ချဖို့ အမိန့်ထုတ်ထားတယ်လို့ ရုရှားသမ္မတ Vladimir Putin က မနေ့ကပဲပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စီမံခန့်ခွဲတဲ့ ခရီးသည်တင်ကားဂိတ် Port Authority Bus Terminal အနီးမှာ အခု မနက်ပိုင်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး သံသယရှိသူ တဦးကို ဖမ်းထားကြောင်း နယူးယောက် ရဲအဖွဲ့က ပြောပါတယ်။
ရိုဟင်ဂျာ အမျိုးသမီးတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုဟာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပုံစံတကျ ဖြစ်ခဲ့တယ်လို့ AP သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေမှာ တနင်္ဂနွေနေ့က ဆန္ဒပြကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ထောင်ပေါင်းများစွာရှိတဲ့ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဟာ တနင်္ဂနွေနေ့ က မနီလာမြို့တော်မှာရှိတဲ့ Bonifacio အထိမ်းအမှတ်ကျောက်တိုင်မှာ စုဝေးကြပြီး လူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲ ကျင်းပခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်