လူ့အခွင့်အရေးကို ခုခံကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် အားနည်းသူတွေနဲ့ ချို့တဲ့ နွမ်းပါးသူတွေအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် တည်ဆောက်ရေးအစီအစဉ် အရှိန်မြင့်နေချိန်မှာဘဲ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ဝင်လာတဲ့ ဒုံးကျည် လမ်းကြောင်းကို သိရှိအောင်လုပ်ပြီး ဟန့်တား ကာကွယ်ရေးနဲ့ ဆိုင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြီး ၂ ရက်ကြာ ပြုလုပ်မှာဖြစ်ကြောင်း ရေကြောင်း ခုခံကာကွယ်ရေးအဖွဲ့က MSDF က ပြောပါတယ်။
အီရတ်နိုင်ငံမှာ အစ္စလာမ္မစ် အစွန်းရောက် IS အပေါ် အောင်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်တပ်က စစ်ရေးပြ ချီတက်ပွဲကို ကျင်းပပါတယ်။
မြောက်ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဖြစ်နေတာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ သံကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Jeffrey Feltman ဟာ မြောက်ကိုရီးယားနိုင်ငံကို အခုသီတင်းပတ်အတွင်းမှာ သွားရောက်ခဲ့ပြီး၊ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Pak, Myonk Guk တို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ထုတ်တဲ့ ၃ နှစ်ကြာ စစ်ပွဲဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီလို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က စနေနေ့မှာ ကြေညာလိုက်ပါတယ်။
အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူ Nazanin Zaghari-Ratcliffe နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီး Johnson ဟာ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif နဲ့ တွေ့ဆုံပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဘေးကင်းလုံခြုံပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် မူရင်းနေရာတွေဆီ ပြန်နိုင်အောင်လုပ်ပေးဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို လူသားစာနာမှု အကူအညီပေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။
California တောင်ပိုင်းမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကို ငြိမ်းသတ်ဖို့ မီးသတ်သမားတွေ ဆက်ပြီး ကြိုးစား နေရဆဲ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ San Diego မြောက်ပိုင်းအထိ နောက်ထပ် မီးကူးလာပြီ ဖြစ်ပါတယ်။
ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့အပေါ် အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ်တချို့ကိုယ်တိုင်က သောကြာနေ့ကလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအတွင်း ကန့်ကွက်ခဲ့ကြပါတယ်။
၂ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် လူသားဘေးဒုက္ခအကျပ်အတည်းကြုံနေတဲ့ ယီမင်နိုင်ငံမှာ စစ်ရေးအရ ဝင်စွက်ဖက်တာတွေ ကိုရပ်ဆိုင်းဖို့ ဆော်ဒီ အာရေးဘီးယားနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တိုက်တွန်းလိုက်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း အရှေ့ပိုင်း ဝေဟင်မှာ အရပ်ဖက်လေယာဉ်တစင်း ပစ်အချခံရမှုအတွက် သံသယရှိသူဟာ ရုရှား အကြီးတန်းဗိုလ်ချုပ်ကြီး တဦးဖြစ်တာကို တွေ့ရကြောင်း အများလေးစားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကြီးဖြစ်တဲ့ The Bellingcat စုံစမ်းရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ Donald Trump တရားဝင် အသိအမှတ်ပြုလိုက်တဲ့အပေါ် မကျေနပ်ကြောင်း ပြသဖို့ ပါလက်စတိုင်းအုပ်စုတွေက အထွေထွေသပိတ် ဆင်နွှဲဖို့ တိုက်တွန်းထားချိန်မှာပဲ Bethlehem မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာတော့ ပါလက်စတိုင်းသားတွေကို အစ္စရေးလ်လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ကြီးမားတဲ့ တောမီးဟာ မနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ထိ လေးရက်ကြာ လောင်ကျွမ်းနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင် တောင်စောင်း တလျောက် လူနေထူထပ်တဲ့ နေရာတွေဘက်ဆီပါ ကူးစက်လာနေပြီဖြစ်ပါတယ်။
ယူကရိန်းအရှေ့ခြမ်းနဲ့ ခရိုင်းမီယား ဒေသမှာ ရုရှားအစိုးရရဲ့ စစ်တပ်တွေကို ရုပ်သိမ်းခြင်းမရှိသရွေ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေ သတ်ဖြတ်ခံနေရတာ ရပ်တန့်သွားအောင် အမေရိကန် အစိုးရအနေနဲ့ အစွမ်းကုန်လုပ်ဆောင်ဖို့ ဗာဂျီးနီး ယားပြည်နယ် အောက်လွှတ်တော်အမတ် Don Beyer က ပြောလိုက်ပါတယ်။
ကမ္ဘာတဝန်းက အမေရိကန်သံရုံးအများအပြားအတွက် လုံခြုံရေးဆိုင်ရာ သတိပေးချက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ် ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော် အဖြစ် အသိအမှတ်ပြုတဲ့အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြေညာပြီးတဲ့နောက် ဆန္ဒပြတာတွေ၊ အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ထားတာပါ။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Los Angeles မြို့ အနီးမှာ ဒီသတင်းပတ်အတွင်း မီးလောင်ကျွမ်းနေတာမှာ ခြောက်သွေ့တဲ့ လေပြင်းကြောင့် မီးညှိမ်းသတ်မှုတွေကို အဟန့်အတားဖြစ်စေပြီး ဒီကနေ့ ကြာသပတေးနေ့မှာတော့ မီးလောင်မှုက အလွန်အမင်း ဆိုးရွားလာနိုင်တယ်လို့ တောင်ပိုင်း ကယ်လီဖိုးနီးယား အာဏာပိုင်တို့က သတိပေးထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိခိုက်အောင် လုပ်နေသူတွေအဖြစ် အမေရိကန်က သတ်မှတ်လိုက်တဲ့ သူတွေအပေါ် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဖို့ ကန့်သတ်လိုက်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတ Donald Trump က တရားဝင် ကြေညာလိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ အနောက်ဖက် ကမ်းခြေဒေသနဲ့ ဂါဇာ ကမ်းမြှောင်ဒေသတွေမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဆန္ဒပြကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်တာဟာ အခြေအနေကို ပိုမိုရှုတ်ထွေးအောင် လုပ်ရာရောက်တဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်