VOA အမေရိကန်အသံ၊ RFE လွတ်လပ်တဲ့ဥရောပအသံနဲ့ Radio Liberty က သတင်းသမားတွေကို ရုရှားနိုင်ငံက ပိတ်ပင်တားမြစ်မယ့် ဥပဒေတရပ်ကို ရုရှားအောက်လွှတ်တော်က ဒီကနေ့ပဲ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump က Jerusalem ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိမှတ်ပြုဖို ဗုဒ္ဓဟူးနေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် နိုင်ငံအတွင်း ဝင်ရောက်ခွင့် ကန့်သတ်တဲ့ အမိန့်ဟာ ဒီကနေ့ အင်္ဂါနေ့မှာ စတင်သက်ဝင်တော့မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ မူလ အမိန့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ Pyeongchang မှာ ကျင်းပမယ့် အခုလာမဲ့ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ ရုရှားနိုင်ငံအသင်း ကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က အင်္ဂါနေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ရုရှားနိုင်ငံတွင်းမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သတင်းမီဒီယာဌာန ၉ ခုကို ပြည်ပအစိုးရအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ တွေအဖြစ် ရုရှားတရားရေးဝန်ကြီးဌာနသတ်မှတ်လိုက်ပြီး အဲဒီထဲမှာ VOA အမေရိကန်အသံလည်းပါဝင်ပါတယ်။
မြောက်ကိုရီးယား အစိုးရရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှု အစီအစဉ်တွေ အပေါ် တင်းမာမှုတွေ လျော့ကျရေး ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂရဲ့ အဆင့်မြင့် တာဝန်ရှိသူ တဦး မြောက်ကိုရီးယားကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
အခုနှစ်အတွင်း နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ အကြိမ်ကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂ အရာရှိတဦးဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ဖို့ ရှိနေပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn အနေနဲ့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗြူရိုနဲ့ ဒုသမ္မတ Mike Pence တို့ကို လိမ်ညာခဲ့တဲ့အတွက် အလုပ်က ဖြုတ်ပစ်သင့်ကြောင်း သမ္မတ Donald Trump ကို အိမ်ဖြူတော်ရဲ့ ဥပဒေအကြံပေးက ပြောကြားခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောကြောင်း အမေရိကန် အခြေစိုက် CNN သတင်းဌာနက ပြောပါတယ်။
Yemen သမ္မတဟောင်း Ali Abdullah Saleh သေဆုံးသွားပြီဖြစ်တယ်လို့ Yemen နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ သတင်းကွန်ရက်တွေက ဖော်ပြလိုက်ပါတယ်။ တနင်္လာနေ့က လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ဗွီဒီယိုဖိုင်တွေမှာတော့ သူရဲ့ ရုပ်အလောင်းဆိုပြီး ပြထားပါတယ်။
မြောက်ကိုရီးယားဘက်က အဆင့်အမြင့်ဆုံး ဒုံးကျည် စမ်းသပ်မှုကို စမ်းသပ်လိုက်တယ်လို့ ကြေညာပြီး တပတ်အကြာမှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ လေတပ် ပူးတွဲပြီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီး တောင်ကိုရီးယားနိုင်ငံမှာ စတင်လိုက်ပါတယ်။
သမ္မတ Donald Trump က တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ Twitter လူမှုကွန်ယက်ကတဆင့် ရေးသားမှုတွေအတွင်း FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးေး ဗြူရိုကို တိုက်ခိုက် ပြောကြားလိုက်ပြီး သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Michael Flynn နဲ့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့အကြားက ဆက်သွယ်မှုတွေအပေါ် စုံစမ်းစစ်ဆေးနေတာတွေ ရပ်တန့်ဖို့ အကြီးအကဲဟောင်း James Comey ကို သူ့အနေနဲ့ တောင်းဆိုခဲ့ခြင်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama စတင်ခဲ့တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ် ၄ နှစ်ပြည့် အခမ်းအနားကို အမေရိကန်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ အောင်မြင်မှု ရနေတဲ့ အစီအစဉ် တခုလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူလို့ သံသယ ရှိခံထားရသူ ပါကစ္စတန် အစ္စလာမ်ခေါင်းဆောင်က သူတို့အဖွဲ့အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ဒေသန္တရနဲ့ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သမ္မတတာဝန် အလွှဲအပြောင်းကာလ အတွင်း အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ မနေ့ စနေနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန် မီဒီယာတွေက သတင်းသမားတွေ အားလုံးကို မော်စကိုမှာ ရှိတဲ့အောက်လွှတ်တော်တွင်း ဝင်ခွင့်ပိတ်ပင်ရေးအတွက် ဥပဒေတရပ် ထုတ်ပြန်ဖို့ ရုရှား လွှတ်တော်အမတ်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ဖယ်ရှားဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းတုတွေဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။
အီဂျစ်နဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြတော့မယ်လို့ အာရပ် သတင်း တွေမှာ ဖေါ်ပြကြပါတယ်။ ဒီသဘောတူညီချက်ကနေ ၂ နိုင်ငံကြားမှာ တဖက်နိုင်ငံရဲ့ လေတပ်အခြေစိုက်စခန်းတွေနဲ့ ဝေဟင်မှာ ပျံသန်းခွင့်ကို နောက်တနိုင်ငံက ၅ နှစ် တာ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ Xi Jingping နဲ့ ဒီကနေ့ပဲ တွေ့ဆုံခဲ့ပါတယ်။ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညီလာခံမတိုင်မီ တရုတ်သမ္မတနဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးမှု အသေးစိတ်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
ဇင်ဘာဘွေသမ္မတသစ် Emmerson Mnangagwa ဟာ အစိုးရသစ်ရဲ့ ထိပ်တန်းရာထူးတွေကို စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေကို တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာလိုက်ပါတယ်။
အစွန်းရောက် အမျိုးသားရေးဝါဒီ လက်ယာစွန်း ဗြိတိသျှအုပ်စုတစုရဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဗွီဒီယိုတွေကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာ ထပ်ပြီး ဖြန့်ခဲ့တာဟာ မှားယွင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က ကြာသပ တေးနေ့မှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်