ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အတွင်းရေးမှူးချုပ်ဟောင်း Surin Pitsuwan ကွယ်လွန်သွားပါပြီ။ သူဟာ အသက် ၆၈ နှစ်အရွယ်မှာ ရုတ်တရက် နှလုံးရောဂါခံစားရပြီး ကြာသပတေးနေ့က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ ထိုင်း ဒီမိုကရက်ပါတီက ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပုပ်ရဟန်းမင်းက သုံးနှုန်းပြောဆိုသွားတာ မရှိပေမဲ့လဲ မြန်မာနိုင်ငံမှာတုန်းက မိန့်ကြားခဲ့တဲ့ တရား မျှတမှု၊ လူ့အခွင့်အရေးနဲ့ လေးစားသမှုရှိကြဖို့ ပုပ်ရဟန်းမင်းရဲ့ နှိုးဆော်ချက်ဟာ ရိုဟင်ဂျာတွေနဲ့လဲ အကျုံးဝင်တယ်လို့ မြင်ကြပါတယ်။
၃ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ နယ်စပ် ဒုက္ခသည်စခန်းတွေဆီကို သွားဖို့ အစီအစဉ်မရှိပေမယ့် ရိုဟင်ဂျာဒုက္ခသည် တချို့ နဲ့ ဒါကာမြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နေရာမှာ လက်ရှိ CIA ညွှန်ကြားရေးမှူး နဲ့ လာမယ့်သီတင်းပတ် တွေအတွင်း သမ္မတက အစားထိုး ခန့်ထားချင်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ် အိမ်ဖြူတော်ပြောခွင့်ရက အဲဒီသတင်းတွေကို အရေးမပါသလို ဖော့ပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတကသာ တယောက်ယောက် အပေါ် ယုံကြည်ကိုးစားမှု မရှိတော့ဘူး ဆိုရင် သူတို့ရှိနေတဲ့ရာထူးမှာ ဆက်ရှိတော့မှာမဟုတ်ပါဘူးလို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jingping နဲ့ တွေ့ဆုံမှာဖြစ်သလို၊ ဘေဂျင်းမြို့တော်မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာလည်း အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
ကမ္ဘာတဝန်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆုံးရှုံးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင်ပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျဉ်တစင်းကို မြောက်ကိုးရီးယားနိုင်ငံက မနေ့ အင်္ဂါနေ့မှာ အောင်အောင်မြင်မြင် ပစ်လွှတ်လိုက်တယ်လို့ မြောက်ကိုးရီးယားကပြောပါတယ်။ မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းစာက ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ ခုလိုကြေညာလိုက်တာပါ။
ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ အပန်းဖြေကျွန်းပေါ်က မီးတောင်ကြီးဟာ အင်္ဂါနေ့မှာ ဆက်လက်ပေါက်ကွဲနေပြီး မီးတောင်ကနေ မှုတ်ထုတ်တဲ့ ပြာတွေဟာ ၂ မိုင်ခွဲ အမြင့်ရှိပြီး သောင်းနဲ့ ချီတဲ့ခရီးသွားတွေ ခရီးမဆက်နိုင်ဘဲ ဒုတိယမြောက်ရက်အဖြစ် သောင်တင် နေကြပါတယ်။
ဒီမိုကရက်နဲ့ အိမ်ဖြူတော်ကြား သဘောတူညီမှုရဖို့ သမ္မတက မမြင်တဲ့အတွက် လွှတ်တော်ရှိ ရီပတ်ဘလစ်ကင် အမတ်တွေနဲ့ ဆက်လက် ဆွေးနွေးခြင်းဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ သူတို့ ယုံကြည်တဲ့အကြောင်း Pelosi နဲ့ Schumer တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်နေကြောင်း သမ္မတ Trump က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
CEDAW အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်ပါ သဘောတူညီချက်တွေနဲ့ တောင်းဆိုတဲ့ ဒီအစီရင်ခံစာကို မဖြစ်မနေ တင်သွင်းပေးဖို့ တာဝန်ရှိနေပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Oxford ဆုကို မြို့ကောင်စီက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ မနေ့ တနလာၤနေ့က Oxford မြို့ ကောင်စီက အထူးအစည်းအဝေးလုပ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းကြောင်း ကြေညာခဲ့တာပါ။
ဆီးရီးယား နိုင်ငံတွင်း မကြာခင်က အကြမ်းဖက်မှုတွေ အပေါ် တချို့က စိုးရိမ်နေကြပေမယ့်လည်း မကြာခင်မှာ အပြောင်းအလဲ တခုဖြစ်လာတော့မယ်လို့ ယုံကြည်တဲ့ အကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura က ပြောဆိုလိုက်ပါတယ်။ ၇ နှစ်နီးပါးကြာ တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်ရေး အတွက် ရည်ရွယ် ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အသစ်တကျော့ စဖို့ ပြင်ဆင်နေချိန်မှာဘဲ ကုလ အထူးကိုယ်စားလှယ်က အခုလို ပြောဆိုလိုက်တာပါ။
တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတဲ့ စစ်တပ် အရာရှိ တဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း တရုတ် နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Zhang Yang က သူ့အိမ်မှာ ကြိုးဆွဲချ သတ်သေသွားတာလို့ နိုင်ငံပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခတွေ တိုက်ပွဲတွေရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာခံစားနေရပြီး နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။ ဒီကနေ့ မြို့တော် နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တက်ရောက်လာတဲ့ ဧည့်ပရိသတ်ကို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့တွေ့ဆုံအပြီး Republican အထက်လွှတ်တော်အမတ်တွေက စီးပွါးရေးကော်ပို ရေးရှင်းကြီးတွေရဲ့အခွန်ထမ်းဆောင်မှုကို ထာဝရလျှော့ချမယ့်အပြင် ဝင်ငွေခွန်ထမ်းဆောင်မှုတွေကိုလည်း ယာယီလျှော့ ချပေးမယ့် အခွန်ငွေအမြောက်အများလျှော့ချမယ့်အစီအစဉ်ကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ မဲပေးဆုံးဖြတ်ဖို့ ရည်ရွယ် တဲ့အကြောင်း အတည်ပြုခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ ဘာလီကျွန်းက အမြင့်ဆုံး မီးတောင် Agung ပေါက်ကွဲ လုနီးပါးဖြစ်နေတာကြောင့် မြို့နေလူပေါင်း တသိန်းလောက်ကို ဘေးကင်းရာချက်ချင်းရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးလိုက်ပြီး လေဆိပ်ကိုလည်း မနေ့ကပိတ်ထား လိုက်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လကစလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းကို လူပေါင်း ၆ သိန်းကျော်ထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ တခြားဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ဂျီနီဗာက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ အထူးတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ရတယ်လို့ ကုလသမဂ္ဂက အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်