ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီဟာ အမေရိကန်နိုင်ငံသူ ရုပ်ရှင်မင်းသမီး Meghan Markle နဲ့ တရားဝင် စေ့စပ်လိုက်ပါပြီ။
ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး နိုင်ငံတဝှမ်းကသောင်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်တွေ ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ မကြာခင် သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတပြော၊
ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ် စစ်အဖွဲ့တွေက ကန့်ကွက်ဆန္ဒပြပွဲတွေလုပ်လာတာ သုံးပတ်ကြာလာတဲ့နောက်မှာတော့ ပြည်ထောင်စု အစိုးရ တရားရေးဝန်ကြီးက ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် မြို့တော် Islamabad နဲ့ ဆက်နွယ်နေတဲ့ တခြားနေရာဒေသက လမ်းမကြီးတွေကို ပိတ်ဆို့ကုန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အမြင့်ဆုံး မီးတောင် Agung ကနေ အသံတွေထွက်နေပြီး မီးခိုးနဲ့ ပြာတွေလည်း ထွက်နေတာကြောင့် ဘာလီကျွန်းကိုလာရောက်လည်ပတ်သူတွေအတွက် တာဝန်ရှိသူတွေက မီးတောင်အန္တရာယ် သတိပေးချက်ကို အဆင့်ထပ်တိုးလိုက်ပါတယ်။
ကျူးဘားနိုင်ငံမှာ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ ဒါဟာ ကွယ်လွန်သူ ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ရဲ့ အုပ်ချုပ်မှု ယန္တရားကို အဆုံးသတ်စေမယ့် ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးတဲ့ ဒုက္ခသည်အရေအတွက် နေ့စဉ်နဲ့အမျှ ပိုများလာတဲ့အတွက် စားနပ်ရိက္ခာ ပြတ်တောက်မယ့်အရေး ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
ပါကစ္စတန်စစ်ဘက်အကြီးအကဲဟောင်းတဦးကို တပ်မှူးအဖြစ် ခန့်အပ်ထားပြီး ဆော်ဒီအာရေးဘီးယားက ဦးဆောင်တဲ့ မွတ်ဆလင် စစ်ဘက်ညွန့်ပေါင်းအဖွဲ့တဖွဲ့ကို တရားဝင် ဖွဲ့စည်းလိုက်ပါပြီ။
နီပေါလ်နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီမိုကရေစီစနစ်ဘက်ကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးစနစ်ကို မရနိုင်သေးပါဘူး။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာတော့ တည်ငြိမ်တဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာစေဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ရွာတွေ မြို့ငယ်ကလေးတွေမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ မဲဆန္ဒပေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ Ningbo မှာ ပေါက်ကွဲမှုတခုဖြစ်ပွါးခဲ့တာကြောင့် လူ ၂ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရသွားပါတယ်။
ကမ္ဘာ့သမုဒ္ဒရာတွေထဲ တမိနစ်ကို ပလတ်စတစ်အမှိုက်အပြည့်တင်ဆောင်ထားတဲ့ အမှိုက်ပစ် ထရပ်ကားတစင်းစာ ပစ်မှုနှုန်းပမာဏဟာ တနှစ်ကို ပလတ်စတစ်တန်ချိန် ၈ သန်းနဲ့ ညီမျှကြောင်း သုတေသနအသစ်ပြုလုပ်မှုတွေက တွေ့ရှိခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို နိုင်ငံတကာအကူအညီနဲ့ ရှာဖွေရေးလုပ်နေတာ မရပ်ဘဲ ဆက်လုပ်သွားမှာဖြစ်သလို ဒီဖြစ်ရပ် နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ အာဂျင်တီးနားသမ္မတက ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လူစည်ကားတဲ့ မြို့လယ်ကောင်နားက မြေအောက်ရထား ဘူတာရုံတခုမှာ သောကြာနေ့က သေနတ်ပစ်ခတ်သံတွေ ကြားရတယ်ဆိုပြီး လူတွေ စုပြုံပြီး ဘူတာရုံအပြင်ဘက် လွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည် ထောက်ခံပေးခဲ့တဲ့ အခြေ အနေတွေကို တရုတ်သမ္မတ ရှီ ကျင့်ပင်နဲ့ နိုဝင်ဘာလ ၂၄ ရက်၊ သောကြာနေ့က တွေ့ဆုံချိန်အတွင်း ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အီဂျစ်နိုင်ငံမြောက်ပိုင်း Sinai ကျွန်းဆွယ်က လူတွေပြည့်ကြပ်နေတဲ့ ဗလီတခုကို စစ်သွေးကြွလို့ သံသယဖြစ်ဖွယ်ရှိသူတွေက ဒီကနေ့မှာ တိုက်ခိုက်ခဲ့ကြောင့် လူ ၂၃၅ ယောက် သေဆုံးသွားတယ်လို့ အီဂျစ်လုံခြုံရေးတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာတော့ Emmerson Mnangagwa က သမ္မတသစ်အဖြစ်နဲ့ ဒီကနေ့ သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီး၊ ရောဘတ်မူဂါဘီရဲ့ ၃၇ နှစ်ကြာ အာဏာရှင်စနစ်လည်း အဆုံးသတ် သွားခဲ့ပြီဖြစ်ပါတယ်။
“အာဖရိကတိုက် ယူဂန်ဒါနိုင်ငံမှာ နိုင်ငံအနှံ့ ထုတ်ဝေတဲ့ Red Pepper သတင်းစာရဲ့ အကြီးတန်း ဝန်ထမ်း ၈ ယောက်ကို ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲဆိုလိုက်ပါတယ်။”
ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘောရှာနေသူ ကြားလိုက်ရတဲ့ အသံတခုဟာ ရေငုပ်သင်္ဘောက ထွက်လာတဲ့ ပေါက်ကွဲသံ ဖြစ်နိုင်တယ်လို့ အာဂျင်တီးနား ရေတပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါကို မကောင်းတဲ့ နိမိတ် သင်္ကေတအဖြစ် ယူဆတာကြောင့် ရေငုပ်သင်္ဘောပေါ် ပါသွားသူ ၄၄ ဦးရဲ့ မိသားစုဝင်တွေဟာ ငိုကြွေးခဲ့ကြပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ အပြောင်းအလဲကို နောက်တက်မယ့်သမ္မတသစ် Emmerson Mnangagwa က လုပ်နိုင်ပါ့မလားဆိုတာ လူအများအပြားက မေးခွန်းထုတ်နေကြပါတယ်။
Papua New Guinea နိုင်ငံ၊ Manus ကျွန်းပေါ်မှာရှိတဲ့ စိစစ်ရေးဌာနဟောင်းကနေ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေကို တပ်အင်အားသုံးပြီး အဓမ္မ ရွေ့ပြောင်းခဲ့တယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် စိတ်အနှောက်အယှက် ဖြစ်မိကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန် နိုင်ငံ တဝန်းမှာတော့ ဒီကနေ့ ကြာသပတေးနေ့မှာ ကျေးဇူးတော်နေ့ကို ဆင်နွှဲကြပါမယ်။ ဒီကနေ့ ကျေးဇူးတော်နေ့မှာတော့ ထုံးတမ်းစဉ်လာ အရ မိသားစုတွေ မိတ်ဆွေတွေ အတူဝိုင်းဖွဲ့ စားသောက်ကြသလို အလှပြချီတက်ပွဲတွေနဲ့ ဘောလုံးပွဲတွေ ကြည့်ရှုအားပေး ကြပါတယ်။ အများအပြားကတော့ အားလပ်ရပ်မှာ စပြီး ဈေးဝယ်နေကြပါပြီ။
နောက်ထပ်ကြည့်ရှုရန်