ဇင်ဘာဘွေသမ္မတဟောင်း Robert Mugabe နဲ့ သမ္မတကတော်ဟောင်း Grace Mugabe တို့ကို အပြစ်ပေး အရေးယူ မခံရအောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အာဏာရ ZANU-PF ပါတီ တာဝန်ရှိသူတဦးနဲ့ Harare မြို့တော်က သတင်းထောက်တွေက ဗွီအိုအေကို အတည်ပြုပြောဆိုလိုက်ကြတာပါ။
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ရှေ့သီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံမှာဖြစ်ကြောင်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန် အစိုးရက ဒီကနေ့ပဲ တရားဝင် သတ်မှတ် ပြောဆိုလိုက်ပါတယ်။
ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲခင် ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း လက်နက်ကိုင် ပဋိပက္ခမှာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့မှုတွေအတွက် ဘော့စ်နီးယားဆဗ်တပ်ဖဲ့ွခေါင်းဆောင် Ratko Mladic ကို နယ်သာလန်နိုင်ငံ the Hague မြို့က ကုလသမဂ္ဂရဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးက ဒီကနေ့ပဲ တသက်တကျွန်း စီရင်ချက်ချလိုက်ပါတယ်။
အမျိုးသမီး ၈ ယောက်က CBS ရုပ်သံသတင်းဌာနကြီးရဲ့ ဝါရင့် သတင်းသမားတဦးဖြစ်တဲ့ Charlie Rose ဟာ ညစ်ညစ်ညမ်းညမ်း စကားတွေပြောဆိုခဲ့ဘူးတယ်၊ မဖွယ်မရာ ကိုင်တွယ်မှုတွေ လုပ်ခဲ့သလို သူတို့နားမှာ အဝတ်ဗလာကျင်းနဲ့ နေထိုင်ခဲ့တယ်လို့ ပြောကြောင်း ...
သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ Thanksgiving ကျေးဇူးတော်နေ့ အားလပ်ရက် မစတင်မီ သမ္မတရဲ့ နောက်ဆုံးလုပ်ဆောင်ချက်အဖြစ် အင်္ဂါနေ့က ကြက်ဆင်တကောင် ကို ဘေးမဲ့ ပေးလိုက်ပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင်းက ဗလီ တခုမှာ ဒီကနေ့ အင်္ဂါနေ့ အစောပိုင်း အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၅၀ သေဆုံးခဲ့ပါတယ်
ဇင်ဘာဘွေ နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်နေတဲ့ သမ္မတ Robert Mugabe က ရာထူးက ဆင်းပေးဖို့ နောက်ဆုံးအချိန် သတ်မှတ်ချက်ကို လက်မခံဘဲ လစ်လျူရှုခဲ့ပြီးနောက် ဒီကနေ့ အင်္ဂါနေ့မှာတော့ လွှတ်တော်အမတ်တွေက သမ္မတကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ် စတင်ဖို့ စီစဉ်နေပါတယ်။
ဒီသီတင်းပတ် နိုဝင်ဘာလ ၂၃ ရက်နေ့ ကြာသပတေးနေ့မှာ ကျရောက်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ Thanksgiving ကျေးဇူးတော်နေ့အတွက် အစဉ်အလာတရပ်အဖြစ် အိမ်ဖြူတော် မှာ ဘေးမဲ့ပေးမယ့် အခမ်းအနားအတွက် ကြက်ဆင် ၂ ကောင်အနက် ဘယ်ကြက်ဆင်ကို ဘေးမဲ့ပေးသင့်တယ် ဆိုတာကို online ကနေ ရွေးချယ်မဲပေးနေကြပြီဖြစ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်၊ Umroi မှာ နိုဝင်ဘာလ ၂၀ရက်၊ တနင်္လာနေ့က စတင်ကျင်းပခဲ့ပါတယ်။
အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံအဖြစ် မြောက်ကိုရီးယားကို အမေရိကန်ပြည်ထောင်စုက ပြန်လည် သတ်မှတ်ဖို့ ပြင်ဆင်နေပြီး ဒီအရေးယူ ဆောင်ရွက်မှုအရ အာဏာရှင် မြောက်ကိုရီးယား အစိုးရအပေါ် နောက်ထပ် စီးပွားရေးနဲ့ သံတမန်ရေး ဖိအားပေးမှုတွေ ထပ်မံ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ဇင်ဘာဘွေ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်နေတဲ့ သမ္မတ ရောဘတ် မူဂါဘီ က ဒီကနေ့ တနလာၤနေ့ နေ့ခင်းပိုင်း နောက်ဆုံးထားပြီး ရာထူးက ဆင်းပေးဖို့ ဒါမှမဟုတ်ရင် စွပ်စွဲပြစ်တင်ခံရမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားချက်ကို လစ်လျူရှု ပစ်ပယ်ထားပါတယ်။
တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့ မိန့်ခွန်းအတွင်း သူ့အနေနဲ့ ရာထူးက နုတ်ထွက်မှာမဟုတ်ကြောင်း ပြောကြားလိုက်တဲ့အတွက် ဇင်ဘာဘွေသမ္မတ Robert Mugabe ဟာ တရားစွဲခံရမယ့် အရေးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတာမှာ နှစ်ဘက် နားလည်မှု ရလုနီးပါး ရှိနေပြီဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး Abul Hasan Mahmood Ali ရဲ့ ASEM အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ခရီးစဉ်အတွင်း သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေက ပြောပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေကို အကူအညီတွေ ထပ်ပေးဖို့ ကတိပြုကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေးကိစ္စကို ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်ကျင်းပဖို့ရှိတဲ့ ASEM အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိအားပေး ပြောဆိုသွားမယ် လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်ပြဿနာကို အခန်းကဏ္ဍသုံးခုခွဲခြားပြီး ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္ဂနွေနေ့ကပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဆိုပြု ပြောဆိုသွားပါတယ်။
ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ Federica Mogherini နဲ့ တခြား ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြပါတယ်။
ရိုဟင်ဂျာ အရေးမှာ တရုတ်ဘက်က ပါဝင် ဖြေရှင်းလိုကြောင်း ပြောဆိုထားတဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ယိ ဟာ ဒီကနေ့မှာတော့ မြန်မာ ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးခဲ့ပါတယ်။
ဇင်ဘာဘွေ နိုင်ငံရဲ့ အာဏာရ ZANU-PF ပါတီက သမ္မတ ရောဘတ် မူဂါဘီကို ပါတီ ခေါင်းဆောင် အဖြစ်ကနေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ဒုတိယ သမ္မတဟောင်း အီမာဆန် မနန်ဂါဂွါ ကို ပါတီ ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်