ဖြုတ်ချခံထားရတဲ့ Catalan သမ္မတဟောင်း Carles Puigdemont ကို ဥရောပတိုက်မှာဖမ်းပေးဖို့ စပိန်နိုင်ငံကထုတ်ထားတဲ့ ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံတရားသူကြီးတဦးက သောကြာနေ့မှာ ဆုံးဖြတ်ချက်မပေးဘဲ နောက်တကြိမ် ကြားနာပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ ချိန်းလိုက်လိုက်ပါတယ်။
အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေသမျှ နျူကလီးယားလက်နက် အစီအစဉ်နဲ့ပတ်သက် ပြီး ဆွေးနွေးမှာမဟုတ်ဘူးးလို့ မြောက်ကိုရီးယားက သောကြာနေ့မှာပြောလိုက်ပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဒီသီတင်းပတ် အစောပိုင်းကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ သမ္မတ Robert Mugabe ဟာ ဒီကနေ့ပဲ လူမြင်ကွင်းကို ထွက်လာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အခွန်ကောက်ခံရေးဥပဒေကို သိသာထင်ရှားစွာပြုပြင်ထားတဲ့ ဥပဒေကြမ်း တရပ်ကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်က ကြာသပတေးနေ့မှာ လုံလောက်တဲ့ ထောက်ခံမဲတွေနဲ့ အတည်ပြုလိုက်ကြပါတယ်။
အင်တာနက် online ပေါ်မှာ တင်နေတဲ့ သတင်းတွေရဲ့ သတင်းအရင်းအမြစ်တွေ ဘယ်လောက်ယုံကြည်စိတ်ချရမှု ရှိတယ်ဆိုတာကို ဆန်းစစ် ခွဲခြား ဖေါ်ထုတ်နိုင်ဖို့အတွက် သတင်းအဖွဲ့အစည်း ၇၅ ဖွဲ့နဲ့ ဒိတ်ဒိတ်ကြဲ လူမှုမီဒီယာတွေဖြစ်ကြတဲ့ Facebook, Twitter, Google စတာတွေနဲ့အတူ တခြားနည်းပညာ ကုမ္ပဏီတွေပူးပေါင်းထားတဲ့ အဖွဲ့ကို ကြာသပတေးနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ် မထွက်ဘူး BREXIT လူထုဆန္ဒခံယူပွဲကို ရုရှားက ဝင်နှောက်ဖို့ ကြိုးစား ခဲ့နိုင်ခြေရှိတယ်ဆိုတဲ့ ပထမဆုံးအထောက်အထား ထွက်လာပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့််ပြန့် ထွက်ထားပြီးတဲ့နောက် အခုတခါ Brexit ကိစ္စထွက်လာတာပါ။
ကမ္ဘောဒီးယားနိုင်ငံက အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ပယ်ဖျက်ပြီး၊ ပါတီဝင် ၁၁၈ ယောက်ကိုလည်း နိုင်ငံရေးလုပ်ခွင့် ၅ နှစ်ပိတ်ဖို့ တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Robert Mugabe အနေနဲ့ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ အာဏာကို စွန့်လွှတ်မလဲဆိုတဲ့အပေါ် အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး၊ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေလည်း ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတတွေအနေနဲ့ နျူကလီးယားလက်နက်တွေကို အသုံးပြုပိုင်ခွင့်၊ အထူးသဖြင့် မြောက်ကိုရီးယားအပေါ် သမ္မတ Donald Trump က လက်ဦးမှုယူပြီး နျူကလီးယားနဲ့ တိုက်ခိုက်မယ့်အရေး လွှတ်တော်မှာ ပြန်လည်သုံးသပ်နေပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ သမ္မတကို ဖယ်ရှားဖို့ ကြိုးစားမှုအဖြစ် မြင်နေကြတဲ့ မနေ့ညက ဖြစ်ရပ်အတွင်း သမ္မတ Robert Mugabe နဲ့ မိသားစုကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အာဏာရပါတီက လူမှုကွန်ယက်မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ဟာ သူ့ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ် နဲ့ပတ်သက်ပြီး သိပ်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း လုံခြုံရေးနဲ့ ကုန်သွယ်ရေးလို ကိစ္စရပ်တွေမှာ တိုးတက်မှုတွေ အများကြီး ရခဲ့တယ်လို့ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်စည်းဝေးတွေ အပြီး ဖိလစ်ပိုင်ကနေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်မှာဖြစ်ပါတယ်။
အမေရိကန် နှလုံးရောဂါဆိုင်ရာ ဆေးပညာအဖွဲ့နဲ့ အမေရိကန် နှလုံးကုသမှု ဆိုင်ရာကောလိပ် တို့က ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွေးတိုးရောဂါဖြစ်ပွားမှု သတ်မှတ်တဲ့ အဆင့်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီကနေ့ သီးသန့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ရံပုံငွေ ပေးအပ်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်း လုံခြုံမှု ရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်ခွင့်၊ နောက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။
စီစဉ်ထားတဲ့ အချိန်ထက် နောက်ကျပြီး ကျင်းပခဲ့တဲ့ နိုင်ငံ ၁၈ နိုင်ငံရဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို အမေရိကန် သမ္မတ တက်ရောက်မယ့် ကိစ္စကို အချိန်ကပ်ပြီး ဖျက်လိုက်ပါတယ်။
အီရန်နဲ့အီရတ်နိုင်ငံ၂ခုအကြားက တောတောင်ထူထပ်တဲ့ဒေသမှာ အင်အားပြင်းထန်တဲ့ငလျင်တခု တနင်္ဂနွေနေ့ည နေခင်းက လှုပ်ခတ်ခဲ့လို့ ဒီကနေ့အင်္ဂါနေ့ကို ဝမ်းနည်းခြင်းနေ့အဖြစ်သတ်မှတ်တယ်လို့ အီရန်အစိုးရကကြေညာပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ နာမည်ကြီးအီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်သွာပြီး၊ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားပါပြီ။
အမေရိကန် သမ္မတ Trump ကတော့ ၁၂ ရက်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ် အပြီး ဝါရှင်တန်ကို ပြန်ရောက်ချိန်မှာ မြောက်ကိုရီးယား အရေး၊ ကုန်သွယ်ရေးတို့နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကြေညာချက် ထုတ်မယ်လို့ ပြောဆိုထားပါတယ်။
ဆော်ဒီအာရေးဘီးယားဘုရင် Salman bin Abdulaziz Al Saud ဟာ ထီးနန်းကိုစွန့်လွှတ်ပြီး သူ့ရဲ့သားဖြစ်သူ အိမ်ရှေ့မင်းသား Mohammad bin Salman ကို ထီးနန်းလွှဲပေးတော့မယ်ဆိုတဲ့သတင်း မဟုတ်တဲ့အကြောင်း ဆော်ဒီအာရေးဘီးယားက ငြင်းလိုက် ပါတယ်။
နောက်ထပ်ကြည့်ရှုရန်